ယနေ့
ဖတ်ရှုရတဲ့ ပထမကျမ်း၊ ဒုတိယကျမ်းနှင့် ဧ၀ံဂေလိတရားတော်ကျမ်းများအားလုံးဟာ ဘုရားသခင်၏
နှုတ်တော်ထွက်တရားတော်မြတ်နှင့် ထိုတရားတော်မြတ်ကို မည်သို့
လက်ခံရယူနိုင်ကြသလဲ ဆိုတာ ကို
ထောက်ပြသွန်သင်နေသည့် အပြင် ဆာလံကျမ်းသည်လည်း ထိုအကြောင်းရာကိုပင် ထပ်မံပြောဆိုထားပါတယ်။
ပထမ ကျမ်းစာတော်မြတ်တွင် ဘုရားသခင်၏နှုတ်တော်ထွက် စကားတော် ဟာ မည်သည့်အခါမျှ အလကား မဖြစ်ဘဲ
အမြဲတမ်း အကျိုးဖြစ်စေကြောင်းကို ကောင်းကင်က ရွာသွန်းချသည့် မိုးနှင့်အတူ ခိုင်းနှိုင်း ပြသထားပါတယ်။
ကောင်းကင်မှ ရွာချလိုက်တဲ့ မိုးစက်တွေဟာ ကမ္ဘာမြေကြီးကို အစိုဓါတ်ရေဓါတ် မပေးဘဲ ဘယ်တော့မှ
ကောင်းကင်သို့ အချီးနှီး သက်သက်မတက်ကြပါဘူး။ ထို့အတူ ဘုရားသခင်၏ နှုတ်တော်ထွက် စကားတော်ဟာလည်း
ကျွန်တော်တို့ လူသားတွေအတွက် ကောင်းကျိုး တစ်ခုမှ မပေးဘဲ ဘုရားသခင်ဆီသို့ မပြန်ပါဘူး။
လက်ခံရယူနိုင်ကြသလဲ ဆိုတာ
လောကမှာ
အကောင်းနဲ့အဆိုး ဒွန်ဒွဲနေပါတယ်လို့ ပြောလျှင် ထိုအကောင်းနဲ့အဆိုးဟာ အကြောင်းနဲ့အကျိုးပေါ်မူတည်၍
ရရှိလာတဲ့ ရလာဒ်တွေ ဖြစ်တယ်ဆိုတာ လည်း ငြင်းနိုင်မယ် မဟုတ်ပါဘူး။ ထိုအကြောင်းနဲ့ အကျိုးပါပဲ
- ကျွန်တော်တို့ရဲ့ရှေးဦး ဘိုးဘေး တို့အား အမှား လုပ်မိစေပြီး အပြစ်ဆိုတာကို ဖြစ်ပေါ်စေခဲ့တာပါပဲ။
ထိုအချိန်မှစပြီး ကျွန်တော်တို့တတွေဟာ ကက်သလစ် အသင်းတော်ရဲ့သွန်သင်ချက် အရ အပြစ်ရင်းနဲ့မွေးဖွားခြင်းခံ ရပြီး
အကောင်းနဲ့ အဆိုးကို ဒွန်ဒွဲကာ ရရှိနေကြခြင်းသာ ဖြစ်ပါတယ်။ အပြစ်ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း မရှိခင်ကာလ
- ဘုရားသခင်၏ ဖန်ဆင်းခြင်းတိုင်းဟာ ကောင်းမြတ်တော်မူသည်ဟု ကမ္ဘာဦးကျမ်းတွင် မိန့်ဆိုထားသည်ကိုပင်
သတိထားထောက်ရှု့နိုင်ပါတယ်။ သို့သော်လည်း အပြစ်ရဲ့ အကြောင်းရင်းပြီး ကာလမှာ တော့ လူတွေရဲ့ စူးစမ်းစိတ်အတိုင်း
ဆက်လက်မျောပါးစေခဲ့တာလည်း ထာဝရ ဘုရားသခင်ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့လူသားများ၏
ပျက်စီးခြင်းကိုတော့ ဖန်ဆင်းရှင် ထာဝရဘုရား မလိုလားကြောင်း ဓမ္မဟောင်းကျမ်း တစ်ခုလုံးမှာ
