Saturday, 11 May 2013

ခရစ်ယာန်များစည်းလုံးရေး အထူးလို (ကော့တစ်ပုပ်ရဟန်းမင်း)


၂၀၁၃ မေလ ၁၀ ရက်နေ့တွင် အီဂျစ်အော့သိုဒေါ့စ် အသင်းတော်မှ ကော့တစ် ပုပ်ရဟန်းမင်း တာဝါဒရော့စ် (၂)သည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား  ဗာတီကန်သို့ သွားရောက် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှု့၌ ကော့တစ် ပုပ်ရဟန်းမင်းသည် ယနေ့ အချိန်ဟာ ခရစ်ယာန်များ စည်းလုံးဖို့ အထူးလိုအပ်ကြောင်းနှင့် တကမ္ဘာလုံးရှိ ခရစ်ယာန်များဟာ တစ်စိတ်တည်း တစ်ဝမ်းတည်းနှင့် တလုံးတ၀တည်းဖြစ်ကြောင်း သိမှတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဗာတီကန်သို့ လည်ပတ်သည့် သူ၏လည်ပတ်မှု့မှာ သမိုင်းဝင်လည်ပတ်ခြင်းဖြစ်သလို အထင်ကရလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ၁၀ သန်းရှိဘာသာဝင်များကို ဦးဆောင်နေသည့် အီဂျစ်အော့သိုဒေါ့စ်အသင်းတော်မှ ဖြစ်သောကြောင့်ပါ။ နှစ်ပေါင်း (၄၀)အတွင်း ပထမဆုံး ကော့တစ်ပုပ်ရဟန်းမင်းတစ်ပါး၏ အလည်အပတ်လည်း ဖြစ်ပါတယ်။

ကော့တစ်ပုပ်ရဟန်းမင်း တာဝါဒရော့စ်သည် အီဂျစ်ပြည်အတွင်း မွတ်စလင်များပါတီများ အာဏာရလာသည့်အချိန် ခရစ်ယာန်များမှာ ပို၍ဖိနှိပ်ခံလာရကာ ခရစ်ယာန်များသည် ၎င်းတို့ကို ၎င်းတို့ ဒုတိယ ဒါမှမဟုတ် တတိယအလွှာလူတန်းစားများအဖြစ် ခံစားလာရသည်ဟု ညည်းငြူလေသည်။ 
ဟိုစ်နီ မူဘာရတ်ခ်မှစ၍ အီဂျစ်လူမျိုးများ အရေးတော်ပုံဆင်နွှဲသည့် အချိန်မှစ၍ ဘာမှပြောင်းလဲ တိုးတက်လာခြင်းမရှိသေးဘဲ လူလတ်တန်းစားများဟာ ပို၍ပို၍ ဆင်းရဲလာပြီး အိုးမဲ့အိမ်မဲ့ဘ၀ ရောက်နေကြရသည်ကိုလည်း ထောက်ပြညည်းငြူလေသည်။

ကော့တစ်ပုပ်ရဟန်းမင်းက တကမ္ဘာလုံးရှိ ခရစ်ယာန်ညီအစ်ကိုမောင်နှမများကို အီဂျစ်ပြည်ရှိ ခရစ်ယာန်များအား ကူညီဆုတောင်းပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ထို့အပြင် တကမ္ဘာလုံးရှိ ခရစ်ယာန်များအနေဖြင့် ၎င်းတို့အား ငွေအားဖြင့်ကူညီရန်မဟုတ်ဘဲ မေတ္တာစိတ်ထား၍ ၎င်းတို့ခံစားနေရသည့် ဝေဒနာများအား မိမိတို့အစိုးရများစိတ်တွင် ခရစ်ယာန်စိတ်ထားများ ပေါ်ပေါက်စေဖို့ သတင်းပါးစေကြောင်း ထပ်လောင်းပြောဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ တုန့်ပြန်မှု့မှာ တစိတ်တ၀မ်းတည်းရှိကြောင်းဖော်ပြနေပြီး မိမိတို့အနေဖြင့် ညီအစ်ကိုများခံစားနေရသော ဝေဒနာဒုက္ခများကို မျှဝေခံစားရင်း ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ကျေအေးသင့်မြခြင်းကို လက်ခံနိုင်လာမှာဖြစ်ကြောင်း ဘုရားသခင်၏အကူအညီဖြင့် ထပ်တူမျှဝေ ခံစားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“အကယ်၍ တစ်စုံတစ်ဦးသည် ဒုက္ခဝေဒနာခံစားရလျှင် တဖွဲ့လုံး တသင်းလုံး ခံစားရပြီး၊ အကယ်၍ တစ်စုံတစ်ဦးသည် ချီးမြှောက်ခံရလျှင် တဖွဲ့လုံး တသင်းလုံးဝမ်းမြောက်ပျော်ရွှင်ကြမည်” ကော်ရိန်မြို့သားတို့ထံရေးသားသော စိန်ပေါလ်၏စာကို ကိုးကား၍ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောဆိုလိုက်ပါတယ်။


Catholic News Agency မှ ကောက်နှုတ်သည်။
မနောအောင်

No comments:

Post a Comment