Tue
the 1st: Amos 3:1-8, 4:11-12; Ps
5:4-8; Ps 130:5; Matt 8:23-27
အာမုတ်အနာဂတ္တိကျမ်း အခန်းကြီး
၃ (Amos
3:1-8, 4:11-12);
၁
အိုဣသရေလအမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကို ရည်မှတ်၍ ငါထာဝရဘုရားမိန့်တော်မူသော စကားကို နားထောင်ကြလော့။
၂
မြေကြီးပေါ်မှာနေသော အမျိုးသား အပေါင်းတို့တွင် သင်တို့တမျိုးတည်းကိုသား ငါလက်ခံသောကြောင့်၊ သင်တို့အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည်။
၃
လူနှစ်ဦးသည် သဘောမတူလျှင် ပေါင်းဘော်၍ခရီးသွားနိုင်သလော။
၎
ခြင်္သေ့သည်ဘမ်းစရာ မရှိလျှင်၊ တော၌ ဟောက်လိမ့်မည်လော။ ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှ မဘမ်းမိလျှင်၊ တွင်းထဲကအသံပြုလိမ့်မည်လော။
၅
မြေပေါ်မှာ ကျော့ကွင်းနှင့်မထောင်လျှင်၊ ငှက်ကိုကျော့မိလိမ့်မည်လော။ ထောင်ထားသောကျော့ကွင်း၌ အဘယ် အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွားလိမ့်မည်လော။
၆
မြို့ထဲမှာ တံပိုးမှုတ်လျှင် မြို့သားတို့သည် မကြောက်မလန့်ဘဲ နေကြလိမ့်မည်လော။ ထာဝရဘုရားစီရင်တော်မမူဘဲ ဘေးတစုံတခုသည် မြို့ထဲမှာရောက်လိမ့် မည်လော။
၇
အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။
၈
ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှအကြောက် မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ အဘယ်သူသည် ပရောဖက်မပြုဘဲ နေလိမ့်မည်နည်း။
ဆာလံကျမ်း
အခန်းကြီး ၅ (Ps 5:4-8);
၎
ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သော ဘုရားမဟုတ်၊၊ ဆိုးသောသူကို လက်ခံတော်မမူ၊၊
၅
မိုက်သောသူသည် အထံတော်သို့ မဝင်ရ၊၊ မတရား သဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏၊၊
၆
မုသာစကားပြောသောသူတို့ကို ဖျက်ဆီးတော်မူ၏၊၊ လူ့အသက်ကို သတ်တတ်သောသူနှင့် လှည့်စားတတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာတော်မူ၏။
၇
အကျွန်ုပ်မူကား များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့် အိမ်တော်သို့ ရောက်၍ ကိုယ်တော်ကို ကြောက်ရွံ့သောစိတ်နှင့် သန့်ရှင်းသော ဗိမာန်ကို ကိုးကွယ်ပါလိမ့်မည်၊၊
၈
အို ထာဝရဘုရား အကျွန်ုပ်၏ ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်စေတော်မူပါ၊၊
ဆာလံကျမ်း
အခန်းကြီး ၁၃၀ (Ps 130:5);
၅
ထာဝရဘုရားကို ငါစောင့်လျက် နေ၏။ ငါ့ဝိညာဉ်သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမြော်လင့်၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး
၈ (Matt 8:23-27);
၂၃
ထိုအခါလှေထဲသို့ဝင်တော်မူ၍တပည့်တော်တို့သည်လိုက်ကြ၏။ အိုင်၌လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။
၂၄
ကိုယ်တော်သည်ကျိန်းစက်၍နေတော်မူ၏။
၂၅
တပည့်တော်တို့သည်ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ရောက်ပါ၏။ ကယ်တော်မူပါဟု လျှောက်ကြသော်၊
၂၆
ကိုယ်တော်က၊ ယုံကြည်အားနည်းသောသူတို့၊ အဘယ်ကြောင့်ကြောက်တတ် သနည်းဟုမေးတော်မူပြီးလျှင်၊ ထ၍ လေနှင့်ပင်လယ် ပယ်လယ်ကိုဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။
၂၇
ထိုသူတို့ကလည်း၊ ဤသူကားအဘယ်သို့သောသူ ဖြစ်သနည်း။ လေနှင့်ပင်လယ်သည်သူ၏စကားကို နားထောင်ပါသည်တကားဟုအံ့သြကြ၏။
No comments:
Post a Comment