မြင်သာစေသလို၊ ဓမ္မသစ်ကျမ်းတွင်လည်း ပို၍ သိသာပေါ်လွင်စေပါတယ်။
ချစ်စွာသော
မိတ်ဆွေ၊ ကျွန်တော်တို့ ခရစ်ယာန် ယုံကြည်ချက်တွင် လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့်
လွတ်လပ်ခွင့်ဟာ ဘုရားသခင် ကိုယ်တော်တိုင် လေးစားပေးထားသည့် အခွင့်ထူးပင် ဖြစ်ပါတယ်။
ထိုကြောင့် ကျွန်တော်တို့တတွေကို ကယ်တင်ဖို့ရန် အတွက်လည်း ဘုရားသခင်ဟာ ကျွန်တော်တို့ကိုယ်တိုင်
စဉ်းစားထောက်ရှု့ လက်ခံပြီး Yes ပြောစေခြင်း ဖြစ်ပါတယ်။ ထိုကြောင့် ခရစ်တော်ဟာ ဧ၀ံဂေလိတရားတော်အားဖြင့်
ကျွန်တော်တို့နှလုံးသားရဲ့ တံခါးကိုသာခေါက်ပြီး တံခါးကို ဖွင့်ပေးရမယ့်သူ၊ ဖွင့်ရမယ့်သူဟာ
ကျွန်တော်တို့ ကိုယ်တိုင်ပင် ဖြစ် ပါတယ်။
ယနေ့ ဧ၀ံဂေလိတရားတော်တွင်လည်း
ခရစ်တော်သခင်က ရှင်းလင်းသည့် ပုံဥပမာဖြင့် ဘုရားသခင်ရဲ့နှုတ်တော်ထွက် တရားေ တ်ာကို လက်ခံရယူနိုင်တဲ့
မြေဆီ ဓါတ်ခံ လေးမျိုးကို မိန့်ဆိုပါတယ်။ မျိုးစေ့ကြဲသူဟာ ခရစ်တော် ကိုယ်တော်တိုင်ဖြစ်ပြီး
ဧ၀ံဂေလိတရားတော်ဟာ မျိုးစေ့ပင် ဖြစ်ပါတယ်။ ထိုနောက် လက်ခံယူတဲ့ မြေဆီဓါတ်ခံ လေးမျိုးဟာ
ကျွန်တော်တို့ပင် ဖြစ်ပါတယ်။ ပထမ မြေဆီဓါတ်ခံဟာ ဖောရှောမြေမျိုးပါပဲ - ထိုမြေဟာ လမ်းဖြစ်ပြီး
မျိုးစေ့ဟာ လမ်းပေါ်ကျသဖြင့် ငှက်တို့စား၍ ကုန်ရပါတယ်။ ဒုတိယ မြေဆီဓါတ်ခံကတော့ ကောက်ရိုးမီးလို
ခဏတာဝုန်းဝုန်းထ၍ ချက်ခြင်းလှဲပြိုရတဲ့ အမျိုးအစား ပါ - ၎င်းဟာ ကျောက်မြေလွှာဖြစ်ပြီး မျိုးစေ့ဟာ
ထိုကျောက်ပေါ်ကျတဲ့ အခါ ခဏတာ အပင်ပေါက်လာသော်လည်း နေထွက်လာတာနဲ့ ချက်ခြင်းသေဆုံးကြရတယ်။
တတိယမြေဆီ ဓါတ်ခံကတော့ အခက်အခဲတွေနဲ့ ရင်မဆိုင်နိုင်တဲ့ အလွယ်ရှာသူတွေနဲ့ တူပါတယ်- ထိုမြေဆီဓါတ်ခံဟာ
ဆူးပင်တွေကြားပေါက်တဲ့ မျိုးစေ့လို အပင်ပေါက်သော်လည်း ဆူးဒဏ် မခံနိုင်၍ ဆူးပိခံရကာ သေဆုံးကြရတယ်။
စတုတ္ထမြေဆီ ဓါတ်ခံကတော့ မှန်ကန်သူတို့၊ ကောင်းသောသူတို့ဟု ဆိုနိုင်တဲ့ ကောင်းသောမြေဆီ ဓါတ်ခံပါပဲ။
ထိုကောင်းသောမြေပေါ်ကျမှသာ မျိုးစေ့ဟာလည်း အဆ ၁၀၀၊ အဆ ၆၀၊ အဆ ၃၀ စသဖြင့် အသီးသီး အသီးသီးနိုင်ကြပါတယ်။
ချစ်စွာသော မိတ်ဆွေ၊
