Sunday, 6 July 2014

6-JULY-2014-(READING)




 Sun the 6th:     Psalter II, Ordinary Time Week 14.
                        (Optional memorial of Maria Goretti, virgin and martyr.)
Zech 9:9-10; Ps 145:1-14; Rom 8:9-13; Matt 11:25-30

ဇာခရိအနာဂတ္တိကျမ်း အခန်းကြီး (Zech 9:9-10);

အိုဇိအုန်သတို့သမီး အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့သတို့သမီး ကြွေးကြော်လော တရားသဖြင့် စီရင်၍၊ ကယ်တင်ခြင်းသို့ရောက်သောသခင် သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ကြွလာတော်မူသည်ကို ကြည့်ရှုလော့။
၁၀ ငါသည် ဧဖရိမ်ပြည်၌ ရထားကိုင်း၊ ယေရုရှလင်မြို့၌င်း ပယ်ဖျက်မည်။ စစ်လေးကိုလည်းပယ်ဖျက်မည်။ တပါးအမျိုးသားတို့ သည် စစ်ငြိမ်းမည်အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည်။ အာဏာတော်လည်း ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင်အောင်င်း၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင်င်းတည်လိမ့်မည်။

ဆာလံကျမ်း အခန်းကြီး ၁၄၅ (Ps 145:1-14);

အကျွန်ုပ်၏ရှင်ဘုရင် အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်ကို မြှောက်ပါမည်၊၊ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်၊၊
ကိုယ်တော်ကိုနေ့တိုင်းအစဉ် ကောင်းကြီးပေးပါမည်၊၊ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်းပါမည်၊၊
ထာဝရဘုရားသည် ကြီးမြတ်၍အလွန်ချီးမွမ်းဘွယ် ဖြစ်တော်မူ၏၊၊ ကြီးမြတ်တော် မူခြင်းကိုစစ်၍မကုန်နိုင်၊၊
အမှုတော်တို့ကို လူမျိုးအဆက်ဆက် တို့သည်ချီးမွမ်း၍ တန်ခိုးတော်များကို ဟောပြောကြပါ လိမ့်မည်၊၊

ရောမသြဝါဒစာ အခန်းကြီး (Rom 8:9-13);

သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိ ဘက် ၌ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်ကိုမရသောသူမည်သည်ကားခရစ်တော်နှင့်မဆိုင်။
၁၀ ခရစ်တော်သည် သင်တို့အထဲ၌ ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့်အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။
၁၁ ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကိုသေခြင်းမှ ထမြောက်စေ တော်မူသောဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သောသင်တို့၏ ကိုယ်ကာယကိုပင်ရှင်စေတော်မူမည်။
၁၂ သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါတို့သည်ဇာတိပကတိအတိုင်း ကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ ကျွန်ဖြစ်ကြ သည်မဟုတ်။
၁၃ သင်တို့သည် ဇာတိပကတိအတိုင်း အသက်ရှင်လျှင်သေရကြမည်။ ဝိညာဉ် တော်အားဖြင့် ကိုယ်ကာယ၏ အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။

 ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25-30);

၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
၂၆ ထိုသို့အလိုတော်ရှိသောကြောင့် မှန်ပါ၏အဘ။
၂၇ ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်ပေးတော်မူပြီ။ ခမည်းတော်မှတပါး အဘယ်သူမျှ သားတော်ကိုမသိ။ သားတော်နှင့် သားတော်သည်လင်းစေလိုသောသူမှတပါး အဘယ်သူမျှခမည်းတော်ကို မသိ။
၂၈ ၀န်လေး၍ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။
၂၉ ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။
၃၀ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည်ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့ ၏ဟုမိန့်တော်မူ၏။



No comments:

Post a Comment