Thursday, 28 February 2013

ပြည်သာသနာ ဆရာတော်ကြီး၏ ၀ါတော်(၂)နှစ်ပြည့်

ပြည်သာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီး အလဇန္ဒား ဦးပြုံးချို၏ ဆရာတော်ဝါတော် (၂)ပြည့် အခမ်းအနားကို မစ္ဆားတရားတော်မြတ်ဖြင့် ပူးတွဲကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားကို ၂၇.၁.၂၀၁၃ခုနှစ်၊ ဗုဒဟူးနေ့ ညနေ ၅နာရီခွဲတွင် စိန်ပေါလ်ကက်သီဒြယ်၌ ပြုလုပ်ခဲ့ပါသည်။  

အခန်းအနားတွင် ဘုန်းတော်ကြီး ၁၀ ပါး၊ သီလှရှင် ၁၀ပါး၊ ရဟန်းဖြစ်သင်ကျောင်းမှ ကျောင်းသား ရဟန်းလောင်းများ၊ သီလှရှင်လောင်းများနှင့် ဘာသာတူ ၅၀ ကျော်တို့ပါဝင် ပူဇော်ခဲ့ကြသည်။ 
အခမ်းအနားအဆုံး၌ ဆရားတော်ကြီးအား ဂုဏ်ပြုပန်းစည်းများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ဂုဏ်ပြုခဲ့ကြသည်။ ဆရာတော်ကြီးမှလည်း မုန့်ဟင်းခါးဖြင့် တည်ခင်းကျွေးမွေးခဲ့ကြောင်း သိရှိရပါသည်။ 

ပြည်မြို့






Wednesday, 27 February 2013

အနားယူပြီး ပုပ်ရဟန်းမင်းကြီးအား မည်သို့ခေါ်မည်နည်း

ကမ္ဘာတ၀ှမ်းရှိ လူပေါင်းများစွာဟာ ပုပ်ရဟန်း မင်းကြီး ဘက်နဒစ်(၁၆) အနားယူ ပြီး သောအခါ ခေါ်ဆို အသုံးပြုရ မည့် ခေါင်းစီးများနှင့် ပတ်သက် ၍ နောက်တက်လာမည့် ပုပ် ရဟန်းမင်းကြီး အသစ်နှင့် ပြသနာ အငြင်းပွားဖွယ် ဖြစ်မည့်အရာများ စသဖြင့် စိုးရိမ်နေကြ ပါတယ်။
အောက်တွင် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆) အနားယူပြီးသော အချိန် ၀တ်ဆင်မည့် သင်္ကန်း၊ အခေါ် အဆို၊ အခွင့် အာဏာ၊ အကာ အကွယ်၊ လက်စွပ်နှင့် လက်မှတ်တံဆိပ် စသည့် အရေးပါသော တရားဝင် ကိစ္စများကို တင်ပြထားပါတယ်။

  • ပုပ် ရဟန်းမင်းကြီး ဘက်နဒစ်(၁၆)သည် အဖြူရောင် သင်္ကန်းကို ဆက်လက် ၀တ်ဆင်မည် ဖြစ်သော်လည်း ပခုံးပေါ်က ကာပါ (cape) အတိုကို ၀တ်ဆင်တော့မည် မဟုတ်ပေ။ “Your Holiness” ဟု ခေါ်မြဲခေါ်ခံ ရမည်။

  • ဆွစ် ကိုယ်ရံတော် တပ်မတော်သည် ပုပ်ဘက်နဒစ်(၁၆)အား ဂန်ဒိုဖို ရဲတိုက်သို့ ဟယ်လီကော်ပတာနဲ့ သွားသည့်တိုင် ကာကွယ်စောင့်ရှောက်မည် ဖြစ်သော်လည်း ကြာသပတေးနေ့ ည ၈ နာရီ၊ သူ၏ ပုပ် ရဟန်းမင်းကြီး ရာထူးမှ တရားဝင် အနားယူသည့် အချိန်မှစ၍ ထိုတပ်မတော်၏ ကွာကွယ်မှု့ကို ရပ်ဆိုင်းမည်။ အကြောင်းမှာ ဆွစ် တပ်မတော်ကြီးသည် ပုပ် ရဟန်းမင်းကြီး တစ်ပါးတည်းအတွက် ကိုယ်ရံတော် တပ်မတော် ဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်။ ရဲတိုက်ရှိ လုံခြုံရေးကို ဗာတီကန် ရဲအဖွဲ့မှ တာဝန်ယူမည်။

  • ပုပ် ရဟန်းမင်းကြီး တရားဝင် ၀တ်ဆင်နေသည့် တံငါသည် လက်စွပ်နှင့် လက်မှတ် တံဆိပ်အား ဖျက်စီး ပစ်မည်။


ဗာတီကန် စံတော်ချိန် အတိုင်း မနက်ဖြန် ညနေ ၈း၀၀ နာရီမှ စ၍ ပုပ် ရဟန်းမင်းကြီး ဘက်နဒစ် (၁၆)သည် တရားဝင် ရာထူးမှ ရပ်နားမည် ဖြစ်ပြီး ဂန်ဒိုဖို ရဲတိုက်သို့ ပြောင်းရွေ့ သီတင်းသုံးနေထိုင်မည် ဖြစ်သည်။ သူ၏ နောက်ဆုံး နှုတ်ဆက်ခြင်းကို ဖေဖေါ်ဝါရီ ၂၇ ရက်နေ့၊ ယနေ့တွင် စိန်ပီတာ ရင်ပြင်တော်၌ ပြုလုပ် ခဲ့ကြောင်း လည်း သိရှိ ရပါသည်။ 

ထိုနှုတ်ဆက်ပွဲ၌ ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆)က "ကျွန်ုပ်သည် အသင်းတော်နှင့် အတူ ကျန်ရှိသည့် အချိန်များတွင် ဆုတောင်းခြင်းဖြင့် လည်းကောင်း၊ ကမ္မဌာန်းထောက်ရှု့ခြင်းဖြင့် လည်းကောင်း၊ သခင် ခရစ်တော်နှင့် သူ၏ သတိုးသမီး ဖြစ်သည့် အသင်းတော်အား ဆက်ကပ် သွားမည်။ ဤ အသင်းတော်၌ ပါပဲ- ယနေ့အထိ ကျွန်ုပ် အသက်ရှင်နေထိုင်သွားရန် ကြိုးစားခဲ့သလို၊ အမြဲတမ်း ကြိုးစား အသက်ရှင်နေမှာပါ" ဟု စိန်ပီတာ ရင်ပြင်ရှိ ထောင်သောင်းများစွာသော ဓမ္မမိတ်ဆွေများ အား ပြောကြားခဲ့ပါသည်။

သတင်းများမှကောက်နှုတ်သည်။
မနောအောင်

Tuesday, 26 February 2013

ပုပ်ရမင်းကြီးရွေးကောက်ရာ ဥပဒေအနည်းငယ်ပြင်ဆင်


ပုပ် ဘက်နဒစ်(၁၆)သည် ပုပ်ရဟန်းမင်းကြီး အသစ် ရွေးကောက် တင်မြှောက်ရန်နှင့် ပတ်သက်သည့် ကာနွန် ဥပဒေကို ပြင်ဆင်ခဲ့ပြီး ကာဒီနယ်များ အုပ်စုအား အခါတိုင်းလို ပုံမှန် ၁၅ရက် စောင့်ဆိုင်းရန် မလိုဘဲ စတင်နိုင်ဖို့ ခွင့်ပြု လိုက်သည်။

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့စွဲ လက်မှတ်ပါ Motu proprio ဥပဒေပိုဒ်ဖြင့် ပုပ်ရဟန်းမင်းကြီးက ကာဒီနယ်များ အုပ်စုအား ရွေးကောက်ပွဲ ကို စောစော စတင်နိုင်ရန် အခွင့် အာဏာပေးခဲ့လေသည်။ သို့သော်လည်း ခြွှင်းချက်အဖြစ် “မဲပေးမည့် ကာဒီနယ် အားလုံးရောက်ရှိ စုဝေးနေရမည် ဖြစ်ပါသည်။” ဥပဒေအသစ်အရ ပုပ် ရဟန်းမင်းကြီးနေရာ လွတ်လပ်နေချိန် အရက် ၂၀ အတွင်း မဲပေးမည့် သူများရောက်သည် ဖြစ်စေ၊ မရောက်သည် ဖြစ်စေ ရွေးကောက်ပွဲကို စတင် ရမည်ဖြစ်ပါသည်။

နောက်ဆုံး အနေဖြင့် ပုပ်ရဟန်းမင်းကြီးက မဲပေးဖို့ အဆင့်မှီသူ ကာဒီနယ်များအား အပြင်ပရောဂ တစ်စုံတစ်ရာ ၏နှောက်ယှက်ခြင်း မရှိဘဲ ပါဝင်နိုင်သည့် အခွင့်အရေးကို ထောက်ပြ ထားလေသည်။ motu proprio တွင် “မည်သည့် ကာဒီနယ်မဆို ပုပ် ရဟန်း မင်းကြီးရွေးကောက်ရာ၌ မဲပေးနိုင်သည် ဖြစ်စေ၊ မပေးနိုင်သည် ဖြစ်စေ မည်သည့် အကြောင်းပြချက်၊ သို့မဟုတ် မည်သည့် မူမမှန်သည့် အကြောင်းပြချက်နှင့် မှ ဖယ်ထုတ် ပိုင်ခွင့်မရှိပေ။” ဟုရေးသား ထားလေသည်။ ဤ ဖြည့်စွက်ချက်မှာ ကာဒီနယ်ရိုဂါနှင့် ဂေါ့ဖရန့်တို့အား ၎င်းတို့၏ လိင်ပိုင်းဆိုင်ရာ မဖွယ်ရာမှု့များတွင် ပါဝင် ပတ်သက်မှု့ ရှိသည်ဟု စွပ်စွဲခံရပြီး ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရန် တားမြစ်ဖို့ အဆိုပြုချက်အား တုန့်ပြန် လိုက်ခြင်းလည်း ဖြစ်ပါသည်။

ထို muto proprio ဥပဒေပိုဒ်တွင် ရွေးကောက်ပွဲ၏ လျို့ဝှက်သိပ်သည်းခြင်း စည်းမျဉ်းကိုလည်း ထပ်ချဲ့ ထားလေသည်။ ရွေးကောက်ပွဲ ပြုလုပ်မည့် စစ်စတင်း ဘုရားခန်းမအတွင် မည်သည့် သတင်း ဖမ်းစက်မှ မရှိကြောင်းသေချာ စစ်ဆေးမည့် နည်းပညာရှင် များသည် သတင်းပေါက်ကြားမှု့ တစ်စုံ တစ်ရာ မရှိရန် လိုအပ်သည်။ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကာဒီနယ်များ အုပ်စုအတွင်း လှုပ်ရှားမည့် ထို လျိုဝှက်ချက်အား ချိုးဖောက် ထိခိုက်သူ မှန်သမျှအတွက် အပြစ်ဒဏ်မှာ အသင်းတော်မှ ထုတ်ပယ်ခြင်း ခံရမည် ဖြစ်သည်။ 

http://www.catholicculture.org/news/headlines/index.cfm?storyid=17156 မှကောက်နှုတ်သည်။ 

မနောအောင်

Sunday, 24 February 2013

ဒုတိယ၀ါတွင်း တနင်္ဂနွေနေ့ ကမ္မဌာန်းရှု့ချက်



ကျွန်ုပ်တို့ ဘ၀ထဲမှာ ဘုရားသခင်နှင့် ဘုရားဂုဏ်တော် ရှိနေတာကို သတိထားမိပါသလား။ တကယ်ဆို ယနေ့ခေတ်လူတွေရဲ့ဘ၀ဟာ ပို၍သနားစရာ ကောင်းလာ သလိုလိုပဲ။ ဥစ္စာပစ္စည်းတွေ ရှေးယခင်ကထက် တိုးတက်များပြားလာတယ်။ ဒါပေမယ့် နေ့မအား ညမအား အလုပ်နဲ့အလုပ် လုံးပမ်းနေကြရတယ်။ ခေတ်မှီ နည်းပညာတွေကြောင့် အချိန်တိုတိုနည်းလမ်းတွေများစွာ ပေါ်ပေါက်လာတယ်။ ဒါပေမယ့် လူတွေ လုံးပမ်းနေရဆဲပဲ။ ဆက်သွယ်ရေးကိရိယာတွေ အဆင့်မြင့်လာတယ်၊ မြန်ဆန်လာတယ်။ ဒါပေမယ့် တခါတလေ အဆက်သွယ်လေးတစ်ချက်လုပ်ဖို့တောင် အချိန်မရတော့ဘူး။ နောက်ဆုံးတော့ ဘုရားအတွက်ပင် အချိန် မပေးနိုင်တော့ဘူး။ အချိန်မရှိတော့ဘူး။ အချိန်မရတော့ဘူး။ ဒီလိုအခြေနေမျိုးမှာ ဘယ်လိုဘယ်လိုနည်းနဲ့ ဘုရားသခင်နှင့် ဘုရားဂုဏ်တော် ကျွန်ုပ်တို့ဘ၀ထဲမှာရှိနေတာကို သတိထားမိနိုင်မလဲ။

အချိန်တိုလေးပေးပြီး ခေတ္တခဏစဉ်းစားကြည့်လိုက်ပါ။ တကယ်တော့ လူဆိုတာ မိမိယုံကြည်ရာကို အတင်းတိုးဝင်လျှောက်လှမ်းတတ်တဲ့ သတ္တ၀ါတွေပါပဲ။ ဒီတော့ ကျွန်ုပ်တို့တတွေ ဘ၀ခြေလမ်းကို လှမ်းတဲ့အခါ ဘယ်လိုယုံကြည်ခြင်းမျိုးတွေနဲ့ လျှောက်လှမ်းနေပါသလဲ။ ကျွန်ုပ်တို့စိတ်ထဲမှာ ယုံကြည်ခြင်းတွေ ရှုပ်ထွေးပြီး အားပြိုင်နေပါသလား။ ဒီလိုဆို ကျွန်ုပ်တို့တတွေဟာ ခေတ်လောကပစ္စဥစ္စာတွေထဲမှာ ယုံကြည်ခြင်းများနေလို့လား။ ဒါမှမဟုတ် ဘုရားသခင်အပေါ်မှာ ယုံကြည်ခြင်းပိုများသလား။ ယုံကြည်ခြင်းသာလျှင် ဘုရားသခင်ကိုတွေ့မြင်နိုင်ဖို့ အလင်းပေးနိုင်ပါသည်။ ယနေ့ပထမကျမ်းတွင် အေဘရာဟမ်သည် ဘုရားသခင်အား ယုံကြည်ခြင်းအလင်းဖြင့် တွေ့မြင်ခဲ့ရသည်။ ဘုရားသခင်အပေါ်ထားသည့် သူ၏ ယုံကြည်ခြင်းသည် အရာအားလုံးထက်ပို၍ သူ့အား ယုံကြည်ခြင်း၏ဖခင်ဟုပင် ခေါ်တွင်စေသည်။

