Saturday, 5 July 2014

5-july-2014 (Reading)



Sat the 5th:          Optional memorial of Anthony Zaccaria, priest.
Amos 9:11-15; Ps 85:9-14; John 10:27; Matt 9:14-17

အာမုတ်အနာဂတ္တိကျမ်း အခန်းကြီး (Amos 9:11-15);

၁၁ ကျန်ကြွင်းရစ်သော ဧဒုံအမျိုးသားမှစ၍
၁၂ ငါ၏နာမဖြင့် သမုတ်သော တပါးအမျိုးသား အပေါင်းတို့ကို သိမ်းယူစေခြင်းငှါ၊ လဲလျက်ရှိသော ဒါဝိဒ်၏ တဲကို ထိုကာလ၌ ငါဆောက်တည်ပြန်မည်။ အက်ကဲ့ရာများကို စေ့စပ်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကိုရှေးကာလ၌ ရှိသကဲ့သို့ မတ်စေပြန်မည်ဟု၊ ဤအမှုအရာကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိ၏။
၁၃ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လယ်ထွန်သော သူသည် စပါးရိတ်သောသူကိုင်း၊ စပျစ်သီးနယ်သောသူသည် မျိုးစေ့ကြဲသောသူကိုင်းမှီလျက်၊ တောင်တို့မှ ချိုသောစပျစ်ရည်ယို၍၊ ကုန်းရှိသမျှတို့လည်း အရည်ဖြစ်ရသောကာလ ရောက်လိမ့်မည်။
၁၄ သိမ်းသွားခြင်းကိုခံရသော ငါ၏လူဣသရေလအမျိုးသားတို့ကို တဖန်ငါဆောင်ခဲ့သဖြင့်၊ သူတို့သည် ပျက်စီးသောမြို့များကို ပြုပြင်၍ နေကြလိ့မ်မည်။ စပျစ်ဥယျာဉ်များကို စိုက်၍ စပျစ်ရည်ကို သောက်ကြလိမ့်မည်။ လယ်ယာများကိုပြုစု၍ အသီးတို့ကို စားကြလိမ့်မည်။
၁၅ သူတို့ကို နေရင်းအရပ်၌ ငါစိုက်ထားမည်။ ငါပေးသောပြည်မှ နောက်တဖန်အဘယ်သူမျှ မနှုတ်ရဟု၊ သင်၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၈၅ (Ps 85:9-14);

ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော် မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန်ရောက်လေပြီ။
၁၀ ကရုဏာနှင့် သစ္စာဆုံမိပြီ။ တရားနှင့် ချမ်းသာသည် တပါးကိုတပါးနမ်းကြပြီ။
၁၁ သစ္စာသည် မြေကြီးထဲကပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။
၁၂ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။ 
၁၃ တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။


ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);

၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။

 ရှင်မဿဲခရစ်ဝင် အခန်းကြီး (Matt 9:14-17);

၁၄ ထိုအခါယောဟန်၏တပည့်တို့သည် အထံတော်သို့ချဉ်းကပ်၍ အကျွန်ုပ်တို့နှင့် ဖာရှိရှဲတို့သည် အဖန်တလဲလဲအစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့်ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြ ပါသနည်းဟု လျှောက်ကြ၏။
၁၅ ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့် အတူရှိစဉ် အခါသူတို့သည် စိတ်မသာညည်းတွားတတ်ကြသလော။ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့် ခွာ၍ယူသွားသောအချိန်ကာလရောက်လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
၁၆ အဝတ်ဟောင်း ကိုအထည်သစ်နှင့်ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သည်အဝတ်ဟောင်းကိုစား၍ အပေါက်ကျယ်တတ်၏။
၁၇ ၎င်းနည်း ဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကိုထည့်လေ့မရှိ။ ထိုသို့ထည့်လျှင်၊ သားရေဘူးသည် စုတ်ကွဲသဖြင့်၊ စပျစ်ရည်သည် ယို၍ သားရေဘူးလည်းပျက်ဆီးတတ်၏။ အသစ်သောစပျစ်ရည်ကို အသစ်သော သားရေဘူး၌ထည့်လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ်ပါးစလုံးမပျက်ဆီးဟုမိန့်တော်မူ၏။



No comments:

Post a Comment