Wednesday, 27 February 2013

အနားယူပြီး ပုပ်ရဟန်းမင်းကြီးအား မည်သို့ခေါ်မည်နည်း

ကမ္ဘာတ၀ှမ်းရှိ လူပေါင်းများစွာဟာ ပုပ်ရဟန်း မင်းကြီး ဘက်နဒစ်(၁၆) အနားယူ ပြီး သောအခါ ခေါ်ဆို အသုံးပြုရ မည့် ခေါင်းစီးများနှင့် ပတ်သက် ၍ နောက်တက်လာမည့် ပုပ် ရဟန်းမင်းကြီး အသစ်နှင့် ပြသနာ အငြင်းပွားဖွယ် ဖြစ်မည့်အရာများ စသဖြင့် စိုးရိမ်နေကြ ပါတယ်။
အောက်တွင် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆) အနားယူပြီးသော အချိန် ၀တ်ဆင်မည့် သင်္ကန်း၊ အခေါ် အဆို၊ အခွင့် အာဏာ၊ အကာ အကွယ်၊ လက်စွပ်နှင့် လက်မှတ်တံဆိပ် စသည့် အရေးပါသော တရားဝင် ကိစ္စများကို တင်ပြထားပါတယ်။

  • ပုပ် ရဟန်းမင်းကြီး ဘက်နဒစ်(၁၆)သည် အဖြူရောင် သင်္ကန်းကို ဆက်လက် ၀တ်ဆင်မည် ဖြစ်သော်လည်း ပခုံးပေါ်က ကာပါ (cape) အတိုကို ၀တ်ဆင်တော့မည် မဟုတ်ပေ။ “Your Holiness” ဟု ခေါ်မြဲခေါ်ခံ ရမည်။

  • ဆွစ် ကိုယ်ရံတော် တပ်မတော်သည် ပုပ်ဘက်နဒစ်(၁၆)အား ဂန်ဒိုဖို ရဲတိုက်သို့ ဟယ်လီကော်ပတာနဲ့ သွားသည့်တိုင် ကာကွယ်စောင့်ရှောက်မည် ဖြစ်သော်လည်း ကြာသပတေးနေ့ ည ၈ နာရီ၊ သူ၏ ပုပ် ရဟန်းမင်းကြီး ရာထူးမှ တရားဝင် အနားယူသည့် အချိန်မှစ၍ ထိုတပ်မတော်၏ ကွာကွယ်မှု့ကို ရပ်ဆိုင်းမည်။ အကြောင်းမှာ ဆွစ် တပ်မတော်ကြီးသည် ပုပ် ရဟန်းမင်းကြီး တစ်ပါးတည်းအတွက် ကိုယ်ရံတော် တပ်မတော် ဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်။ ရဲတိုက်ရှိ လုံခြုံရေးကို ဗာတီကန် ရဲအဖွဲ့မှ တာဝန်ယူမည်။

  • ပုပ် ရဟန်းမင်းကြီး တရားဝင် ၀တ်ဆင်နေသည့် တံငါသည် လက်စွပ်နှင့် လက်မှတ် တံဆိပ်အား ဖျက်စီး ပစ်မည်။


ဗာတီကန် စံတော်ချိန် အတိုင်း မနက်ဖြန် ညနေ ၈း၀၀ နာရီမှ စ၍ ပုပ် ရဟန်းမင်းကြီး ဘက်နဒစ် (၁၆)သည် တရားဝင် ရာထူးမှ ရပ်နားမည် ဖြစ်ပြီး ဂန်ဒိုဖို ရဲတိုက်သို့ ပြောင်းရွေ့ သီတင်းသုံးနေထိုင်မည် ဖြစ်သည်။ သူ၏ နောက်ဆုံး နှုတ်ဆက်ခြင်းကို ဖေဖေါ်ဝါရီ ၂၇ ရက်နေ့၊ ယနေ့တွင် စိန်ပီတာ ရင်ပြင်တော်၌ ပြုလုပ် ခဲ့ကြောင်း လည်း သိရှိ ရပါသည်။ 

ထိုနှုတ်ဆက်ပွဲ၌ ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆)က "ကျွန်ုပ်သည် အသင်းတော်နှင့် အတူ ကျန်ရှိသည့် အချိန်များတွင် ဆုတောင်းခြင်းဖြင့် လည်းကောင်း၊ ကမ္မဌာန်းထောက်ရှု့ခြင်းဖြင့် လည်းကောင်း၊ သခင် ခရစ်တော်နှင့် သူ၏ သတိုးသမီး ဖြစ်သည့် အသင်းတော်အား ဆက်ကပ် သွားမည်။ ဤ အသင်းတော်၌ ပါပဲ- ယနေ့အထိ ကျွန်ုပ် အသက်ရှင်နေထိုင်သွားရန် ကြိုးစားခဲ့သလို၊ အမြဲတမ်း ကြိုးစား အသက်ရှင်နေမှာပါ" ဟု စိန်ပီတာ ရင်ပြင်ရှိ ထောင်သောင်းများစွာသော ဓမ္မမိတ်ဆွေများ အား ပြောကြားခဲ့ပါသည်။

သတင်းများမှကောက်နှုတ်သည်။
မနောအောင်

No comments:

Post a Comment