ဘုရားတရားနှင့်ကျင့်ကြံနေထိုင်သူများဟာ အရောင်အဆင်းတင့်တယ်သည်။ လူ့အသိုင်းအ၀ိုင်းမှာ သမာဓိအလင်းဖြင့် တောက်ပ၍ အလိုလိုနေရင်း လူများလေးစားခြင်းကိုခံရသည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ဘယ်လိုထင်ပါသလဲ၊ မိတ်ဆွေ။ စီနာရီတောင်ပေါ်၌ မိုးဇယ်သည် ဘုရားသခင်နှင့်တွေ့ဆုံပြီး ပြန်ဆင်းလာခဲ့သောအခါ မိုးဇယ်၏မျက်နှာသည် တောက်ပလွန်း၍ အီစ္စရာအဲလ်လူမျိုးတို့သည် သူ့မျက်နှာကို မကြည့်နိုင်ဖြစ်ရသည်။ မိုးဇယ်၏ အဆင်းအရောင် ဤမျှတောက်ပသည်။ ယနေ့ဧ၀ံဂေလိကျမ်းစာတွင်လည်း ခရစ်တော်သည် တောင်ပေါ်၌ဖခင် ဘုရားသခင်နှင့်စကားပြောနေချိန် (ဆုတောင်းနေချိန်) မျက်နှာတော်သည် တောက်ပနေလေသည်။ ကျွန်ုပ်တို့တတွေလည်း ဘုရားနှင့်ထိတွေ့နေလျှင် တောက်ပနေတာ အမှန်ပါပဲ။

ဘုရားသခင်ရှိသည့်နေရာသည် နေဖို့အလွန်ကောင်းပါသည်။ “ထိုသူတို့သည် ကိုယ်တော့သခင်၊ ဤအရပ်သည် တပည့်တော်တို့အဖို့နေရန် အလွန်ကောင်းပါ၏” ဟုခရစ်တော်အား ပြောဆိုကြသည်။ ဘုရားသခင်သည် နေရာတိုင်းတွင်ရှိပါသည်။ သူ၏ဘုန်းဂုဏ်တော်ကို ကျွန်ုပ်တို့အား ဝေမျှပေးဖို့ အမြဲတမ်းစိတ်အား ထက်သန်နေပါသည်။ ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်ထံမှာ ယုံကြည်ခြင်းပို၍ တိုးပွားဖို့လိုအပ်သည်။ တဒင်္ဂသာမျှော်လင့်လို့ရတဲ့ ယနေ့ခေတ်လောက ဥစ္စဓါနတွေထက် ထာဝရမျှော်လင့်နိုင်သည့် ဘုရားသခင်ကို ယုံကြည်၍ ဘုရားဘုန်းဂုဏ်တော်ဖြင့် မိမိတို့ဘ၀ကို တောက်ပစေတာ ဘ၀လည်းတင့်တယ်၊ လူလည်း မြင့်မြတ်ပါသည်။ ဤယုံကြည်ခြင်းသာလျှင် ကျွန်ုပ်တို့အား ကျွန်ုပ်ဘ၀မှာ ဘုရားသခင်နှင့် ဘုရားဘုန်းဂုဏ်တော်ရှိကြောင်း သတိထားမိစေပါလိမ့်မည်။
ဘ၀တန်ဆောင် ဘုရားဂုဏ်ဆောင်ကာ ထာဝရအနာဂတ်ဆီ လျှောက်လှမ်းကြပါစို့။

ကိုရင် (ဒိုမီနီကန်)

Saturday, 23 February 2013

ပုပ်ရဟန်းမင်းကြီးအသစ်တွက် မဲပေးပိုင်ရှင်များ


ပုပ်ရဟန်းမင်းကြီးအသစ်ရွေးကောက်ဖို့ရန်အတွက် မဲဆန္ဒပေးဖို့အဆင့်မှီသူ ကာဒီနယ် ၁၁၇ ပါး ပေါ်ထွက်လာပါပြီ။ သို့သော်လည်း ကျန်းမာရေး အခြေနေကြောင့် မဲဆန္ဒပေးဖို့ ဗာတီကန် ကာဒီနယ်များ အုပ်စုသို့ မပါဝင်မည့် ကာဒီနယ် အချို့ ရှိနေတာမို့ ၁၁၇ပါးမှ လျော့နည်းဖွယ် ရှိပါသေးတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ ကာဒီနယ် ဂျူးလီယပ်စ် ဒါမအက်မာဂျာကတော့ ကျန်းမရေးအခြေနေကြောင့် ဗာတီကန်သို့ ခရီးမသွားဘူးဟု သိရပါတယ်။
မဲဆန္ဒပေးဖို့အဆင့်မှီသူ ကာဒီနယ်များမှာ -
ဥရောပ-
Walter Kasper, 79 (Germany)
Severino Poletto, 79 (Italy)
Godfried Danneels, 79 (Belgium)
Raffaele Farina, 79 (Italy)
Joachim Meisner, 79 (Germany)
Giovanni Batista Re, 79 (Italy)
Dionigi Tettamanzi, 78 (Italy)
Francesco Monterisi, 78 (Italy)
Carlos Amigo Vallejo, 78 (Spain)
Paolo Sardi, 78 (Italy)
Paul Josef Cordes, 78 (Germany)
Franc Rodé, 78 (Slovenia)
Tarcisio Bertone, 78 (Italy)
Giovanni Lajolo, 78 (Italy)
Velasio De Paolis, 77 (Italy)
Santos Abril y Castelló, 77 (Spain)
Jose da Cruz Policarpo, 76 (Portugal)
Karl Lehmann, 76 (Germany)
Antonio María Rouco Varela, 76 (Spain)
Ennio Antonelli, 76 (Italy)
Andrys Juozas Backis, 76 (Lithuania)
Attilio Nicora, 75 (Italy)
Lluís Martínez Sistach, 75 (Spain)
Antonio Maria Vegliò, 75 (Italy)
Paolo Romeo, 75 (Italy)
Francesco Coccopalmerio, 74 (Italy)
Keith O'Brien, 74 (Scotland)
Manuel Monteiro de Castro, 74 (Portugal)
Carlo Caffarra, 74 (Italy)
Angelo Amato, 74 (Italy)
Stanislaw Dziwisz, 73 (Poland)
Seán Brady, 73 (Ireland)
Zenon Grocholewski, 73 (Poland)
Agostino Vallini, 72 (Italy)
Angelo Scola, 71 (Italy)
Giuseppe Bertello, 70 (Italy)
Gianfranco Ravasi, 70 (Italy)
André Armand Vingt-Trois, 70 (France)
Domenico Calcagno, 70 (Italy)
Angelo Bagnasco, 70 (Italy)
Jean-Louis Tauran, 69 (France)
Dominik Duka, 69 (Czech Republic)
Crescenzio Sepe, 69 (Italy)
Giuseppe Versaldi, 69 (Italy)
Angelo Comastri, 69 (Italy)
Mauro Piacenza, 68 (Italy)
Jean-Pierre Ricard, 68 (France)
Christoph Schönborn, 68 (Austria)
Stanislaw Rylko, 67 (Poland)
Vinko Puljic, 67 (Bosnia)
Antonio Cañizares Llovera, 67 (Spain)
Fernando Filoni, 66 (Italy)
Giuseppe Betori, 65 (Italy)
Josip Bozanic, 63 (Croatia)
Kazimierz Kycz, 63 (Poland)
Kurt Kock. 62 (Switzerland)
Philippe Barbarin, 62 (France)
Péter Erdö, 60 (Hungary)
Wim Eijk, 59 (Netherlands)
Reinhard Marx, 59 (Germany)
Rainer Maria Woelki, 56 (Germany)


မြောက်အမေရိက:
Justin Francis Rigali, 77 (United States)
Roger Mahony, 76 (United States)
William Joseph Levada, 76 (United States)
Jean-Claude Turcotte, 76 (Canada)
Francis Eugene George, 76 (United States)
Edwin Frederick O'Brien, 73 (United States)
Donald William Wuerl, 72 (United States)
Marc Ouellet, 68 (Canada)
Seán Patrick O'Malley, 68 (United States)
Thomas Christopher Collins, 66 (Canada)
Raymond Leo Burke, 64 (United States)
Daniel DiNardo, 63 (United States)
James Michael Harvey, 63 (United States)
Timothy Michael Dolan, 63 (United States)


လာတင်အမေရိက:Juan Sandoval Iñiguez, 79 (Mexico)
Francisco Javier Errázuriz Ossa, 79 (Chile)
Geraldo Majella Angelo, 79 (Brazil)
Raul Eduardo Vela Chiriboga, 79 (Ecuador)
Cláudio Hummes, 78 (Brazil)
Julio Terrazas Sandoval, 76 (Bolivia)
Jaime Lucas Ortega y Alamino, 76 (Cuba)
Nicolás de Jesús López Rodríguez, 76
      (Dominican Republic)
Jorge Mario Bergoglio, 76 (Argentina)
Raymundo Damasceno Assis, 76 (Brazil)
Norberto Rivera Carrera, 70 (Mexico)
Jorge Urosa Savino, 70 (Venezuela)
Ruben Salazar Gómez, 70 (Colombia)
Oscar Andrés Rodríguez Maradiaga, 70
      (Honduras)
Leonardo Sandri, 69 (Argentina)
Juan Luis Cipriani Throne, 69 (Peru)
Joao Braz de Aviz, 65 (Brazil)
Francisco Robles Ortega, 63 (Mexico)
Odilo Pedro Scherer, 63 (Brazil)



အာဖရိက:
Antonios Naguib, 77 (Egypt)
Anthony Olubumni Okogie, 76 (Nigeria)
Théodore Adrien Sarr, 76 (Senegal)
Laurent Monsengwo Pasinya, 73 (Congo)
Gabriel Zubeir Wako, 72 (Sudan)
Wilfrid Fox Napier, 71 (South Africa)
John Njue, 69 (Kenya)
John Olorunfemi Oneiyekan, 69 (Nigeria)
Polycarp Pengo, 68 (Tanzania)
Robert Sarah, 67 (Guinea)
Peter Kodwo Appiah Turkson, 64 (Ghana)


အာရှနှင့် သမုဒရာကမ်းလျှောက်:
Jean Baptiste Pham Minh Mân, 78 (Vietnam)
Ivan Dias, 76 (India)
John Tong Hon, 73 (Hong Kong)
Telesphore Placidus Toppo, 73 (India)
Bechara Boutros Rai, 72 (Lebanon)
George Pell, 71 (Australia)
Oswald Gracias, 68 (India)
George Alencherry, 67 (India)
Malcolm Ranjith, 65 (Sri Lanka)
Luis Antonio Tagle, 55 (Philippines)
Baselios Cleemis Thottunkal, 53 (India)

http://www.romereports.com/palio/list-of-cardinals-who-can-vote-in-the-conclave-english-9119.html#.UShiXPLovC9
မနောအောင်

Friday, 22 February 2013

စိန်ပီတာ၏ပလ္လင်ခုံပွဲနေ့


-သင့်အား ငါဆိုသည်မှာ သင်သည်ပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ ထိုအသင်းတော်ကို ငရဲတံခါးတို့သည် မအောင်နိုင်ရာ။ - (သံမာတေဦး ၁၆း၁၈)

သခင်ခရစ်တော်မှ စိန်ပီတာအား အသင်းတော်၏ ခေါင်းဆောင်အဖြစ် ခန့်အပ် ခဲ့သည်ကိုလည်း ပြန်လည် အောက်မေ့သတိရကာ ကျင်းပခြင်း ဖြစ်သကဲ့သို့ ခရစ်ယာန် အားလုံး၏ စည်းလုံးခြင်းအဖြစ် စိန်ပီတာ၏ပလ္လင်ခုံသည် အဓိပာယ်ဆောင်၍ ဤပွဲတော်အား ကျင်းပခြင်းဖြစ်ပေသည်။ ကက်သလစ် အသင်းတော်တွင် သာသနာနယ်ပေါင်း များစွာနှင့် ဖွဲ့စည်းပြီး ထိုသာသနာနယ်များမှ ဆရာတော်များအားလုံးသည် တန်းတူအဆင့်ရှိကြသည်။ ထို့အတူ ပုပ်ရဟန်းမင်းကြီးသည်လည်း ထိုသာသနာ နယ်များစွာထဲမှ သာသနာတစ်ခုဖြစ်သည့် ရောမမြို့၏ဆရာတော် တစ်ပါးသာဖြစ်ပေသည်။ သို့သော် အားလုံးသော သာသနာနယ်များနှင့် ဘာသာဝင်တို့၏ စည်းလုံးခြင်းအဖြစ် ရောမမြို့အား ဗဟိုရ်ပြု၍ ရောမမြို့၏ဆရာတော်အား (Primus inter pares) တန်းတူတွေထဲမှ ပထမဆုံးသူဟူ၍ ကက်သလစ် ဘာသာတစ်ခုလုံး၏ ခေါင်းဆောင်အဖြစ် ပုပ်ရဟန်းမင်းကြီးဟု ခေါ်ဆိုကြခြင်းဖြစ်ပေသည်။

 ခရစ်တော်သည် စီမွန်အား ကျောက်တုံးကျောက်ဆောင်ဟု အဓိပာယ်ရှိသော ပီတာဟူသည့် အမည်ကိုပေးခဲ့ကာ ထိုကျောက်ဆောင်ပေါ်တွင် သူ၏အသင်းတော်ကိုတည်ဆောက်မည်ဟု ပြောဆိုခဲ့သည့်အတိုင်း ကမ္ဘာတ၀ှမ်းလုံးရှိ သာသနာနယ်များမှ ဘာသာဝင်အားလုံး၏ ယုံကြည်ခြင်းနှင့် စည်းလုံးခြင်းအား ရောမမြို့ သာသနာမှတဆင့် ကမ္ဘာကိုသိစေ ပေါ်လွင်စေပါသည်။ ယုံကြည်ခြင်းဆိုင်ရာ၊ အသင်းတော်နှင့်ဆိုင်ရာများကို ပုပ်ရဟန်းမင်းကြီးမှ တရားဝင်စကားမိန့်ဆိုသည့်အခါ သူ၏စကားသည် အသင်းတော်တစ်ခုလုံး၏ သက်သေခံချက်စကားပင်ဖြစ်ပါသည်။

ရှေးဦးခရစ်ယာန်များကတည်းကပင် ဤပွဲတော်အား ရောမမြို့တွင် ဇန်န၀ါရီ ၁၈ရက်နေ့၊ အန်တီအို့မြို့တွင် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့များတွင် ကျင်းပလာခဲ့ကြသည်။ ထိုပွဲအား ကျင်းပလေတိုင်း စိန်ပီတာကိုယ်တိုင် အသုံးပြုခဲ့သော ထိုင်ခုံပလ္လင်အား ဂါဝရပြုလေ့ရှိသည်။ ရှေးထုံးကို မပယ်သော အသင်းတော်အနေဖြင့် ထိုရှေးဦးခရစ်ယာန်တို့၏ ဓလေ့ထုံးတမ်းအတိုင်း ထိုပွဲတော်အား ယနေ့ထိတိုင် ကျင်းပပါသည်။ ယနေ့ အသင်းတော်၏ ၀တ်ပြုကိုးကွယ်ရာ ပြကဒိန်တွင် ဤပွဲနေ့အား ဖေဖေါ်ဝါရီ ၂၂တွင် ထည့်သွင်းကျင်းပလေသည်။

ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ်(၁၆)က ဤပွဲတော်အား ကျင်းပရခြင်းမှာ အသင်းတော်တစ်ခုလုံးအား စည်းစည်းလုံးလုံးနှင့် ကယ်တင်ခြင်းလမ်းစဉ်သို့ လမ်းပြဦးဆောင်လိုသော ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ၏ အထူးအမှတ်လက္ခဏာအား လက်ခံအသိမှတ်ပြုဖို့ပင်ဖြစ်ပါသည် ဟုမိန့်ဆိုခဲ့လေသည်။
ထိုကြောင့် ယနေ့စိန်ပီတာ၏ပလ္လင်ခုံပွဲသည် တကမ္ဘာလုံးရှိ အသင်းတော်အား စုရုံးစည်းလုံးစေရန် ဖိတ်ခေါ်လိုက်ခြင်းပင်ဖြစ်ပါသည်။ သာသနာနယ်တိုင်းရှိ ကက်သီဒြရယ်ကြီးများသည် ဤပွဲတော်အား မီးမောင်းထိုးပြသကဲ့သို့ ရောမမြို့ရှိသာသနယ်၌ ဗဟိုရ်ပြုကြောင်းကိုလည်း အသိမှတ်ပြုထားပေသည်။

ကိုရင် (ဒိုမီနီကန်)

Wednesday, 20 February 2013

ဥပုသ်နေ့မြတ်


ကမ္ဘာဦးကျမ်း၌ ဘုရားသခင်သည် ခြောက်ရက်တိတိ ဖန်ဆင်းခြင်းလုပ်ဆောင်၍ သတ္တမမြောက်နေ့ (ခုနှစ်ရက်နေ့)တွင် အနားယူတော်မူကြောင်းကို ဖော်ပြထားပေသည်။ ဤနားရက်အား ဟေဗြဲဘာသာစကားအရ ဆားဗတ်(tb;v')) ဟုသုံးနှုန်းထား၍ ဥပုသ်နေ့၏ မူလစကားလုံးဖြစ်ပေသည်။ ဟေဗြေဲဘာသာစကားအရ ဆားဗတ်၏အဓိပါယ်မှာ- အလုပ်တစ်ခုမှ ရပ်တန့်ခြင်း၊ အဆုံးသတ်ခြင်း၊ အနားယူခြင်းဟူ၍ ဖြစ်ပါသည်။ ထိုကြောင့် သတ္တမနေ့ရောက်သော်- ဘုရားသခင်သည် ဖန်ဆင်းခြင်းအမှု့ကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ (ကမ္ဘာဦးကျမ်း ၂း၂-၃) ဟု၍ ဖော်ပြထားလေသည်။

မိုးဇယ်အားဖြင့် အီဂျစ်ပြည်ကျွန်ဘ၀မှ အီစ္စရာအဲလ်လူမျိုးတို့အား ဘုရားသခင်သည် ကယ်တင်ခဲ့ပြီး သူ၏ လူမျိုးတော်အဖြစ်ရွေးကောက်အပြီး၌ ၎င်းအီစ္စရာအဲလ် လူမျိုးတို့အတွက် ညွှန်ကြားချက်များနှင့်အတူ ဥပုသ်နေ့အား စောင့်ထိန်းရန်အတွက် ပညတ်တော်ဆယ်ပါးကို စီနာရီတောင်ပေါ်၌ မိုးဇယ်အားဖြင့် ပေးခဲ့လေသည်။ ထိုကြောင့် ဆားဗတ်(שבת)ဟူသော ဘုရားသခင်၏နားရက်သည် ဂျူးလူမျိုးတို့အတွက် ဥပုသ်နေ့အဖြစ် အဓိပါယ် သက်ရောက် လာခဲ့လေသည်။ ပညတ်တော် (၃)- ဘုရားရှင်၏ သီတင်းပွဲနေ့ တို့ကို စောင့်လော့။

ပညတ်တော် ဆယ်ပါး၏တစ်ပါး အပါဝင်ဖြစ်လာသည့်အတိုင်း ဂျူးလူမျိုးများအတွက် ဥပုသ်နေ့သည် မဖြစ်မနေ လုပ်ရမည့်စောင့်ထိန်းရမည့်နေ့ဖြစ်ပေသည်။ ထွက်မြောက်ရာကျမ်း(၃၁း ၁၂-၁၇)၌- သင်တို့သည် ငါ၏ဥပုသ်နေ့များကို စောင့်ထိန်းရမည်။ ထိုဥပုသ်နေ့သည် သင်တို့နှင့်ငါ့အကြားရှိ အမှတ်လက္ခဏာဖြစ်ပေသည်။ ထာဝရဘုရားသည် သင်တို့အား သန့်ရှင်းစင်ကြယ်စေကြောင်း သိစေရမည်။ ထိုကြောင့် ဥပုသ်နေ့ကိုစောင့်ထိန်းပါ။ ဥပုသ်နေ့သည် သင်တို့အတွက် သန်ရှင်းရာအကြောင်း ဖြစ်ပေသည်။ …ခြောက်ရက်အလုပ်လုပ်ရမည်။ သတ္တမနေ့မြောက် ငါအထူးအနားယူရာနေ့၌ သင်တို့သည်လည်း ငါ့အတွက် သန့်ရှင်းစေကြလော့။ ထိုဥပုသ်နေ့၌ အလုပ်လုပ်သောသူသည် အသေခံရမည်။ ဤသတ္တမနေ့သည် သင်တို့နှင့် ငါ့အကြား ထာဝရပိညာဉ်ဖြစ်ပေသည်။ ဥပုသ်နေ့ကို စောင့်ထိန်း၍ လန်းဆန်းစေကြလော့ ဟုဖော်ပြထားလေသည်။ ထိုကြောင့် ဂျူးတို့၏စိတ်ဓါတ်အသိတရား၌ ဥပုသ်နေ့၌ မည်သည့်အလုပ်မျှ မလုပ်ရဘဲ ဘုရားသခင်ကိုဆက်ကပ်ရပေသည်။ ချိုးခြံခြင်းအမှု့ကိုပြုရသည်။ ဆုတောင်းခြင်းအမှု့ကိုပြုရသည်။ တရားဇရပ်များသို့သွား၍ တရားနာရသည် (၀တ်ပြုရာကျမ်း ၂၃း၁-၃)။

သို့သော်လည်း ဂျူးလူမျိုးများအတွက် ဆားဗတ်(ဥပုသ်နေ့)သည်- ဥပုသ်နေ့အတွက် ဂျူးလူမျိုးများ ဖြစ်လာခဲ့သည်။ ထိုကြောင့် သခင်ခရစ်တော်၏ ပြင်းပြင်းထန်ထန် a၀ဖန်ခြင်းကို ခံရလေသည်။ ဥပုသ်နေ့ကို လူတို့အတွက် သတ်မှတ်ထားခြင်းဖြစ်၏။ လူတို့ကို ဥပုသ်နေ့အတွက် ဖန်ဆင်းထားခြင်းမဟုတ် (မာကု ၂း၂၇)တွင် ခရစ်တော်မိန့်ဆိုလေသည်။ ဂျူးတို့၏ ဥပုသ်နေ့သည် စနေနေ့ဖြစ်၍ ခရစ်ယာန်တို့အတွက်မူ ရက်သတ္တတစ်ပတ်၏ပထမနေ့ တနင်္ဂနွေနေ့ဖြစ်လာလေသည်။ အကြောင်းမှာ ဓမ္မသစ်သမိုင်းသစ်ဖွင့်ခဲ့၍ ခရစ်တော်၌ ဗဟိုရ်ပြုသည့် ယုံကြည်ခြင်းကြောင့် ခရစ်တော်ရှင်ပြန်ထမြောက်သည့်နေ့ဟူ၍ တနင်္ဂနွေနေ့ ဖြစ်လာရလေသည်။ တနင်္ဂနွေနေ့သည် ဖန်ဆင်းခြင်းနေ့သစ်၊ အပြစ်နှင့်အမှောင်ကို ခရစ်တော်အောင်မြင်သည့်နေ့၊ ပါစကားနေ့သစ် ဖြစ်လာလေသည်။ သို့ဖြစ်၍ ခရစ်ယာန်ဘာသာဝင်တို့၏ ဥပုသ်နေ့မြတ်သည် ခရစ်တော်၏နေ့(Dies Christi) ဖြစ်လာလေသည်။ ခရစ်တော်၏နေ့သည် ယုံကြည်ခြင်းနေ့၊ ခရစ်တော်၏နေ့သည် မျှော်လင့်ခြင်းနေ့၊ ခရစ်တော်၏နေ့သည် ချစ်ခြင်းမေတ္တာနှင့် ဂရုဏာနေ့၊ ခရစ်တော်၏နေ့သည် ဥပုသ်နေ့၏ပြည့်စုံခြင်းပင်ဖြစ်ပါသည်။

သို့ဖြစ်၍ ခရစ်တော်၏နေ့ (ဥပုသ်နေ့)သည် မူလဥပုသ်နေ့၏အနှစ်သာရကို မဖျက်စီးဘဲ ထိုဥပုသ်နေ့ကို ပြည့်စုံစေသည့်နေ့ ဖြစ်လာသောကြောင့် ခရစ်ယာန်များ၏ ဥပုသ်နေ့သည် လုံးဝအဓိပာယ် ပြည့်စုံနေရမည်။ ထိုနေ့ကို ဘုရားသခင်၏ သန့်ရှင်းစင်ကြယ်ခြင်းနေ့အဖြစ်ထိန်းသိမ်းရုံမကဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကိုပါ ရောင်ပြန်ဟပ်စေရပါမည်။ သို့မှသာလျှင် ဥပုသ်နေ့၌ ကောင်းမှု့ကုသိုလ်ပင် မလုပ်ရအောင် တင်းကြပ်သည်စည်းကမ်းမရှိဘဲ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ရောင်ပြန်စေသည့် ဥပုသ်နေ့ဖြစ်ပေလိမ့်မည်။ လူသည် ဥပုသ်နေ့အတွက်မဟုတ်ဘဲ ဥပုသ်နေ့သည် လူအတွက် ဖန်တီးထားကြောင်းကိုလည်း ပို၍နားလည်လာပါလိမ့်မည်။ တနင်္ဂနွေနေ့သည် ခရစ်ယာန်တို့အတွက် လုံးဝခြွင်းချက်မရှိသည့်နေ့ဖြစ်နေရပေမည်။


ဥပုသ်နေ့နှင့်စပ်လျဉ်း၍ ဖတ်ရှု့ဖွယ်ကျမ်းပိုဒ်များမှာ - (သံမာတေဦး ၂၃း၎ ၊ သံမာကု ၂း၂၇၊ သံမာတေဦး ၁၂း၃၊ သံမာကု ၂း၂၅၊ သံလုကာ ၆း၃၊ ၁၄း၅)
ထို့အပြင် 
- ( ကော်လောဆေ ၂း၁၆၊ ဂါလားဆီယာ ၄း၉-၁၀၊ ရောမ ၁၄း၅၊ တမန်တော် ၂၀း၇ နှင့် ကော်ရိန့်သု ၁၆း၂ ) 

ထို့အပြင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂)၏ CHAPTER II , DIES CHRISTI
The Day of the Risen Lord and of the Gift of the Holy Spirit
The weekly Easter ကိုလည်း ဖတ်ရှု့နိုင်ပါသည်။ 

မနောအောင်


Monday, 18 February 2013

ဝါတွင်းအသံ


မိတ်ဆွေ ခရစ်ယာန်ဘာဝင်ဝင် ညီအကို မောင်နှမ အပေါင်းတို့။

မိမိတို့ တဦးချင်းစီ၏ ၀ါတွင်း ရက်ပေါင်း ( ၄၀) ကို အဓိပ
ာယ်ရှိသော ကာလဖြစ်စေရန်အတွက် အောက်ပါ အချက်အလက်များအား ဆင်ခြင် ထောက်ရှု့ ကြပါစို့။

ပထမဦးစွား ကက်သလစ်ဘာသာဝင်များတွင် အဘယ်ကြောင့် ၀ါတွင်း ရက်ပေါင်း (၄၀) ၇ှိရသည်ကို ကျမ်းစာနှင့်တကွ ဆင်ခြင်ကြကုန်စို့
- ထွက်မြောက်ရာကျမ်း (၁၆း၃၅ )တွင် အီစ္စရာအဲလ်လူများ သဲကန္တာရထဲတွင် နှစ်ပေါင်းလေးဆယ်တိုင်အောင် အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ဆင်းရဲဒုကွရောက်ရခြင်း
- သံမာတေဦး ( ၄း၁-၁၁) တွင် သခင်ယေဇူးကိုယ်တော်တိုင် ရက်ပေါင်း (၄၀) အစာရှောင်၊ခြိုးခြံ ဆုတောင်းပြုလုပ်ခြင်း
- တမန်တော်ဝတ္ထု (၁-၃) တွင် ရှင်ပြန်ထမြောက်ပြီး ရက်ပေါင်း (၄၀) တိုင်အောင် တပည့်တော်ကြီးများနှင့် အတူတကွနေထိုင်ကြသည်ဆိုတဲ့ အကြောင်းကို ဆင်ခြင်ကြသောကြောင့် ကက်သလစ်ဘာသာဝင်များတွင် ၀ါတွင်း ရက်ပေါင်း (၄၀) ရှိသည်ဆိုသည်ကို သတ်မှတ်ထောက်ရှုခဲ့ကြပါသည်။

ယခုနှစ် (၂၀၁၃) ၀ါတွင်း ကာလတွင် အထူးပြုလုပ်သင့်မည့် အချက် သုံးချက်ရှိပါသည်-
(၁)
- ဆုတောင်း၊ခြိုါ်ခြံ၊ ၀ါေ၇ှာင်ခြင်းနှင့် အပြစ်ဒဏ်ဆပ်ဖြေခြင်း ( မိမိ၇ဲ့ မကောင်းသော အလေ့အကျင့်များကို ထိန်းချူပ်ခြင်း)
- မိမိရဲ့ ကိုယ်၊စိတ်၊၀ိညဉ်ကို သန့်ရှင်းစင်ကြယ်အောင် ပြင်ဆင်ခြင်း
- ဘု၇ားသခင်၇ဲ့အလိုတော်ကို လိုက်နာဆောင်၇ွက်ခြင်း

(၂)
၂၀၁၃ခုနှစ် ၀ါတွင်းဆောင်ပုဒ်မှာ
Good Friday People (သောကြာနေ့ကြီး၏လူများ) ဖြစ်ပါသည်။ အဓိပ
ာယ်မှာမူ ယနေ့ ခေတ်သစ် သခင်ယေဇူးသည် အတိဒုကွရောက်နေသောသူများ၊ အငယ်ဆုံးသော သူများကို ကိုယ်စားပြုပြီး ထိုသူတို့သည် အမြဲတမ်း ဒုက္ခအခက်အခဲနှင့် ရင်ဆိုင်နေရသည် ၎င်းတို့အတွက် လွတ်မြောက်ခြင်းနှင့် ကယ်တင်ခြင်းမှာမူ ဝေးကွာလွန်းလှသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ထိုကဲ့သို့သော သဘာဝဘေးဒဏ်နှင့် လူလုပ်သော ဘေးဒဏ် အမျိုးမျိုးခံစားနေရသော အငယ်ဆုံးသော သူများအတွက် အထူးရည်ရွယ်ပြီးဆုတောင်းပေးရသော ကာလအဖြစ် ယခုနှစ်အတွက်သတ်မှတ်ထားပါသည်။
(၃)
- ဆုတောင်းပါ၊ ခြိုးခြံပါ၊ကရစ္စတူးကားလမ်းလှည့်ပါ။ဝါရှောင်ပါ။- သို့သော် ၎င်းတို့ထက် ပိုအရေးကြီးသည်မှာ အငယ်ဆုံးသော သူများကို မိမိတို့ တတ်စွမ်းသည့်ဖက်မှ ဖေးမ ကူညီပံ့ပိုးပေးရန် ပိုအရေးကြီးသည်ကို သတိပြုကြစေ ရန်တိုက်တွန်းပါသည်။

