Sunday, 6 July 2014

မီဒီယာနှင့် အခြေခံသတင်းရေးသားနည်း သင်တန်း ဖွင့်လှစ်ခြင်း

ပထမဆုံးသော မီဒီယာနှင့် အခြေခံသတင်းရေးသားနည်း သင်တန်းကို လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်၊ သံယောဟန်ဗတ္တိစတား ရဟန်းဖြစ်သင်ကျောင်း၌ (၂၃ -၂၇)ရက်နေ့ (ဇွန်)လ၊ (၂၀၁၄)ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူထုဆက်သွယ်ရေးရုံး၏ ဦးဆောင်မှုဖြင့် ပြု လုပ်ခဲ့ပါသည်။ ထိုသင်တန်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူထုဆက်သွယ်ရေးတာဝန်ခံ Fr. Leo Mang နှင့် လွိုင်ကော်သာသနာ လူထုဆက်သွယ်ရေးတာဝန်ခံ Fr.Louis Hla Shwe  တို့ ဦးဆောင်ကာ အထူးရွေးချယ်ထားသော သင်တန်းသား၊သူ (၁၅) ယောက်တက်ရောက်ခဲ့ပါသည်။

သင်တန်း၏ ရည်ရွက်ချက်များ မှာအောက်ပါတိုင်းဖြစ်သည်။

၁) လွိုင်ကော်သာသနာရှိ ဘာသာတူများအဖြင့် မီဒီယာ နှင့် သတင်းစာပေရေးသားခြင်း၏ အခြေခံ သဘောသဘာဝတို့ကို သိရှိနားလည်လာစေရန်
၂)။ သာသနာအသီးသီးမှ သတင်းများကို မှန်မှန်ကန်ကန်ရယူပြီး အချိန်မှီ ရေးသားပေးပို့နိုင်ကာ သာသနာအချင်းချင်း ဆက်သွယ်မှု အားကောင်းလာစေရန်၊
၃)။ သတင်းများကို ကောင်းမွန်စွာနားလည်စေရန်၊ သတင်းဖတ်တတ်ရန်နှင့် ကောင်းစွာဝေဖန်သုံးသပ်နိုင်ရန်
၎)။ ထူးချွန်သော ကက်သလစ် သတင်း သမားများ၊ စာပေ၀ါတနာရှင် များစွာထွက်ပေါ်လာစေရန်

မီဒီယာနှင့် အခြေခံ သတင်းရေးသားနည်း သင်တန်းကို Fr. Leo Mang (CBCM-OSC)၊  ရွှေမြစ်မခမီဒီယာမှ CEO မေသင်္ကြန်ဟိန် နှင့် Chief Editor ကို အေးချမ်းဟိန် တို့ကိုယ်တိုင် မေတ္တာဖြင့် လာရောက်ပို့ချပေးခဲ့ကြသည်။

သင်တန်းသူတစ်ဦးက “ဒီသင်တန်းကို တက်ရောက်ခြင်းအားဖြင့် မီဒီယာနှင့် စာပေရေးသားခြင်း အကြောင်းတို့ကို ထူးခြားစွာ လေ့လာ၊တွေ့ကြုံရသလို၊ စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်” ဟုပြောကြားခဲ့ပါသည်။ နောက်သင်တန်းသားတစ်ဦးကလည်း “သတင်း ဘယ်လိုဖတ်ရမယ်ဆိုတာ လေ့လာရသလို ဘယ်လို သတင်းရေးရမယ်ဆိုတာ သိလိုက်ရတော့ ဒီသင်တန်းလေးကို တန်ဖိုး မဖြတ်နိုင်အောင် ကျေးဇူးတင်ပါတယ်။ စီစဉ်ပေးတဲ့ National director နှင့် သင်တန်းပို့ချပေးသော ဆရာများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်”  ဟု ပြောကြားခဲ့ပါသည်။


Fr. Leo Mang (CBCM-OSC)၊ 
(National Director) 
Catholic Bishops' Conference of Myanmar, Office of Social Communications (CBCM OSC)

No comments:

Post a Comment