Thu
the 26th: Vigil of Solemnity of Sacred
Heart.
2 Kgs
24:8-17; Ps 79:1-9; John 14:23; Matt 7:21-29
ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး
၂၄ (2 Kgs 24:8-17);
၈
ထိုမင်းသည် ခမည်းတော်ပြုသမျှ အတိုင်း ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
၉
ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ၏။
၁၀
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက်၍၊ သူ၏ကျွန်တို့သည် မြို့ကိုဝိုင်းထားကြသောအခါ၊
၁၁
ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန်ရှင်ဘုရင်ထံသို့ ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။
၁၂
ထာဝရဘုရား မိန့်တော်မူဘူးသည် အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၍၊ ဗိမာန်တော်အဘို့ ဣသရေလရှင်ဘုရင် လုပ်သော ရွှေတန်ဆာအလုံးစုံ တို့ကို အပိုင်းပိုင်းဖြတ်လေ၏။
၁၃
ယေရုရှလင်မြို့သား မှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲ တသောင်း၊ အထူးထူးအပြားပြားသော ဆရာသမားအပေါင်းတို့ကို သိမ်းသွား၍၊ သာမညဆင်းရဲသားမှ တပါး အဘယ်သူမျှ မကျန်ကြွင်းရ။
၁၄
ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရားများ၊ အရာရှိများ၊ အားကြီးသောပြည်သူ များအပေါင်း၊
၁၅
စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ရှိသမျှ၊ ခွန်အားကြီးသောသူ ခုနစ်ထောင်၊ အထူးထူးအပြားပြား သော ဆရာသမားတထောင်တို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို လက်ရသိမ်းသွားလေ၏။
၁၆
ဗာဗုလုန်ရှင်ဘုရင်သည် ယေခေါနိဘထွေးတော် မဿနိကို ဇေဒကိအမည်ဖြင့် မှည့်၍ ယေခေါနိအရာ၌ နန်းတင်၏။
၁၇
ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီး ဟာမုဘာလအမည်ရှိ၏။
ဆာလံကျမ်း
အခန်းကြီး ၇၉ (Ps 79:1-9);
၁
အိုဘုရားသခင်၊ တပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ဝင်ပြီးလျှင်၊ သန့်ရှင်းသော ဗိမာန်တော်ကို ညစ်ညှုးစေ၍၊ ယေရုရှလင်မြို့ကို ဖြိုဖျက်ကြပါပြီ။
၂
ကိုယ်တော်၏ ကျွန်အသေကောင်တို့ကို မိုဃ်းကောင်းကင် ငှက်တို့အား၎င်း၊ ကိုယ်တော်၏ သန့်ရှင်းသူတို့အသားကို တောသားရဲတို့အား၎င်း ကျွေးကြပါပြီ၊
၃
သူတို့အသွေးကိုလည်း ရေကဲ့သို့ ယေရုရှလင်မြို့ပတ်လည်၌ သွန်ကြ၍၊ သဂြိုလ်သော သူလည်းမရှိပါ။
၎
အကျွန်ုပ်တို့ သည် အိမ်နီးချင်းများ ကဲ့ရဲ့ရာ၊ ပတ်ဝန်းကျင်၌နေသော သူများပြက်ယယ်ပြု၍ အရှက်ခွဲရာဖြစ်ကြပါ၏။
၅
အိုထာဝရဘုရား၊ အမျက်တော်သည် အလျှင်းမငြိမ်းဘဲ အဘယ်မျှကာလပတ်လုံး ထွက်ပါမည်နည်း။ အဘယ်မျှကာလပတ်လုံး စိတ်တော်သည်မပြေ၊ မီးကဲ့သို့လောင်ပါမည်နည်း။
၆
ကိုယ်တော်ကို မသိသောတပါး တပါးအမျိုးသားတို့အပေါ်သို့၎င်း၊ နာမတော်ကို ပဌာနာမပြုသော တိုင်းနိုင်ငံသားတို့အပေါ်သို့၎င်း၊ အမျက်တော်ကို သွန်းလောင်းတော်မူပါ။
၇
အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို ကိုက်စား၍၊ သူ၏နေရာကိုလည်း သုတ်သင်ပယ်ရှင်းကြပါပြီ။
၈
ရှေးကပြစ်မှားမိသော အပြစ်များကို အကျွန်ုပ်တို့၌ မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အလွန်နှိမ့်ချလျက် ရှိပါသည်ဖြစ်၍၊ ကရုဏာတော်သည် အလျှင်အမြန်ကူမပါစေသော။
၉
ကယ်တင်တော်မူသောဘုရား၊ နာမတော်၏ ဂုဏ်ကိုထောက်၍ အကျွန်ုပ်တို့ကို မစတော်မူပါ။ နာမတော်အတွက် ကြောင့်၊ အကျွန်ုပ်တို့ကို နှုတ်ယူ၍ အပြစ်များကို ဖြေရှင်းတော်မူပါ။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး
၁၄ (John 14:23);
၂၃
ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး
၇ (Matt 7:21-29);
၂၁
သခင်၊ သခင် ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင်ဝင်ရလိမ့်မည်။
၂၂
ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့်ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်နတ်ဆိုးတို့ကိုနှင် ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့ သည်လျှောက်ကြလိမ့်မည်။
၂၃
ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အားအတည့် အလင်းငါပြောမည်။
၂၄
အကြင်သူသည် ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏၊ ထိုသူသည်ကျောက်ပေါ်မှာ အိမ် ဆောက်သောပညာရှိနှင့်တူကြောင်းကိုငါပုံပြမည်။
၂၅
မိုဃ်းရွာ၍ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကို တိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာတည်သောကြောင့် မပြိုမလဲနေ၏။
၂၆
အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏၊ ထိုသူသည် သဲပေါ်မှာအိမ်ဆောက်သောလူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။
၂၇
မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကိုတိုက်သောအခါ ကြီးစွာသောပြိုလဲခြင်းသို့ ရောက်လေသည်ဟု ဟောတော်မူ၏။
၂၈
ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည်အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမသြဝါဒပေးတော် မူခြင်းကို အလွန်အံ့သြကြ၏။
၂၉
အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူဆုံးမသြ ဝါဒပေးတော်မူ၏။
No comments:
Post a Comment