ယခု၂၀၁၃ ခုနှစ်သည် ယုံကြည်ခြင်းနှစ် ဖြစ်သည့် အားလျှော်စွာ မိမိတို့ တဦးစီရဲ့ ယုံကြည်ခြင်းကို ပြန်လည်ဆန်းစစ်သင့်ကြပေသည်။ မိမိရဲ့ ယုံကြည်မှု့ဟာ သက်ဝင်လှုပ်ရှားသော ယုံကြည်မှု့လား အိပ်ပျော်နေသော ယုံကြည်မှု့လားဆိုတာကို ပြန်လည်ဆန်းစစ်ရန်အတွက် အောက်ပါ ကျမ်းပုဒ်များကို ဖတ်ရှု့၍ ထောက်ရှု့ကြပါလော။
- သံယာကုပ် (၂း၁၄-၁၉) တွင် လက်တွေ့မရှိသော ယုံကြည်မှု့အကြောင်း
- ဟေရှယ အနာဂတိကျမ်း (၅း၈-၇)တွင် ပေးကမ်းစွန့်ကြဲရန်အကြောင်း
- သံမာတေဦး (၂၅-၃၀-၄၀) တွင် လက်တွေ့မလုပ်ဆောင်ပါက နောက်ဆုံးနေ့ရက်တွင် စီရင်ခြင်းခံရမည့်အကြောင်း များကို ဆင်ခြင်ထောက်ရှု့ပြီး မိမိတို့တဦးစီ၏ ယုံကြည်ခြင်းကို ပြန်လည်ဆန်းစစ်ကြပါစို့။

ချစ်လှစွာသော ညီအကိုမောင်နှမအပေါင်းတို့
စစ်မှန်သော ခ၇စ်ယာန်တယောက်သည် 3W နှင့် ပြည့်စုံမှ ခေါ်လို့ရနိုင်သည်။
၎င်းတို့မှာ-

- Word
Word ကတော့ ဘု၇ားသခင်၏နှုတ်ကပါတ်တော်ဖြစ်တဲ့ ကျမ်းစာကိုဆိုလိုပါတယ်။ ကျမ်းစာဟာ ခရစ်ယာန် တွေ မဖြစ်မနေ ဖတ်ရမည့် အရာဖြစ်ပြီး ကျမ်းစာမှ မိမိတို့ တဦးစီ တွင်မည်သို့လုပ်ဆောင်ရမည်ကို ဘုရားသခင်က မည်သို့အလိုတော်ရှိသည်ကို သိရှိနိုင်မည်ဖြစ်သောကြောင့် ကျမ်းစာကို ဖတ်ရန် တာဝန်ရှိသည်။ ကျမ်းစာမှ လမ်းညွန်မှု့ပေးသည် လှုံ့ဆော်မှု့ပေးခြင်းဖြစ်သည့်အပြင် သူတစ်ပါးကိုလည်း ဟောပြောခြင်းငှာ တိုက်တွန်းလေသည်။

- Worship
Worship ကတော့ ၀တ်ပြုကိုးကွယ်ခြင်းဖြစ်ပြီး မိမိတို့ တဦးစီမဟုတ်ပဲ အသင်းလိုက် အဖွဲ့လိုက် ဆုတောင်းရန်လိုအပ်လေသည်။ ကက်သလစ်ဘာသာဝင်များ အမှတ်အသားဖြစ်သော ခမည်းတော် သားတော် သန့်ရှင်းသော ၀ိညာဉ်တော်သည် သုံးပါးပေါင်းမှ တဆူဘုရားဖြစ်သောကြောင့် ကက်သလစ်ဘာသာဝင်များသည်လည်း အသင်းလိုက် အစုလိုက် စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းကို ပြုလုပ်ရန်အရေးကြီးကြောင်း ဖော်ပြပါသည်။

- Witness 
 Witness ဆိုတဲ့ လက်တွေ့လုပ်ဆောင် မှု့ မပါပဲနှင့် ခရစ်ယာန်လို့ မပြောပါနဲ့နှင့်။ ဆိုတော့ ယနေ့ ခရစ်ယာန်ကောင်းတယောက်အနေနဲ့ လက်တဖက်တွင် ကျမ်းစာအုပ်ကိုင်နေသည်နှင့် မပြည့်စုံပဲ ကျန်တဖက်ကို သတင်းစာ ကိုင်ရန်လိုအပ်ကြောင်း ပြောနေပါသည်။ သို့မှသာ မိမိတို့ ပတ်ဝန်းကျင်တွင် ရှိသော အငယ်ဆုံးသောသူငယ်များကို မည်ကဲ့သို့ လက်တွေ့ကူညီရမည်ကိုသိရှိမည်ဖြစ်သောကြောင့် ခရစ်ယာန်များအနေနဲ့နှင့် မိမိတို့၏ အဓိပွာယ်ရှိသော ၀ါတွင်းကာလကို ကျော်ဖြတ်နိုင်ရန် အားပေးလှုံ့ဆော်လိုက်ပါသည်။

(မှတ်ချက်၊ ချမ်းသာကုန်း မယ်တော်ကျောင်းတွင် တက်ရောက်ခဲ့သော ၀ါတွင်းလှုံ့ဆော်မှု့ သင်တန်းမှ စာစုများ)
စု

Sunday, 17 February 2013

သူရွေးတဲ့လမ်း



ရိုက်နှက်ညှင်းဆဲ . . . နာကျင်မဲ့လမ်း
ကိုယ်တော်ဘာလို့ လျှောက်ခဲ့လဲ . . .
အ၀တ်မပါ ကိုယ်ဗလာမှာ . . .
သွေးစက်တွေစီး . . . ဦးခေါင်းသရဖူ
ကိုယ်တော်ဘာလို့ ဆောင်းခဲ့သလဲ. . .
ခြေလက်သံမှို . . . စွဲကာကပ်လို့
သစ်တိုင်ထက်မှာ . . . သုံးနာရီတိုင်
နာကျင်ခံစား . . . ကိုယ်တော်သက်တော်စွန့်ခဲ့တယ်
ဘ၀လမ်းမှာ . . . အပျော်တစ်ခါကြုံခဲ့ပါသော်
ကိုယ်တော်ကျေးဇူး . . . တစ်ခါချီးမွမ်း မလုပ်သည့်ပြင်
စိတ်ညစ်စရာကြုံခဲ့ရင်လည်း . . . စိတ်ပျက်ညည်းညူ
မမြင်ကြဘူး . . .
သစ်တိုင်တော်ထက် . . . လူသားပြစ်တွက်
နာကျင်မဲ့လမ်း . . . လျှောက်ကာလှမ်းတဲ့
ကိုယ်တော်ရွေးတဲ့ . . . အပြစ်ကယ်ချွတ်ခဲ့ရာလမ်း

နေမိုး



Saturday, 16 February 2013

ဝါတွင်း ပထမတနင်္ဂနွေ (ကမ္မဌာန်းထောက်ရှု့ချက်)


ယေဇူးသည် အရက်လေးဆယ်တိုင်တိုင် နတ်ဆိုး၏နှောက်ယှက်ခြင်းကိုခံရဖို့အတွက် တောကန္တာရသို့ မထွက်သွားမှီ “၀ိညာဉ်တော်မြတ်နှင့်ပြည့်ဝလျက်” ဟု (လု ၄း၁)၌တွင် ဖော်ပြထားပြီး တဆက်တည်းမှာပင် ၀ိညာဉ်တော်၏ခေါ်ဆောင်ရာသို့ လိုက်ပါသွားကြောင်း တွေ့ရှိရသည်။ ဤသည်ပင် ကျွန်ုပ်တို့ ပုထုဇဉ်လူသားများအတွက် ဘ၀အခက်ခဲများဖြစ်ဖြစ်၊ အနှောက်အယှက်များပဲဖြစ်ဖြစ်၊ ကြုံလာဒုက္ခများ အားလုံးအား ၀ိညာဉ်တော်မြတ်နှင့်အတူ ဖြေရှင်းကြဖို့၊ ၀ိညာဉ်တော်မြတ်နှင့်ပြည့်ဝနေဖို့ လိုအပ်ကြောင်း ထောက်ရှု့ မိပါလိမ့်မည်။ ဘ၀မှာ ဘုရားမရှိဘဲ ဒုက္ခဆိုတာ သုခဖြစ်မလာနိုင်ပါဘူး။ မည်သို့ပင်ဆိုစေ ဒုက္ခဆိုတာ ဘ၀ရဲ့အမှန်တရားမှာ တစိတ်တပိုင်း အဖြစ်ရှိနေမှတော့ ရှောင်ဖယ်လို့ မရပါဘူး။ သို့သော်လည်း ထိုဒုက္ခအမှန်တရားမှာ ကျွန်ုပ်တို့အတွက် ဘုရားသခင်နှင့်အတူ ပူးပေါင်းဖို့၊ ဘုရားသခင် ဆီမှာပို၍နီးကပ်စွာချည်းကပ်တတ်ဖို့၊ ၀ိညာဉ်တော်မြတ်နှင့်ပြည့်ဝလျက် တရားတော်အားဖြင့် ဘ၀အဖြေ၊ သုခကို ရှာတွေ့နိုင်ဖို့ပင်ဖြစ်ပါသည်။ မိမိဘ၀မှာ ဘုရားရှိလျှင် ဒုက္ခသည်ပင် သုခဖြစ်လာပါလိမ့်မည်။

ယနေ့ကျမ်းစာတော်မြတ် (လု ၄း ၁-၁၃)အထိအား အပြည့်အ၀ ထောက်ရှု့မိသော် ထိုကျမ်းပိုဒ်သည် ဒုက္ခ ပင်လဲကြီးအလယ်မှာ၊ အနှောက်ယှက် ၀ဲဂရက်ကြီးအလယ်မှာ ကျွန်ုပ်တို့ ဒုက္ခရောက်နေသည့် အချိန်ကို တိုက်ရိုက်ပြေးမြင်မိစေပါသည်။ ထို့အတူ ဒုက္ခပင်လယ်ကြီး အလယ်၊ နှောက်ယှက်ခြင်း ၀ဲဂရက်အလယ်ထဲ ရောက်နေချိန် ဖြေရှင်းတတ်ဖို့ ခရစ်တော်သခင်မှ နမူနာကြုံတွေ့ဖြေရှင်းပြသနေသကဲ့သို့ပင် ထောက်ရှု့မိသည်။ ခရစ်တော်ခံရသည့် နှောက်ယှက်ခြင်း (၃)ခုအား ဆက်လက်ထောက်ရှု့ကြည့်ကြပါစို့။

အရက် (၄၀)တိုင်တိုင် မစားမသောက်နေခဲ့သော ယေဇူးအတွက် အမှန်တကယ်လိုအပ်နေမည့်အရာမှာ အစားအသောက်ပင်ဖြစ်ပေလိမ့်မည်။ ဤသည်ကိုအခွင့်ကောင်းယူ၍ အတ္တကိုနှိုးဆွခြင်း နည်းပရိယာယ်ဖြင့် နတ်ဆိုးသည်နှောက်ယှက်ခဲ့သည် (သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲအား ပေါင်မုန့်ဖြစ်စေရန်အမိန့်ပေးပါလော့)။ ကျွန်ုပ်တို့ဘ၀မှာ ပါရမီကောင်းများကို သီးသန့်အချိန်တခုထိ ကျင့်ကြံနိုင်ခဲ့ပြီးကာမှ မိမိအတ္တကို အစွခံရပြီး ကျင့်ခဲ့သမျှတရားပျောက်ပျက်ကုန်တတ်ပါသည်။ ထိုကဲ့သို့ မိမိအတ္တအစွခံရသည့်အခါ ထိန်းသိမ်းနိုင်စွမ်းမရှိ၍ ဖြစ်ရလေသည်။ ယနေ့ကျမ်းပိုဒ်မှာတော့ ခရစ်တော်က လူသည်မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်။ ဘုရားသခင်၏နှုတ်တော်ထွက် စကားအားဖြင့်လည်း အသက်ရှင်ကြောင်း တရားအမှန်ကို စွဲမြဲစွာကိုင်ထားပြခဲ့ပါသည်။ မှန်ပါသည်- ဘ၀မှာ အစားအသောက်တစ်ခုတည်းဖြင့် အသက်မရှင်သန်နိုင်ပါ။ အစားအသောက်များ ပေါများကြွယ်ဝသည့် လူတွေ၊ ယုံကြည်ချက်မရှိ၊ မျှော်လင့်ချက်ပျောက် နောက်ဆုံးအသက်ဆုံးရှုံးရတဲ့သာဓကတွေ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ စဉ်းစားစရာတွေပါ။ ဘုရားသခင်၏နှုတ်တော်ထွက်စကားမရှိသောကြောင့် ရှင်လျက်သေသူတွေကလည်း ဒုနှင့်ဒေးပါပဲ။ စဉ်းစားစရာပါပဲ။

ဒုတိယနှောက်ယှက်ခြင်းမှာ လောကဘုန်းစည်းစိမ်များ၊ အာဏာပါဝါများနှင့် အစိုးရချင်သောစိတ် လောဘအားဖြင့် မိမိတို့တရားပျက်စီးရတတ်ကြောင်းနှင့် မည်သို့ကာကွယ်နိုင်မည်ကို လမ်းပြပေးထား လေသည်။ ထိုကဲ့သို့ ဘုန်းစည်းစိမ်များ၊ အာဏာများ၊ နေရာ ရာထူးများဖြင့် လာဘ်ထိုးလာသောအခါ အမှန်တရားဘက်မှ ရပ်တည်ပြီး ထိုလာဘ်များကို ငြင်းဆန်နိုင်ဖို့မှာ မိမိကိုယ်ကို ရောင်ရဲ တင်တိမ်တတ်ခြင်းနှင့် နှိမ့်ချတတ်ခြင်း ရှိဖို့ အထူးလိုအပ်ပါသည်။ မိမိဘ၀ တိုးတက်ဖို့ အသက်ရှင်နေကြသည်မှာ မှန်သော်လည်း မှန်ကန်သောနည်းလမ်းသာလျှင် စိတ်ချစွာအသုံးချနိုင်သည့် လှေကားထစ်များသာဖြစ်ပါသည်။ မိမိကိုယ်တိုင် အမှန်တရားကို နှစ်သက်ပါလျက် အဘယ်ကြောင့်များ သိသိကြီးနှင့် ထိုလာဘ်ပေးလာဘ်ယူမှု့ကို ကြူးလွန်နိုင်ဝံ့ပါမည်နည်း။ မိမိမှာ ယုံကြည်ခြင်း ခိုင်ခိုင်မာမာ ရှိနေလျှင် အောင်မြင်မှု့လမ်းပေါ် မလွဲမတေရောက်နေပါလိမ့်မည်။ မျှော်လင့်ချက်တို့ဖြင့်လည်း အသက်ရှင်နိုင်ပါလိမ့်မည်။ ဘ၀ဟာလည်း အဓိပာယ်တွေနဲ့ ပြည့်နေပါလိမ့်မည်။ ထိုကြောင့် ထိုယုံကြည်ချက်၊ ထိုတရားအား လက်ကိုင်ထားပြီးလျှင် စွဲမြဲနေဖို့လိုအပ်ပါသည်။ အများပေးသည့် မက်လုံးများလည်း ငြင်းဆန်နိုင်ဖို့ အမှန်တရားကို စွဲစွဲမြဲမြဲဖက်ထားပါ။ ခရစ်တော်ကဲ့သို့ နှိမ့်ချစွာတုန့်ပြန်လိုက်ပါ- သင်၏အရှင်ထာဝရဘုရားသခင်ကို ကိုးကွယ်ရမည်။