ကျွန်ုပ်တို့တတွေလည်း ခရစ်ယာန် ယုံကြည်ခြင်းကို လက်ခံယူတဲ့အခါ ဒီလိုပဲ ကြားလို့ မြင်လို့
သူများတွေဝင်လို့ဆိုပြီး ၀င်လာကာ ဖောရှော ရိုက်ကောင်း ရိုက်မိတတ်ကြသူများလည်း ရှိမှာပါ။
ထို့အတူ စစခြင်း ကြားရသိရတဲ့အခါ ယုံကြည်ခြင်း စိတ်ပြင်းပြပြီး ဘာသာဝင်၊ ဘုရားကျောင်းလိုက်နဲ့
တက်တက်ကြွကြွရှိသော်လည်း တဖြည်းဖြည်း ညည်းငွေ့လာကာ ကျောက်ပေါ်က မျိုးစေ့လို့ဖြစ်နိုင်ပါတယ်။
ထို့အတူပဲ ကျွန်တော်တို့တတွေ ယုံကြည်ခြင်းကို လက်ခံကာ ခရစ်ယာန်ဘ၀အဖြစ် ရှင်သန်နေကြသော်လည်း
အခက်အခဲတွေနဲ့ ကြုံလာတဲ့အခါ၊ ကားတိုင်တော်ကို ထမ်းရသည့်အခါ ထိုဒဏ်တွေကို မခံနိုင်တော့ဘဲ
တရားတော်ကို စွန့်ပစ်ရတဲ့ ဆူးပင်တွေကြားက မျိုးစေ့လိုပါပဲ။ ထိုအမျိုးစားများ နည်းတူ တဖက်မှာလည်း
ခရစ်ယာန်ယုံကြည်ခြင်းကို အမှန်တကယ် လက်ခံယုံကြည်ပြီး ဘ၀မှာ ဘယ်လို အခက်အခဲတွေပဲဖြစ်ဖြစ်
မိမိကိုယ်ကို ခရစ်ယာန်တရားလမ်းဖြင့် အသက်ရှင်ကာ ကောင်းသောမြေအဖြစ် မျိုးစေ့ကို လက်ခံရင်း
နောက်ဆုံး အဆ ၁၀၀၊ အဆ ၆၀၊ အဆ ၃၀ စသဖြင့် အသီးသီးသော အသီးအပွင့်များကို ပိုင်ဆိုင်ရသူများလည်း
ကျွန်တော်ပတ်ဝန်းကျင်မှာ ဒုနှင့်ဒေး ရှိပါတယ်။ အင်မတန်မှ အတုယူဖွယ်ကောင်း ကြပါတယ်။
အမှန်တကယ်တော့
ထိုသို့ကောင်းသောမြေအဖြစ် ယုံကြည်ခြင်းမျိုးစေ့ကို လက်ခံယူနိုင်ဖို့ မိမိတို့ကိုယ်တိုင်
မိမိတို့မြေကို အမြဲ ပြုစုပေါင်းသင်နေကြရမယ်ဆို တာ သိထားရပါလိမ့်မယ်။ သို့မှသာ ကျွန်တော်တို့တွေလည်း
ကျွန်တော်တို့ လက်ခံ ယုံကြည်လိုက် တဲ့ ဘုရားသခင်၏နှုတ်တော်ထွက် တရားတော် ကို မြေဆီ ဓါတ်ခံကောင်းကောင်းဖြင့်
လက်ခံယူနိုင်ကြမှာ ဖြစ်ပါတယ်။ ဆာလံကျမ်းတွင် မိန့်ဆိုသလိုပဲ ကောင်းသောမြေပေါ်တွင်ကျသည့်
မျိုးစေ့ဟာ မြောက်များစွာသော အသီးအပွင့်တို့ကို ရိတ်သိမ်းကြရမှာ ဖြစ်ပါတယ်။
ကဲ-
မိတ်ဆွေနဲ့ ကျွန်တော်လည်း မည်သည့်မြေဆီဓါတ်ခံဖြင့် ဘုရားသခင်၏နှုတ်တော်ထွက် စကားတော်မြတ်၊
တရားတော်ကို လက်ခံယူနေသလဲဆိုတာ စမ်းစစ်ကြည့်ကြပါစို့။
ဘုရားသခင်၏နှုတ်တော်ထွက် စကားတော် ဟာ
မည်သည့်အခါမျှ အလကားမဖြစ်ဘဲ အမြဲတမ်း အကျိုးဖြစ်စေပါတယ်။
ကိုရင်
(ဒိုမီနီကန်)
No comments:
Post a Comment