တတိယမြောက်နှောက်ယှက်ခြင်းက မိမိ၏တရား၊ မိမိ၏ကျင့်စဉ်များဖြင့် မိမိမာနကို ရိသဲ့သဲ့လုပ်ကာ စိန်ခေါ်လိုက်သည့် နှောက်ယှက်ခြင်းပါပဲ။ ဒီလိုအတွေ့အကြုံမျိုးအား မိမိကိုယ်တိုင်မဟုတ်လျှင်ပင် အခြားသူများမှတဆင့် ကြုံဖူးကြမှာပါ။ တချို့သူတွေက ၎င်းတို့လိုရာရဖို့အတွက် မိမိအားမက်လုံးပေး နှောက်ယှက်တတ်ကြသည်။ နောက်ဆုံး ခေါင်းမာသည့်အဆုံး ကိုယ့်တရားနှင့်ကိုယ့်ကို ပြန်ရိုက်တတ်ကြသည်အထိ မြူစွယ်တတ်ကြသည်။ ထိုအချိန်မျိုးမှာ တရားဒေါသဟူ၍ အမျက်ဒေါသထွက်ကာ မိမိတရားပျက်တတ်သည်။ ထိုနှောက်ယှက်ခြင်းမျိုးအား ကာကွယ်နိုင်ဖို့ ကိုယ့်တရားကိုကိုယ်နိုင်ဖို့လိုလိမ့်မည်။ မိမိယုံကြည် သက်ဝင်သည့်တရားအကြောင်း ပိုင်ပိုင်နိုင်နိုင် သိကျွမ်းဝင်နေရပေမည်။ သို့မှသာလျှင် ခရစ်တော်ကဲ့သို့ တရားလမ်းဖြင့်ပြန်လည်ခုခံနိုင်ပေမည်- သင်၏အရှင် ထာဝရဘုရားသခင်ကို စုံစမ်းခြင်းမပြုရဟူ၍ ကျမ်းစာတော်မြတ်၌ရေးထားလေသည်။

မိတ်ဆွေ။ အထက်ပါနှောက်ယှက်ခြင်းသုံးခုအား တရားဖြင့်ပုံဖော်ထောက်ရှု့ထားသော်လည်း မိမိတို့ဘ၀တိုင်းအတွက် ကိုးစားပြုထားပါသည်။ မိမိတို့ကိုယ်တိုင် ကြုံတွေ့နေရသည့် အခက်ခဲ၊ အနှောက် အယှက်များကို အစားသွင်းပြီးထောက်ရှု့ကြည့်ပါကလည်း ဤအဖြေ ဒါမှမဟုတ် ဤအဖြေနှင့် ခပ်ဆင်ဆင်သာတွေ့ရပါလိမ့်မည်။ နောက်ဆုံးတူညီသည်ကတော့ မိမိဘ၀မှာ ဘုရားရှိလျှင် ဒုက္ခသည်ပင် သုခဖြစ်ရပါသည်။ ဒုက္ခဆိုသည်မှာ ဘ၀ရဲ့အမှန်တရားတစ်စိတ်ဖြစ်နေ၍ ရှောင်လွဲဖို့ထက် အောင်နိုင်ဖို့က ပို၍အရေးကြီးပါသည်။ ကျွန်ုပ်တို့တတွေသည် ၀ိညာဉ်တော်မြတ်ဖြင့် ပြည့်ဝနေလျှင်၊ ၀ိညာဉ်တော်မြတ်၏ ဦးဆောင်ရာသို့ နှိမ့်ချစွာလိုက်နိုင်လျှင် ကြုံလာအခက်ခဲ၊ အနှောက်ယှက်တို့သည်လည်း သာမာန် မြက်ပင်လေးများပင်ဖြစ်လာပါလိမ့်မည်။ မြက်ပင်မြက်ခင်းပေါ်မှာကဲ့သို့ ကျွန်ုပ်တို့၏ဒုက္ခများပေါ်တွင်လည်း ပြေးကစားနိုင်လာပါလိမ့်မည်။ 

ကိုရင် (ဒိုမီနီကန်)

ကားတိုင်လမ်း

သွေးစက်တစ်စက် . . . ကျခဲ့လေတိုင်း
နာကျင်ခံစား . . . အနာတရများ
အံကိုကြိတ်ကာ . . . ကားတိုင်ကိုထမ်း
ပြိုလှဲယိုင်နဲ့ . . . ခြေလှမ်းတွေနဲ့ 
သက်စွန့်သည့်တိုင် . . . သည်ကားတိုင်လမ်း
ကိုယ်တော်လှမ်းလျှောက်ခဲ့ပါတယ် . . .
အဆွေလူသား . . . ဘ၀လမ်းမှာ
မောပမ်းနွမ်းလျ . . . ပြိုယိုင်လဲသော်
အသိတချက်ရှိကာ ထားလို့ . . .မြင်ယောင်ကြည့်ပါ
အပြစ်တွေများ . . . တို့လူသားတွက်
ကယ်တင်ရှင်လျှောက်လှမ်းခဲ့သော . . .
ကားတိုင်လမ်း . . . ။

နေမိုး

အလုပ်အကိုင်ရှာဖွေရာ၌ ဆုတောင်းမေတ္တာ

အိုအဖ ဘုရားသခင်၊ သင့်လျော်သောအလုပ်ကို ရှာဖွေနေသည့်အလျောက် အကျွန်ုပ်သည် ကိုယ်တော်၏ လမ်းပြစောင့်ရှောက်ခြင်းနှင့် အကူအညီအတွက် ကိုယ်တော့်ထံ တောင်းလျှောက်ပါသည်။ စစ်မှန်သော လမ်းကြောင်းအတိုင်းလျှောက်လှမ်းနိုင်ရန် အကျွန်ုပ်၏ခြေလှမ်းတိုင်းအား လမ်းပြပေးရန်အလို့ငှာ ကိုယ်တော်၏ာဏ်ပညာတော် လိုအပ်ပေသည်။ သင့်လျော်သောစကားကိုဆို၍ သင့်လျော်ရာများကို လုပ်ဆောင်ဖို့ရန် ကျွန်ုပ်အား ဦးဆောင်ပြုတော်မူပါ။ ကိုယ်တော်ရှင်ပေးထားသော ပညာအရည်အချင်းများနှင့် စွမ်းဆောင်ရည်တို့အား အသုံးချလိုပါသည်။ သို့သော်လည်း ထိုသို့အသုံးချရန် သင့်လျော်သောအလုပ်အကိုင် ရရှိဖို့လိုနေပါ၏။ အကျွန်ုပ်အား စွန့်ပစ်မထားဘဲ ကျေးဇူးပြု၍ သနားတော်မူပါ။ သို့ဖြစ်၍ ကိုယ်တော်၏ ကြင်နာရက်ရောသောကူညီမ,စမှု့အတွက် ကျေးဇူးတော်တင်နိုင်ရန်နှင့် ထာဝရချီးမွမ်းဧကျူးနိုင်ရန် ကိုယ်တော်၏သားတော် ကျွန်ုပ်တို့သခင် ခရစ်တော်ကိုအမှီပြု၍ တောင်းလျှောက်ပါသည်။ အာမင်။ 


(စစ္စတာတစ်ပါးမှ အင်္ဂလိပ်ဘာသာ စကားဖြင့် ပို့ပေးထားသော Prayer for employment ကိုဘာသာပြန်ပေးထားပြီး ဝေမျှထားခြင်းဖြစ်ပါသည်။)


Tuesday, 12 February 2013

ပြာခံပွဲနေ့ကြီး ကမ္မဌာန်းထောက်ရှု့ချက်


ဘာသာတရားတစ်ခုကို မြင်သည့်အခါ မည်သည့် ဂုဏ်သတ္တိတွေနဲ့ ကြည့်ကြ ပါသလဲ။
ဆုတောင်း ပတ္ထနာပြုခြင်း၊ ခြိုးခြံ ကျင့်ကြံခြင်း၊ အလှူဒါနပြုခြင်း စသည့် အချက်ကြီး သုံးခုဟာ ဘာသာ တရားတိုင်းမှာ ပါဝင်တဲ့အဓိက ဂုဏ်သတ္တိများ ပင်ဖြစ်ပါသည်။ ထိုဂုဏ်သတ္တိ သုံးခုနှင့် ပြည့်စုံသော သူအား ဘာသာတရား၌ ကိုင်းရှိုင်းသူ ဟု လူ့အသိုင်းဝိုင်း၌ အလိုလို သတ်မှတ်ပြီးသား ဖြစ်ပါသည်။ သို့သော်လည်း သင်၏အမှန်တကယ် ဘာသာတရား ကိုင်းရှိုင်းမှု့သည် လူတွေအမြင်မှာပဲဖြစ်ပြီး အပေါ်ယံသက်သက်ဖြစ်နေပါသလား။ သို့မဟုတ် အမှန်တကယ်စစ်မှန်သည့် ဘာသာတရား ကိုင်းရှိုင်းခြင်းသည် သင်၏စိတ်နှလုံးသားထဲ၌ ကိန်းအောင်းနေပါသလား။ ကျွန်ုပ်တို့တတွေဟာ ထိုဂုဏ်သတ္တိကြီး သုံးခုအား ကျင့်ကြံရန်မှာတော့ ဘာသာတရားအားလုံး၌ တူညီခြင်းရှိလျှင်မှ ရှိပါလိမ့်မည်။ ယနေ့ ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့အား ကက်သလစ်အသင်းတော်ကြီး၌ ဗုဒ္ဓဟူးနေ့ကြီး၊ ၀ါကြီးဝင်သောနေ့ဟု သတ်မှတ်ထားပြီး ရက်ပေါင်း (၄၀) ၀ါတွင်းကာလကို စတင် လိုက်ခြင်းဖြစ်ပါသည်။ ၀ါတွင်းကာလသည် ကျွန်ုပ်တို့ခရစ်ယာန်များအား ချစ်ခြင်းမေတ္တာမီးလျံကြောင့် ကျွန်ုပ်တို့လူသားများ၏ကယ်တင်ခြင်းအတွက် လူ့အဖြစ်ကိုယူ၊ လူသားတစ်ဦးအဖြစ်နေထိုင်ကာ နောက်ဆုံး ဒုက္ကစရိယာခံထမ်းကာ ကားတိုင်ပေါ်တွင် အသက်တော် ပေးလှူခဲ့သော ခရစ်တော်ယေဇူးအား ဗဟိုရ်ပြု၍ ဘုရားသခင်ဆန္ဒကို စဉ်းစားထောက်ရှု့ရန်၊ မိမိတို့အဖြစ်ကို ပြန်လည်သတိရစေကာ (လူသည် မြေမှုန့်မှလာ၍ မြေကြီးသို့ပြန်သွားရမည်။) မိမိတို့၏အပြစ်များအတွက် ပြန်လည်နောင်တစွဲရန်၊ ထိုနောင်တစွဲခြင်း၏နောက်ဆက်အဖြစ် ပြောင်းလဲလာသည့် ကျွန်ုပ်တို့သည် ခရစ်တော်သခင်အား အတုယူ၍ ဘုရားနှင့်အလွန်တူသောသူများအဖြစ် ချစ်ခြင်းမေတ္တာ၌ အခြေတည်နေထိုင် အသက်ရှင်သွားဖို့ ဖိတ်ခေါ်လိုက်သည့် ကာလ၊ ဥပုသ်ကာလပင် ဖြစ်ပါသည်။

သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့အား အဆင်းသဏ္ဍန် ပြောင်းလဲပေးရန် အမြဲတမ်း အဆင်သင့် ရှိနေပါသည်။ ဒီတော့ မိတ်ဆွေ၊ ခရစ်တော်ကို အတုယူပြီး ဘုရားနှင့် အလွန်တူသော သူများအဖြစ် ချစ်ခြင်းမေတ္တာ၌အခြေတည်သော ဘ၀ဖြင့် အသက်ရှင်သန်လိုပါသလား။

ထိုဘ၀အတွက် အထက်ပါဖော်ပြသည့် ဆုတောင်းပတ္ထနာပြုခြင်း၊ ခြိုးခြံကျင့်ကြံခြင်းနှင့် အလှူဒါနပြုခြင်း စသည့်ဂုဏ်သတ္တိများကို မိမိတို့ဘ၀ဂုဏ်သတ္တိအမှန်များဖြစ်ဖို့ အဆင်းသဏ္ဍန်ပြောင်းလဲခြင်းခံယူရပါမည်။ ပြောင်းလဲရပါမည်။ ထိုကြောင့် ယနေ့ကျမ်းစာတော်မြတ်၌ သခင်ခရစ်တော်က သူ၏ တပည့်တော်ကြီးများကို ပြောဆိုခဲ့သည့် စကားတော်များကို ပြန်လည်သုံးသပ်ကြည့်ကြပါစို့။ ဤသည်ပင် ကျွန်ုပ်တို့၏ လမ်းပြဖြစ်နိုင်ပါသည်။

မိတ်ဆွေ၊ ကုသိုလ်ကောင်းမှုပြုလုပ်သောအခါ လူအများမြင်စေခြင်းငှာ မပြုလုပ်နှင့် (မာတေဦး ၆း၁)။ လူတွေရှေ့မှာ လူအများရှေ့မှာ မလုပ်ရဟု ဆိုလိုမထားပါဘူး။ သို့သော်လည်း စိတ်နှလုံးအကြံအစည်ကို အသားပေးပြောထားခြင်းဖြစ်ပြီး လူတွေမြင်စေဖို့ တမင်ရည်ရွယ်ကာ ပြုလုပ်ခြင်းသည် ဘုရားသခင်ထံသို့ ဗဟိုရ်မပြုသောကြောင့် ဤသို့မလုပ်ဖို့ ဆိုလိုခြင်းဖြစ်ပါသည်။ ထိုကြောင့် လှူဒါန်းသည့်အခါလည်း နောက်ဆုံး မိမိဘာသာတောင်ပြန်မကြွားနိုင်အောင် မိမိ၏ညာဘက် လက်ကလှူဒါန်းလိုက်တာကို ဘယ်ဘက်လက်တောင် မသိပါစေနှင့်လို့ ခရစ်တော်ကမိန့်ဆိုခဲ့ပါသည်။ အမှန်တော့ အလှူဒါန ပြုလုပ်သည့်အခါ ဒိုးပတ်သံကြပ်တွေနဲ့ပါပြုလုပ်ချင်ပြုလုပ်ပါ- သို့သော်လည်း ဘုရားသခင်၌ဗဟိုရ်ပြုသည့် စိတ်နှလုံးသား အမှန်တကယ်ရှိနေဖို့ လိုပါသည်။ လူသိရှင်ကြားပြုလုပ်တော့ အခြားသူများကိုလည်း အလှူဒါနပြုစေဖို့ တိုက်တွန်းအားပေးသလိုဖြစ်ပါသေးတယ်။ သို့သော်လည်း ထိုတိုက်တွန်းချက်က မိမိအား အများအမြင်မှာ တင့်တယ်စေဖို့ဆန္ဒအဖြစ် အတ္တ၀င်သွားသောအခါ ဘုရားသခင်ထံလှူဒါန်းရခြင်းမဟုတ်ဘဲ ထိုအလှူဒါနဟာ ဗလာနတ္တိသက်သက်သာဖြစ်သွားပါလိမ့်မည်။

ဆုတောင်းမေတ္တာပြုနေသူကို မြင်ရခြင်းဟာ အလွန်ပင်စိတ်ချမ်းသာစရာ aကာင်းလှပါသည်။ သို့သော်လည်း ဤဆုတောင်းခြင်းအမှု့သည် ဘုရားသခင်၌ဗဟိုရ်ပြု၍ စိတ်နစ်နေသည့် ဆုတောင်းမေတ္တာ သာလျှင် အများရင်ကို အေးချမ်းစေပါသည်။ အများမြင်စေချင်ငှာ ရည်ရွယ်၍ဆုတောင်းသောအခါ မိမိစိတ်သည် ဘုရားသခင်နှင့်အတူရှိမနေဘဲ အဘယ်သူများငါ့ကို သတိထားကြည့်နေလဲဟူ၍ သရုပ်ဆောင်ရိုက်နေသည့် မင်းသမီး၊မင်းသားနှင့်သာ တူနေပါလိမ့်မည်။ ထိုကြောင့် အမှန်တကယ် ဆုတောင်းခြင်းကိုပြုလိုပါက- တရားဇရပ်၊ ဘုရားတန်ဆောင်တွေမှာသွားနေဖို့ပင် မလိုအပ်ပါဘူး။ မိမိ၏အိပ်ခန်းအတွင်း၌ပင် ဆုတောင်းနိုင်ကြောင်း ခရစ်တော်ကမိန့်ဆိုထားခဲ့ပါသည်။ (ဤသည်မှာ ခရစ်ယာန်များ ဘုရားကျောင်း၌ ၀တ်ပြုကိုးကွယ်ခြင်း သွားဖို့မလိုအပ်ဟု မဆိုလိုပါ။) ကျွန်ုပ်တို့ ခရစ်ယာန်များအတွက် ဘုရားကျောင်းသည် အလှချင်းပြိုင်ရာ အလှမယ်၊မောင်မယ် ရွေးချယ်ပွဲများ ဖြစ်နေသလား။ အမှန်တော့ ဘုရားသခင်အား ၀တ်ပြုကိုးကွယ်ခြင်း၌ စုပေါင်းပါဝင်မည်ဟူ၍ ဘုရားကျောင်းတက်မည်ဟူသော စိတ်ထားဖြင့် ပြင်ဆင်လျှင် ကျွန်ုပ်တို့ခရစ်ယာန်များ၏ ဘုရားကျောင်းပုံသဏ္ဍန်များ တမျိုးပေါ်နေလိမ့်မည်ဟု ယုံကြည်ပါသည်။ စမ်းကြည့်ပါလား အဲဒီစိတ်ထားလေးဖြင့်ဗျာ။ ဤသည်ပင် သင့်အတွက် ခြိုးခြံခြင်းဖြစ်နေမည်လော။

ခြိုးခြံခြင်းဟုဆိုသော်အခါ- ဘုရားကျောင်းသွားဒီဇိုင်းဆိုပြီး အများအမြင်မှာ ကြည်လင်ဖို့၊ ချီးမွမ်းခံရဖို့ ယောကီဝတ်စုံဝတ်သွားဖို့ မလိုပါဘူး။ ထို့အတူ အများအထင်ကြီးဖို့ ဒီနေ့တော့ အစာရှောင်မယ်၊ ဟိုဟာဖြင့် မေးလိုက်လျှင် ငါဝါရှောင်ထားလို့၊ ဒါဖြင့်မေးလိုက်လျှင် ငါဝါရှောင်ထားလို့ အထူးပြောနေဖို့ လိုအပ်မည်မထင်ပါ။ အမှန်တကယ်စစ်မှန်သော ခြိုးခြံခြင်းသည် သင့်နှလုံးသားစေရာအတိုင်းသာ ဖြစ်စေရပါမည်။ ကျွန်ုပ်တို့၌ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမများအတွက် စိတ်ပူပန်သောက ရောက်ဖူးပါသလား။ ထိုသို့သော စိတ်ပူပန်သောကရောက်နေသောအခါ ကျွန်ုပ်တို့၌ စားဝင်နိုင်ပါရဲ့လား၊ အိပ်ပျော်ပါရဲ့လား၊ ရယ်မောနိုင်ပါရဲ့လား။ ထို့အတူ ယခုကျွန်ုပ်တို့ပြုလုပ်ရမည် ခြိုးခြံခြင်းမှာ ခရစ်တော်၏ ဒုက္ကစရိယာကိုအောက်မေ့ကာ ရရှိလိုက်သည့် စိတ်ပူပန်မှု့သာဖြစ်နေရပါမည်။ ဒီတော့ ပျော်ပွဲမတက်နိုင်သော စိတ်သောကကြောင့် ပညာသားပါပါငြင်းဆိုလိုက်ခြင်း၊ သားကြီးငါးကြီးစားမပြောနဲ့- အစားတောင် မ၀င်သည့်စိတ်သောကဖြင့် သာမာန်ဖြစ်သလိုလေး စားသောက်ခြင်း၊ ထို့အပြင် မိမိအမှားတွေအတွက် စိတ်မကောင်းဖြစ်သည့်အတိုင်း အလှအပမထုတ်နိုင်ဘဲ ပကတိအတိုင်းလေးနေခြင်း၊ စကားအေးအေးလေးများ ပြောဆိုခြင်း. . . စသည့် သဘာဝကျကျ ခြိုးခြံခြင်းမျိုးအား ဘုရားသခင်၌ဗဟိုရ်ထားကာ ပြုလုပ်ကြလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အဆင်းသဏ္ဍန် ပြောင်းလဲပေးခြင်းအား ခံရပါလိမ့်မည်။ ကျွန်ုပ်တို့သည်လည်း ပါရမီပြည့်မှီသော ခရစ်ယာန် ဘ၀အသက်တာကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။ ထိုခရစ်ယာန်ဘ၀မှသည် အခြားသူများကိုလည်း သက်သေခံရာဖြစ်စေပါသည်။ 

ထိုကြောင့် ရိုးရိုးကျင့် မြင့်မြင့်ကြံတတ်သော သူများဖြစ်နိုင်ပါစေကြောင်း ဆန္ဒပြုလျက်- ဤ၀ါတွင်းကာလသည် ကျွန်ုပ်တို့ဘ၀အား ဘုရားသခင်၌ဗဟိုရ်ပြု အသက်ရှင်နေထိုင်သွားဖို့ ဖိတ်ခေါ်နေကြောင်း၊ မိမိတို့၏အပြစ်များကို သတိနှင့်ဆင်ခြင်ကာ တတ်နိုင်သမျှ လျော့ချနိုင်ရန် ဖိတ်ခေါ်နေကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် လုံးဝတူသောသူများဖြစ်စေရန် အဆင်းသဏ္ဍန်ပြောင်းလဲပေးဖို့ အဆင်သင့်ရှိနေကြောင်း အမှတ်ရကြရင်း ဤ၀ါတွင်းအား အပြည့်အ၀ အမှန်အကန်အသက်ရှင် ကျင့်ကြံသွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)

Monday, 11 February 2013

ပုပ်ဘက်နက်ဒစ်(၁၆)- ၎င်း၏အနားယူခြင်းဆိုင်ရာ မိန့်ခွန်း


ချစ်လှစွာသော ညီအစ်ကိုတော်များခင်ဗျား၊
ယခုလို ကာဒီနယ်ကြီးများနှင့် အထူးတွေ့ဆုံရခြင်းမှာ ရဟန္တာတင်မြှောက်ခြင်း (Canonizations) သုံးခုအတွက်သာ မဟုတ်ဘဲ အသင်းတော်အတွက် အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုအား လျှောက်တင်ဖို့ဖြစ်ပါတယ်။ ဘုရားသခင်၏ရှေ့မှောက်တွင် အကြိမ်ကြိမ်အခါခါ မိမိ၏သြတ္တပစိတ်အား စဉ်းစားထောက်ရှု့စစ်ဆေးပြီး ကျွန်ုပ်၏ခန္တာစွမ်းအားမှာ အသက်အရွယ်အိုမင်းလာခြင်းကြောင့် စိန်ပီတာ၏အရိုက်အရာမှာ ထမ်းဆောင်ရသည့် ဤတာဝန်အား ဆက်လက်ထမ်းဆောင်ရန်မှာ မသင့်တော်တော့ပေ။ ဤအမှု့တော်သည် ၎င်း၏မရှိမဖြစ်လိုအပ်သည့် ၀ိညာဉ်ရေးသဘာဝကြောင့် စကားလုံးများနှင့် လုပ်ရပ်များဖြင့်သာ ထမ်းဆောင်ရန်မကဘဲ ဆုတောင်းမေတ္တာနှင့် ဝေဒနာ ခံထမ်းခြင်းတို့လည်း မနည်းလိုအပ်ကြောင်း ကျွန်ုပ်အထူးသတိပြုမိပါတယ်။ သို့သော်လည်း ယနေ့ခေတ်ကမ္ဘာမှာ ခေါင်းစဉ်တပ်ရမည်ဆိုလျှင်ဖြင့် များစွာသော အလျင်အမြန် ပြောင်းလဲခြင်းများနှင့် ယုံကြည်ခြင်း၏ ဘ၀အသက်တာနှင့် နက်နက်ရှိုင်းရှိုင်းဆက်စပ်နေသော မေးခွန်းပေါင်းများစွာ၏ ရိုက်ခပ်မှု့ကြောင့် စိန်ပီတာ၏အရိုက်ရာကို ဆက်ခံပြီး ဧ၀ံဂေလိတရားဟောပြောရန်မှာ စိတ်၏ခွန်အား၊ ခန္တာ၏ခွန်အား ဤခွန်အားနှစ်ခုစလုံး လိုအပ်ပါတယ်။ ဤခွန်အားပါပဲ- လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်ုပ်ခံနိုင်ရည်စွမ်းထက် ပို၍ ဆိုးရွားလာခဲ့ပြီး ကျွန်ုပ်အား ယုံယုံကြည်ကြည် လွဲအပ်နှံခဲ့သော အမှု့တော်ဆောင်အား လုံလုံလောက်လောက် မထမ်းဆောင်နိုင်တော့ကြောင်း သတိထားမိခဲ့ပါတယ်။ ဤအကျိုးကြောင်းကြောင့်နှင့် ၎င်းအမှု့တော်ဆောင်၏အထူးအရေးကြီးခြင်းအား သတိထားမိ၍ ကျွန်ုပ်၏လွတ်လပ်မှု့အပြည့်ဖြင့် လွန်ခဲ့သော ၂၀၀၅ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ကျွန်ုပ်အား ကာဒီနယ်ကြီးများမှ ယုံယုံကြည်ကြည်ဖြင့် အပ်နှံခဲ့သော စိန်ပီတာ၏အရိုက်ရာခံ၊ ရောမမြို့၏ ဆရာတော်ကြီး အမှု့တော်ဆောင်ခြင်းမှ လာမည့် ဖေဖေါ်ဝါရီလ ၂၈ရက်နေ့၊ ၂၀၁၃ခုနှစ်၊ ၂၀ နာရီတွင်၌ စွန့်လွတ်မည် ဖြစ်ပါကြောင်း ကြေငြာအပ်ပါတယ်။ စိန်ပီတာ၏အရိုက်အရာ၊ ရောမမြို့ ဆရာတော်ကြီးနေရာမှာ လစ်လပ်နေမည်ဖြစ်ပြီး နောက်ထပ် ပုပ်ရဟန်းမင်းကြီးအသစ်တစ်ပါးအား လုပ်ရည်ကိုင်ရည် အရည်အသွေးပြည့်မှီသော ကာဒီနယ်ကြီးများမှ ရွေးကောက်ရွေးမြှောက်ရန်အတွက် ကာဒီနယ်ကြီးများ စုရုံးလာရပေမည်။

ချစ်လှစွာသော ညီအစ်ကိုတော်များခင်ဗျား၊ ကျွန်ုပ်၏ အမှု့တော်ထမ်းဆောင်ခြင်း၌ ကူညီထောက်ပံ့ ပေးကြသော ကူညီလုပ်ဆောင်ပေးကြသော ညီအစ်ကိုတော်များကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်ုပ်မှားယွင်းများ အတွက်လည်း ခွင့်လွှတ်ပေးကြဖို့ အနူးအညွတ်တောင်းပန်ပါတယ်။ ယခု ကျွန်ုပ်တို့၏ သန့်ရှင်းမြင့်မြတ်သော အသင်းတော်ကြီးအား သူမ၏အထူးဆရာတော်ကြီး (Pastor)ဖြစ်တဲ့ သခင်ခရစ်တော်ယေဇူးထံ၌ ယုံကြည်စွာ အပ်နှံကြပါစို့။ သန့်ရှင်းသော မယ်တော်သခင်မထံ၌လည်း အားကိုးစွာ ပန်ကြားအပ်ပါစို့။ မယ်တော်သခင်မသည် ပုပ်ရဟန်းမင်းကြီး အသစ်ရွေးချယ်ရာတွင် ကာဒီနယ်ကြီးများအား မိခင်စိတ်ထားဖြင့် စောင့်ရှောက်ကူညီပါလိမ့်မည်။ ကျွန်ုပ်ကိုကျွန်ုပ်လည်း အနာဂတ်မှာ ဆုတောင်းမေတ္တာ၌ ဆက်ကပ်ရင်း သန့်ရှင်းမြင့်မြတ်သော ဘုရားသခင်၏ အသင်းတော်ကြီးအား အစဉ်ချစ်ခင်လျက် သစ္စာရှိစွာ ဆက်ကပ်သွားဖို့ ဆန္ဒရှိပါတယ်။
ဗာတီကန်မှ၊ ဖေဖေါ်ဝါရီလ ၁၀ရက်နေ့။
ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၆)
http://en.radiovaticana.va/articolo.asp?c=663815 မှ မနောအောင် ဘာသာပြန်သည်။

လုဒ်မယ်တော်ဥယာဉ်က ပုပ်ရမင်းကြီးအသံ


ဘုရားသခင်၏ဆန္ဒအတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေတတ်သည့် မာရိယာသည် ကျွန်ုပ်တို့ တစ်ဦးစီတိုင်းအတွက် ဘုရားသခင်၌ တစ်ဦးစီတိုင်းအတွက် အစီစဉ်တွေ ရှိနေတယ်ဆိုတာကို သတိပေးနှိုးဆော်နေသလိုဖြစ်နေရပေမည် ဟု ပုပ်ရဟန်းမင်းကြီးဘက်နက်ဒစ် (၁၆) မိန့်ဆိုလေသည်။

Magnificat ဟူသော မယ်တော် သခင်မ၏ ချီးမွမ်းတေးသည် ဘုရားသခင်၏ သနားခြင်းဖြင့် ကယ်တင်ခြင်းခံရသော လူသားမှ ထွက်ပေါ် လာသည့် ချီးမွမ်းသံဖြစ်ပြီး လူသားတိုင်း ချီးမွမ်း နိုင်ပါသည်။ တချိန်တည်းမှာပဲ ထိုချီးမွမ်းတေးသည် မိမိကိုယ်ကို သမိုင်းရဲ့သခင်များ၊ ကိုယ့် ကံကြမ္မာကိုယ် ဖန်တီးနိုင်စွမ်း ရှိသည်ဟု ယူဆ နေသူများ၏ အမြင်အာရုံ ၀ါးနေသူများကို ရှုတ်ချနေပေသည်ဟု ပုပ်ရဟန်းမင်းကြီးက ဗာတီကန်ရှိ လုဒ်မယ်တော်ဥယာဉ်၌ ပြောဆိုခဲ့ပါသည်။

မယ်တော်သခင်မ၏ ဘ၀မှာ ဘုရားသခင်ကိုသာ ဘ၀၏ဗဟိုရ် အဖြစ်ရှိနေသူပါ။ မိမိကိုယ်ကို ငြင်းပယ်ခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအစီအမံ၌ နှိမ့်ချခြင်းဖြင့် ဘုရားသခင်၏ဆန္ဒတို့၌ လုံးဝယုံကြည် စိတ်ချခဲ့သူဖြစ်သည်။

မာရိယာသည် ဘုရားသခင်၏နှုတ်တော်ထွက်စကားတော်မြတ်ကို သယ်ဆောင်ထားသော ဗိမာန်တော်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုနှုတ်တော်ထွက်စကားတော်မြတ်သည် လူ့အဖြစ်ကို ယူတော်မူခဲ့လေသည်။ ဤသို့မာရိယာ၏ရွေးချယ်ခံရမှုသည် သူမ၏၀ိညာဉ်စိတ်၏ဆင်းရဲခြင်းပါရမီနှင့် နှလုံးသားနှိမ့်ချခြင်း ပါရမီတို့ကြောင့် ဖြစ်ပေသည်။

ကျွန်ုပ်တို့အားလုံး ကောင်းကင်နိုင်ငံ၏ မိခင်မယ်တော်ထံမှ လေ့လာစရာများစွာရှိနေသည်။ သူမ၏ယုံကြည်ခြင်းသည် အပေါ်ယံထက် နက်နက်ရှိုင်းရှိုင်းထိကြည့်နိုင်ကြောင်းကို ပြသနေပေသည်။ နေ့စဉ်အခက်ခဲများကို ရင်ဆိုင်ရင်း ရှေ့အနာဂတ် ပွင့်လင်းရာသီအတွက် ရှင်ပြထမြောက်တော်မူသော ခရစ်တော်၌ ပြင်ဆင်သွားကြဖို့ လိုအပ်ပေသည်။


EWTN News.com မှကောက်နှုတ်ချက်။
မနောအောင်

Sunday, 10 February 2013

ပဉ္စမအကြိမ်သာမာန် တနင်္ဂနွေနေ့ (ကမ္မဌာန်း)


ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆာလောင်ငတ်မွတ်ဖူးပါသလား။ ထို့အပြင် မိမိဘ၀မှာ ဘုရားသခင်၏ ခေါ်တော်မူခြင်း (သီးသန့်ခေါ်တော်မူခြင်း)ကို ရုတ်တရက် ခံရတဲ့အခါ မိမိဟာ အပြစ်သားပါဆိုပြီး စိတ်မကောင်း ဖြစ်မိဖူးပါသလား၊ ငြင်းဆန်မိဖူးပါသလား။

ဖန်းဆင်းခံသတ္တ၀ါ ဖြစ်သည့်နည်းတူ၊ ကျွန်ုပ်တို့အားလုံး တနည်းမဟုတ် တနည်း ဖန်ဆင်းရှင်ကို ဆာလောင်နေကြတာ မိမိတစ်ဦးတစ်ယောက်တည်းသာ မဟုတ်ပါဘူး။ မိမိပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာလည်း ထိုကဲ့သို့ ဆာလောင်နေတဲ့သူတွေ ဒုနှင့်ဒေးပါပဲ။ နည်းပညာတွေ တိုးတက်နေလို့ လူနေမှု့အဆင့်အတန်းတွေ မြင့်မားလာသည်ဟု ဆိုချင်ပါသလား။ မဖြေနိုင်တဲ့ပုစ္ဆာတွေကို ဖြေနိုင်လာတယ်ဟု ဆိုဦးမလား။ သိပံပညာတွေကြောင့် အားလုံးကို သိနေပြီလို့ ထင်ပါသလား။ ဤသို့ဆိုလျှင်ပင် မိမိဘ၀အတွက် မေးခွန်းအချို့ဟာ မဖြေရသေးဘဲရှိနေသေးတာ သတိထားမိမှာပါ။ ဤသည်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာလောင်ရခြင်းအကြောင်းရင်း ဖြစ်မည်လော။

ထိုဆာလောင်ခြင်းအား ရှာဖွေမိလေတိုင်း ဘုရားသခင်၏တန်ခိုးလက္ခဏာများ မထင်မှတ်ဘဲ တွေ့ကြုံရတာတွေလည်း သတိထားမိကြပါလိမ့်မည်။ ထိုကြောင့် လူ့ဘ၀ဟာ ဆန်းကြယ်လှတယ်လို့ ကဗျာဆရာတွေဆိုလာကြတယ်။ စာရေးဆရာတွေ စာဖွဲ့လာကုန်ကြပါပြီ။ သို့ပေမယ့်လည်း မိမိကိုယ်တိုင် မိမိဘ၀ကိုလည်း ပြန်လည်အံ့သြမိရပါတယ်။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် ထိုအံ့ဖွယ်ရာတွေထက် ပိုပြီးအံ့ဖွယ်ရာကောင်းမည်မှာ အမှန်ပါပဲ။

ထို့နည်းတူစွာ ယနေ့ခရစ်တော်ဟာ ပထမဆုံးသော တပည့်တော်ကြီးများကို မခေါ်ခင်၊ တန်ခိုးလက္ခဏာ ပြသခဲ့ပါသည်။ ထိုသို့ တန်ခိုးလက္ခဏာပြသရခြင်းမှာ လူပေါင်းများစွာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငတ်မွတ်နေကြောင်း သိရှိနေသောကြောင့်ပင် ဖြစ်ပါသည်။ ထိုလူပေါင်းများစွာထဲတွင် စီမွန် တံငါသည်လည်း အပါအ၀င်ဖြစ်ခဲ့ပါသည်။ တညလုံး ကြိုးစား၍ ငါးဖမ်းသော်လည်း ငါးတကောင်မှ မမိချေ။ သို့သော် ခရစ်တော်၏စကားအရ ကြိုးစားသောအခါ ငါးများဟာ ပိုက်ကွန်စုတ်ပြဲသည့်တိုင်အောင် အံ့မခန်းလိလိ ဖမ်းမိခဲ့ရသည်။ ခဏချင်းမှာပင် စီမွန်သည် မိမိငတ်မွတ်နေသည့် နှုတ်ကပတ်တော် (ခရစ်တော်)အား အသိမှတ်ပြု၍ မိမိ၏အပြစ်သားဘ၀ အခြေအနေကိုပင် ရှက်မိခဲ့ရလေသည်။ မထိုက်တန်သည်ဟု ခံစားခဲ့ရသည်။

ခေါ်တော်မူခြင်းဟူသော အသုံးအနှုန်းအား လူတော်တော်များများက ရဟန်း၊ကိုရင် နှင့်သီလှရှင်တို့ အတွက်သာ ဟုထင်မြင်တတ်ကြပါသည်။ သို့သော်လည်း ဘုရားသခင်၏ခေါ်တော်မူခြင်းမှာ လူသားထု တစ်ရပ်လုံးအတွက်ဆိုသည်မှာ အီစ္စရာအဲလ်လူမျိုးတစ်စုလုံးကို ဥပမာအဖြစ် အီဂျစ်ဘုရင်၏ ကျွန်အဖြစ်မှ ကယ်တင်ခဲ့ခြင်းက သက်သေပါပဲ။ သို့သော်လည်း ခေါ်တော်မူခြင်းတစ်ခုစီတိုင်းမှာ ဘုရားသခင်၏ မတူညီတဲ့ ရည်ရွယ်ချက်တွေရှိနေတာတော့ အမှန်ပါပဲ။ ထိုကြောင့် လူသားတိုင်းသည် ခေါ်တော်မူခြင်းခံရပါသည်။ ထိုသို့အခေါ်ခံရသည့်အခါ မိမိအခြေအနေကို လစ်လျူရှု့ပြီး ငြင်းဆန်နေမလား။ ဒါမှမဟုတ် နှိမ့်ချတဲ့စိတ်၊ စစ်မှန်တဲ့စိတ်နဲ့ လက်ခံမလား။ မိမိ၏အပြစ်သား အခြေနေကြောင့်ဟု ဆင်ခြင်ပေးပြီး ငြင်းဆန်မည်ဆိုလျှင်ဖြင့် ခေါ်တော်မူခြင်းဟူသမျှအား လက်လွတ်သွားပါလိမ့်မည်။ ထိုကြောင့် အပြစ်သားမှန်လျှင် အပြစ်၏ကယ်တင်ရှင်ကိုရှာဖွေတတ်ရပါမည်။ ရှာဖွေတွေ့ရှိလျှင် လက်ခံတတ်ရပါမည်။ လက်ခံတတ်လျှင် နောင်တတရားစွဲနိုင်ရပါမည်။ နောင်တတရားစွဲနိုင်လျှင် ထိုကယ်တင်ရှင်၏နောက်လိုက် ဖြစ်နိုင်ရပါမည်။ ထိုကယ်တင်ရှင်၏ နောက်လိုက်မှန်လျှင် ထိုကယ်တင်ရှင်ကို သက်သေခံနိုင်ရပေလိမ့်မည်။

ဒီတော့ မိမိကိုယ်ကိုအပြစ်သားဆိုသည်ကို အသိမှတ်ပြုနိုင်ဖို့လိုပါလိမ့်မည်။ လူဆိုသည်မှာ မိမိထက်သန့်ရှင်းမြင့်မြတ်သူမတွေ့သေးလျှင် မိမိဟာ အသန့်ရှင်းဆုံး မြင့်မြတ်ဆုံးဟု တွေးထင်မာန်တက် တတ်ပါသည်။ ပါရမီဆိုသည်မှာ ထိုမာန်တက်တတ်သည့်အခြေနေ၌ မရှိပါ။ နှိမ့်ချတတ်သည့်အခြေနေ၌သာ ရှိပါသည်။ ထိုကြောင့် မာန်မာနသည် အပြစ်တို့၏အခြေခံဖြစ်သလို၊ နှိမ့်ချခြင်းသည် ပါရမီတို့၏အခြေခံဖြစ်ပါသည်။

ကျွန်ုပ်တို့အားလုံး နှုတ်ကပတ်တော်အား ဆာလောင်နေသည့်သူများဖြစ်သည့်အတိုင်း၊ ခရစ်တော်၏ ခေါ်တော်မူခြင်းကို ခံယူ၍ တစ်ဦးနှင့်တစ်ဦး ဝေငှနိုင်ကြပါစေ။ ဤသည်ပင် ကျွနု်ပ်တို့အားလုံး၏ ခေါ်တော်မူခြင်းဖြစ်ပေသည်။ 
ကိုရင် (ဒိုမီနီကန်)

Thursday, 7 February 2013

ကမ္ဘာ့လူငယ်များနေ့ (ဘရာဇီးလ်)


ကမ္ဘာ့ လူငယ်များနေ့ကို ဘရာဇီးလ်နိုင်ငံတွင် ဇူလိုင်လ ၂၃ မှ ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်မည်။
ထိုကမ္ဘာ့လူငယ်များနေ့ပွဲ၏ ဆောင်ပုဒ်ကတော့ “လူမျိုး တကာတို့ထံသွား၍ သူတို့အား ငါ၏တပည့်များ ဖြစ်စေကြလော့”  ဟူသော သံမာတေဦး ၂၈း၁၉မှ ခရစ်တော်၏စကားတော်မြတ်ပင်ဖြစ်ပါသည်။ ထိုဆောင်ပုဒ်အား ၂၀၁၁ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ်(၁၆)မှ ကြိုတင်ကြေငြာ ပေးခဲ့ခြင်း ဖြစ်ပါသည်။ 

ထိုပွဲသည် ကမ္ဘာအရပ်ရပ်မှ ကက်သလစ် လူငယ်များ၊ ခရစ်ယာန် လူငယ်များအတွက် သာမကဘဲ အခြားသော သူများအတွက်ပါ အလွန်စိတ်ဝင်စားစရာကောင်းမည်မှာ အမှန်ပါ။ ဘရာဇီးလ်နိုင်ငံသည် ကက်သလစ်လူဦးရေ အများဆုံးနိုင်ငံတွေထဲက အဓိကနိုင်ငံကြီး တစ်ခုဖြစ်နေပြီး လက်တင်အမေရိက တစ်ခုလုံးအား သိမ့်သိမ့် တုန်စေပါသည်။

ကမ္ဘာ့ဘောလုံးဖလားတွေနဲ့အတူ ကမ္ဘာမှာ နာမည်ကြီးလာခဲ့သည့် ဘရာဇီးလ်နိုင်ငံသည် လာမည့် ၂၀၁၆တွင်လည်း အိုလံပစ်ပွဲတော်ကြီးအား အိမ်ရှင်အဖြစ်ဧည့်ခံကျင်းပဖို့ ရှိနေပါသေးသည်။ ထိုကြောင့် ကမ္ဘာတစ်ဝှမ်းလုံး၏ မျက်စိကျရာနေရာ ဖြစ်နေပါသည်။ ထိုပွဲတော်၌ ပါဝင်ဖို့အရေး ကမ္ဘာ့အရပ်ရပ်မှ ကက်သလစ်လူငယ်များသာမကဘဲ အခြားသောလူငယ်များပါ စိတ်လှုပ်ရှားလျက်ရှိနေပါသည်။

ကမ္ဘာ့လူငယ်များနေ့အား လက်တင်အမေရိကတွင် ၁၉၈၇ ခုနှစ်၊ အာဂျင်တီးနား၌ ကျင်းပခဲ့ပြီး ယခုအကြိမ် ဘရာဇီးနိုင်ငံ၌ ဒုတိယမြောက်ကျင်းပခြင်းဖြစ်ပါသည်။  ၁၉၉၅ခုနှစ်၌ အရှေ့တောင်အာရှ ဖီလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့ပါသည်။ ဤကမ္ဘာ့လူငယ်များနေ့အား ၁၉၈၅ခုနှစ်၌ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် ၁၄ကြိမ်မြောက်ပွဲတော် ဖြစ်ပါသည်။
မနောအောင်

ဖန်ဆင်းခြင်းနှင့် အပြစ်ရင်း- ပုပ်ရဟန်းမင်းကြီးပြောဆို-




ဗုဒဟူးနေ့အပတ်စဉ် တရားနာ ပရိတ်သပ်များအား ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၆)မှ ဖန်ဆင်းခြင်းသည် ဘုရားသခင်၏ အလုံးစုံကို တတ်နိုင်သော အနန္တတန်ခိုးနှင့် ကောင်းမြတ်တော် မူကြောင်းကို နားလည်နိုင်ဖို့ သိရှိနိုင်ဖို့ ထောက်ပံ့ ပေးနေပါတယ် ဟုပြောဆိုခဲ့သည်။

ယုံကြည်ခြင်း အချုပ်နှင့် ပတ်သက်၍ ဆက်လက် ပြောဆို သည်မှာ- ဘုရား သခင်အား “ကောင်းကင် နှင့်မြေကြီး၏ ဖန်ဆင်းရှင်”ဟု ကြွေးကြော်ခဲ့ပြီး ဘုရားသခင်သည် အရာ အားလုံး၏ အရင်းအမြစ် ဖြစ်ကြောင်းနှင့် ဖန်ဆင်းခြင်း၏ အလှတရားသည် ချစ်ခင်မြတ်နိုး တတ်သော ဘုရားသခင်၏ အလုံးစုံကို တတ်နိုင်သော အနန္တတန်ခိုးတော်ကို ဖော်ပြနေခြင်းပင်ဖြစ်သည်။

ကမ္ဘာဦးကျမ်း၏ ဖန်ဆင်းခြင်း အကြောင်းအား ဆက်လက်မိန့်ဆိုရာ ပုပ်ရဟန်းမင်းကြီးက- ယုံကြည်ခြင်း အလင်း၌ လူသားတို့၏တတ်သိာဏ်ပညာသည် ကမ္ဘာကြီးအား နားလည်နိုင်ဖို့ သမ္မာကျမ်းစာတော်၌ အဓိကသော့ခ်ကို ရှာဖွေနိုင်ပါသည်။ ကမ္ဘာဦးကျမ်းသည် သိပံကျကျ ပုံပြင်တစ်ခုမဟုတ်ပါ။ သို့သော်လည်း အခြေခံကျသည့်အမှန်တရားအား ဖော်ပြသထားပေသည်။ ထိုအမှန်တရားမှာ- “ကမ္ဘာကြီးသည် ဆန့်ကျင့်ဘက်အားတွေရဲ့ စုစည်းမှု့၊ ဖွဲ့စည်းမှု့မဟုတ်ပါ။ ၎င်းသည် နှုတ်တော်ထွက်စကားတော်မြတ်၌၊ ဘုရားသခင်၏ထာဝရ အကြောင်းတရား၌ မူလအစနှင့် တည်ငြိမ်မှု့ရှိသည်။ ထိုမှ စင်္ကြ၀ဌာတစ်ခုလုံး ဆက်လက်တည်တံ့စေသည်။

လူအမျိုးသားနှင့် လူအမျိုးသမီးသည် ဖန်ဆင်းခြင်း၏ အထွဉ်အထိပ်ဖြင့် ရပ်တည်နေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဖန်ဆင်းရှင် ဘုရားသခင်အား ချစ်နိုင်စွမ်း၊ သိနိုင်စွမ်း ရှိသောကြောင့်ပင် ဖြစ်သည်။ “ကျွန်ုပ်တို့သည် ဘုရားသခင်၏အသက်ပေးလေအတွင်းမှာ ရှင်သန်နေကြပြီး ဤအချက်သည်ပင် ရှောင်လွဲ၍မရနိုင်သော လူသားတို့သိက္ခာနှင့်တန်ဖိုး၏ အနက်ရှိုင်းဆုံးသော အကြောင်းပင်ဖြစ်သည်။

ကမ္ဘာဦးကျမ်းနှင့် ပတ်သက်၍ အချက်နှစ်ချက်ကို ပုပ်ရဟန်းမင်းကြီးက ထောက်ပြလေသည်။ ပထမအချက်မှာ- မြွေအကြောင်းဖြစ်၍ ထိုမြွေသည် ရှေးရိုးသာယာဝပြောခြင်း ယဉ်ကျေးမှု့မှ ဆင်းသက် လာသော ပုံသန်ဖြစ်၍ အီစ္စရာအဲလ်လူမျိုးတို့အား ဘုရားသခင်နှင့်ပြုလုပ်ထားသော အံ့ဖွယ်ပိညာဉ်ကို စွန့်ပစ်ရန် ကြီးမားသော အနှောက်ယှက်အား ပုံဖော်ထားလေသည်။ ထိုမြွေအားဖြင့် ကျွန်ုပ်တို့ လူသားများသည် မိမိတို့၏ အကန့်အသပ်များကို လက်မခံဘဲ ကိုယ်ပိုင်ကမ္ဘာတည်ဆောက်လိုသော အနှောက်ယှက်အား ပုံဖော်ထားလေသည်။

ဒုတိယအချက်မှာ- မူလအပြစ်ရင်း၏အမှန်တရားပင်ဖြစ်သည်။ အပြစ်သည်အပြစ်မှ ပေါက်ဖွားပြီး သမိုင်းတလျှောက် ပြုလုပ်ခဲ့သော အပြစ်များသည် ဆက်စပ်မှု့ရှိသည်။ ထိုကြောင့် မူလအပြစ်ရင်းကို နားလည်နိုင်ပေသည်။ ထိုအပြစ်ရင်းမှာ လူသားနှင့် ဘုရားသခင်ကြားရှိ အခြေခံဆက်စပ်မှု့အား ပြောင်းလဲစေခဲ့သည့် အပြစ်ရင်း ပင်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် အင်အားချိနှဲ့စွာ မွေးဖွားလာသည့်အတိုင်း ထိုအင်အားချိနှဲ့မှု့သည် ကျွန်ုပ်တို့၏ဆက်နွယ်မှု့အား ပြောင်းလဲစေသည်။ ထိုကြောင့် ကျွန်ုပ်တို့ကိုယ်တိုင်အားဖြင့် ဖြစ်ပေါ်လာသော ပြသနာများမှ ရှောင်လွဲနိုင်မှု့မရှိပေ။ ထိုကြောင့် လူသားတို့သည် မူလအရင်းမှစ၍ ကယ်တင်ခြင်းရရှိရန်လိုအပ်ပေသည်။

မနောအောင်

Saturday, 2 February 2013

စတုတ္ထသာမန်တနင်္ဂနွေနေ့ ကမ္မဌာန်းထောက်ရှု့ချက်


သခင်ခရစ်တော်သည် အဘယ်ကြောင့် မိမိမွေးရပ်ဌာနေတွင် တန်ခိုးလက္ခဏာမပြပါသလဲ။

ဤကျမ်းပိုဒ်သည် ကျွန်ုပ်တို့အတွက် နားလည်ရ ခက်ခဲစေပါသလားဗျာ။ ကျွန်တော်နှင့်အတူ ကမ္မဌာန်းထောက်ရှု့ ကြည့်ကြဖို့ ဖိတ်ခေါ်ပါရစေ။

ခရစ်တော်၏စကားများ၌ ကျွန်ုပ်တို့ နားလည် နှိုင်စေဖို့ သဲလွန်စနှစ်ချက်ကိုပေးထားပါသည်။ ပရော်ဖက်ဧလိယ လက်ထက်တွင် အစ္စရာအဲလ် ပြည်တစ်ခုလုံး မိုးခေါင်ရေရှားဖြစ်ကာ တစ်ပြည်လုံး အစာငတ်နေချိန်တွင် ပရော်ဖက် ဧလိယသည် စီဒွန်နယ်၊ ဇာရေဖတ်မြို့ရှိ မုဆိုးမထံသို့သာ စေလွတ်ခြင်းခံရ၍ တန်ခိုးလက္ခဏာ ပြစေခဲ့သည်။ ထို့နည်းတူ ပရော်ဖက် ဧလိဇေးဦး လက်ထက်တွင်လည်း အိစ္စရာအဲလ်ပြည်၌ အနာကြီးရောဂါ စွဲကပ်သူများစွာ ရှိသော်လည်း ဆီးရိယပြည်သား နာမန်တစ်ဦးတည်းသာ ကုသခံခဲ့ရသည်။ သို့ဖြစ်၍ ဤဖြစ်ရပ် နှစ်ခုအား ပြန်လည်ထောက်ရှု့ကြည့်ဖို့လိုလာပေမည်။

ပထမဖြစ်ရပ်မှာ ရှင်ဘုရင်အာဟတ်၏ မာနကြောင့် ဘုရားသခင်အား ပစ်ပယ်ထားကာ မိမိသည်သာလျှင် အရာအားလုံးကို တတ်နိုင်စွမ်းရှိသည့် ဘုရင်ဟု မှတ်ယူလေသည်။ ထိုကြောင့် ဘုရားသခင်သည် ပရော်ဖက် ဧလိယအားစေလွတ် မိုးမရွာအောင်ပြုလုပ်ကာ ဘုရားသခင်တည်ရှိကြောင်း သိစေ၏။ မိုးရွာဖို့ ဤရှင်ဘုရင် တတ်နိုင်စွမ်းမရှိပေ။ ထိုအချိန်ထိုကာလ၌ ဘုရားသခင်သည် ပရော်ဖက်ဧလိအား ဇာရေဖတ်မြို့မှ မုဆိုးမတစ်ဦးထံသို့ သွားရောက်ခိုလှုံစေသည်။ မုဆိုးမသည်လည်း တနပ်စာသာ ကျန်တော့သည့် ဂျုံမှုန့်နှင့် ဆီအနည်းငယ်သာရှိ၍ သူမနှင့် သားငယ်သည်လည်း ဤတနပ်သာစား၍ သေဆုံးတော့မည်ဟု ယုံကြည်နေလေသည်။ သို့သော်လည်း ဘုရားသခင်၏ချစ်ခြင်းမေတ္တာ မကုန်ဆုံးသေးပေ။ ထိုကြောင့် မိုးရွာသည့်နေ့ထိအောင် သူမ၏ဂျုံအိုး၌ ဂျုံအပြည့်၊ ဆီအိုး၌ဆီအပြည့် တန်ခိုးလက္ခဏာပေါ်ခဲ့လေသည်။

ဒုတိယဖြစ်ရပ်မှာ နာမန်သည် ဂျူးလူမျိုးမဟုတ်ပေ။ အိစ္စရာအဲလ်ပြည်အား ဆီးရီးယား လူမျိုးတို့သိမ်းပိုက်ပြီး နာမန်သည် ဆီးရီးယားလူမျိုး စစ်သေနာပတိကြီး တစ်ဦးဖြစ်သည်။ သို့သော်လည်း သူသည်အနူရာဂါ စွဲကပ်နေသူတစ်ဖြစ်သည်။ သူ၏ကျွန်မ၊ ဂျူးမလေး၏ အကြံပေးချက်အရ အနူရောဂါပျောက်ကင်းအောင် ကုသနိုင်သော ဘုရားသခင်၏ပရော်ဖက်ရှိသည်ဟု ကြားသောအခါ သူကိုယ်တိုင်မသွားဘဲ တပည့်တစ်ယောက်အား စေလွတ်၍ ရောဂါကိုပျောက်ကင်းစေသည်။ သို့သော်လည်း ပရော်ဖက်ကြီးသည် စိတ်ဆိုး၍ သူ၏လုပ်ရပ်အား အပြစ်ဆိုခဲ့လေသည်။ နာမန် ထင်သည်ကား ဘုရားသခင်၏ ကုသခြင်းမဟုတ်ဘဲ ပရော်ဖက်၏မှော်အကုသဟုထင်လေသည်။ ပရော်ဖက်မူကား အမှန်ကိုသာ သက်သေခံသည်ဖြစ်၍ ဘုရားသခင်ကိုသာ သက်သေခံလေသည်။ သူ၏ရောဂါမပျောက်ကင်းရခြင်းမှာ ထိုရောဂါကို ကုသပေးနိုင်သော ဘုရားသခင်နှင့် ထိတွေ့ခြင်း မရှိသောကြောင့်ဖြစ်သည်။ ထိုရောဂါ ပျောက်ကင်းရန် အခြားနည်းလမ်းရှာဖို့မလိုပေ။ ဘုရားသခင်သည် ပေါင်းဖက်နိုင်စွမ်းရှိသောကြောင့်ပါ။ နောက်ဆုံး ဘုရားသခင်အား အသိမှတ်ပြုလာမှသာ နာမန်၏ရောဂါပျောက်ကင်းစေသည်။

ထိုဖြစ်ရပ်နှစ်ခုအား စဉ်းစားထောက်ရှု့ကြည့်သော်- ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဘယ်သောအခါမှ မကုန်ဆုံးကြောင်းနှင့် ဘုရားသခင်အား ကိုးစားဖို့လိုအပ်ကြောင်း မီးမောင်းထိုးပြနေလေသည်။ ယေဇူးသခင်၏ မွေးရပ်မြေ၌ ယေဇူးအား သာမာန် လက်သမားဆရာ၏သားဟုသာ မြင်၍ တန်ခိုး လက္ခဏာများ ပြနေမှန်းသိသော်လည်း ဘုရားသခင်၏ခရစ်တော်(ချစ်ခြင်းမေတ္တာ မက်စီးယားရှင်)ဟု အသိမှတ်မပြုပေ။ ထိုကြောင့် ကိုယ်တော်၏စကားတော်အားဖြင့် အံ့သြကြသော်လည်း ယုံကြည်ခြင်းမရှိကြ။ ထိုကြောင့် ကိုယ်တော်၏တန်ခိုးလက္ခဏာကို မြင်တွေ့ခွင့် မရရှိကြပေ။ ဘုရားသခင်အား ကိုးစားအသိမှတ်ပြုဖို့ လိုအပ်သေးသည်။

သူတို့သည် မိမိတို့အတွက်သာ စူးစမ်းလိုကြသည်။ ဘုရားသခင်၏ စူးစမ်းမှု့ကိုမူ လစ်လျူ ရှု့ထားကြလေသည်။ မိမိအတွက်သာ စူးစမ်းလိုသောသူ၌ ချစ်ခြင်းမေတ္တာမရှိနိုင်။ မာနသည်ဖုံးလွမ်း၍ အတ္တတို့ အနိုင်ယူထားလေပြီ။ ဒုတိယကျမ်း၌ သံပေါလူးက ချစ်ခြင်းမေတ္တာအကြောင်းကို ရှင်းပြထားလေသည်။ ချစ်ခြင်းမေတ္တာ၏အဓိပာယ်ကို နားမလည်သူတို့အတွက် သံပေါလူးက ကူညီပါလိမ့်မည်။ ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲစိတ်ရှည်၍ ကြင်နာသနားတတ်၏။ ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမရှိ။ ၀ါကြွားခြင်းလည်းမရှိ။ ၎င်း၌ မာန်မာနမရှိသကဲ့သို့ ရိုင်းပြမှု့လည်းမရှိ။ ချစ်ခြင်းမေတ္တာသည် ကိုယ်ကျိုးကိုမရှာတတ်၊ အမျက်ဒေါသမထွက်တတ်၊ အငြိုးအတေးလည်း မထားတတ်။ ချစ်ခြင်းမေတ္တာသည် မကောင်းသောအမှု့၌ ၀မ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌မူ ၀မ်းမြောက်တတ်၏။ ချစ်ခြင်းမေတ္တာသည် အရာရာကို ခံထမ်းနိုင်၏။ အရာအားလုံးကို ယုံကြည်၏။ အရာအားလုံးကိုမျှော်လင့်၏။ အရာအားလုံးကို ကြံ့ကြံ့ခံနိုင်၏။

ထိုကြောင့် မိတ်ဆွေ၊- ဘုရားသခင်၏ တန်ခိုးလက္ခဏာများကို တွေ့မြင်နိုင်ဖို့ မိမိတို့မှာ ဘုရားသခင်ကို ကိုးစားယုံကြည်ရပေမည်။ ထိုနောက် ချစ်ခြင်းမေတ္တာ လိုအပ်ပေသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်၍ ထိုချစ်ခြင်းမေတ္တာသည် အဆုံးမရှိ။ ကျွန်ုပ်တို့၌ ချစ်ခြင်းမေတ္တာရှိနေသောအခါ ဘုရားသခင်နှင့် ပုံသန်တူလာ၍ ဘုရားသခင်နှင့် တိုက်ရိုက်ထိတွေ့ပေါင်းစပ်နေပေသည်။ ဘာသာစကား အမျိုးမျိုးပြောနေသော်လည်း ချစ်ခြင်းမေတ္တာဘာသာစကား မပြောဆိုနိုင်သောသူ၏ နှုတ်၌ စကားလုံးမရှိဖြစ်ပေလိမ့်မည်။ ထိုကြောင့် စိန်သြဂုတ်စင်းပြောသလို ဘုရားသခင်ကိုအရင်ချစ်ပါ။ ပြီးလျှင် ကြိုက်တာလုပ်ပေတော့ဗျာ။

ကိုရင်(ဒိုမီနီကန်)