ချစ်သော ညီအစ်ကိုမောင်နှမ အပေါင်းတို့ ....
ယနေ့ တနင်္ဂနွေနေ့မှာ ကျွန်ုပ်တို့ ဖတ်ရူ့ ကြားနာခဲ့ရတဲ့ အသက်ပေးတဲ့ နှုတ်တော်ထွက် တရားတော်မှာ ခရစ်တော် သခင်က နောင်တရကြဖို့ နှိုးဆော် တိုက်တွန်းထားတာ ကိုတွေ့ရမှာဖြစ် ပါတယ်။ သဖန်းပင် ဥပမာနဲ့ ပုံခိုင်းနှိုင်းထားတဲ့ အကြောင်းမှာ ဘုရားသခင် ဟာ လူတွေ အပြစ်လုပ်လို့ ၀ိညာဉ်ရေး အားနည်းနေချိန်မှာ ဆက်လက်ပြီး စိတ်ရှည်စွာနဲ့ အချိန်ပေးထားပြီး ပြင်ဆင်ဖို့ အတွက် အခွင့်အရေး များ ပေးထားတဲ့ အကြောင်းကို ထောက်ရှု့ ရမှာဖြစ်ပါတယ်။
ကျွန်ုပ်တို့ တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကို အားမရတဲ့ အခါတွေ ရှိကောင်းရှိမယ်။ ၀ိညာဉ်ရေးပိုင်း မှာကော ကာယရေး အပိုင်းမှာပါ အားမရတဲ့ အပိုင်းတွေရှိမယ်။ အဲဒီအခါမျိုးမှာ စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့ အခါ မျိုးတွေ ဖြစ်လာ တတ်ပြီး တစ်ခါတစ်လေမှာ ကိုယ့်အသက် ကိုတောင်မှ သတ်သေချင်တဲ့ စိတ်မျိုးတွေ ဖြစ်လာ တတ်ကြတယ်။ ဘုရားကတော့ အဲဒီလိုမျိုး မဟုတ်ဘူး။ အားနည်းချက်တွေ ရှိနေတဲ့အခါ မျိုး မှာတောင်မှ ကြိုးစားပြီး ပြုပြင်ဖို့ အခွင့်အရေးနဲ့ အချိန်ကို ပေးတတ် ပါတယ်။ ဒါကို ကျွန်ုပ်တို့က အလွဲ လုပ်ပြီးတဲ့အခါမှာ အကျိုးရှိစွာ အသုံးမချတတ်ဘူး ဆို ရင်တော့ ကျွန်ုပ်တို့ အမှားပေါ့။
မိတ်ဆွေ ၀ါတွင်းဆိုတာ သဖန်းပင်ကို ပြန်လည်ပြုပြင်ဖို့ အချိန်တောင်းခံခဲ့တဲ့ ကာလ တစ်ခုဖြစ်ပါတယ်။ ၀ါတွင်းမှာ မြေသြဇာဖြစ်တဲ့ ဘုရားသခင်ရဲ့ နှုတ်တော်ထွက် တရားတော်ကို ၀ိညာဉ်ရေး အသက်တာမှာ ထည့်သွင်း အားယူပြီးတဲ့အခါ အပြစ်တရားဖြစ်တဲ့ ပေါင်းပင်တွေကို နှုတ်ပြီး ပါရမီဆိုတဲ့ နှိမ့်ချခြင်း ၊ ခြိုးခြံခြင်း ပါရမီ၊ ချစ်ခြင်းမေတ္တာ ပါရမီ၊ ဆပ်ဖြေခြင်း ပါရမီ စတဲ့ ပါရမီရေတွေလောင်းပြီးတဲ့ အခါမှာ ရှင်ပြန် ထမြောက်ခြင်း ပါစကားပွဲေ တ်ာမှာ ၀ိညာဉ် အသီးအပွင့် သစ်တွေနဲ့ ဘ၀သစ်ကို လျှောက်လှန်း သွားနိုင်အောင် ကြိုးစားပြင်ဆင် ကြစို့။ ပြင်ဆင်တဲ့နေရာမှာလဲ ကျွန်ုပ်တို့ အစွမ်းအစနဲ့ မဟုတ်ဘဲနဲ့ ဘုရားရှင်ရဲ့ အကူအညီနဲ့ ပြင်ဆင်ကြစို့။ ကျွန်ုပ်တို့ ၀ါတွင်းမှာ ခြိုးခြံတယ် ဆိုတာ ဘာကိုဆိုလိုပါသလဲ...။
အရက်လှူတာ၊ မကောင်းတဲ့ ၀ါသနာတွေကို လှူတာ၊ အပြစ်တရားတွေ ကိုရှောင်ရှား ကြတာ၊ အသားရှောင် ကြတာ စတာတွေကို ခြိုးခြံခြင်း လို့ ခေါ်ပါသလား...။ တစ်ကယ့် စစ်မှန်တဲ့ ခြိုးခြံခြင်း ဆိုတာဟာ ကိုယ့်ရဲ့ နှလုံးသားထဲမှာ တိမ်မြုပ်နေတဲ့ တစ်ပါးသူကို ပေးရမယ့် ချစ်ခြင်းမေတ္တာကို ကိုယ်မုန်းနေတဲ့ လူတစ်ဦး ဆီကို ပေးဆပ်လိုက်တာက တစ်ကယ့် ကျွန်ုပ်တို့ ကျင့်ရမယ့် ခြိုးခြံခြင်း ပဲဖြစ်တယ်။ ချစ်ခြင်း မေတ္တာပေးခြင်းဟာ ဘုရားကိုပေးခြင်းနဲ့ အတူတူပဲဖြစ်တယ်။ ချစ်ခြင်းမေတ္တာဟာ ဘုရားသခင် ဖြစ်သလို ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ် တယ်လို့ ကျမ်းစာတော်မြတ် ထဲမှာ ဖော်ပြ ထားပါတယ်။ ချစ်သော မိတ်ဆွေတို့ ကျွန်ုပ်တို့ ယခု 2013 ခုနှစ်ရဲ့ ၀ါတွင်း ကာလမှာ စစ်မှန်တဲ့ ခြိုးခြံခြင်းကို ကျင့်ကြံခြင်းဖြင့် ချစ်ခြင်းရဲ့ အရှင် ခရစ်တော်သခင်ကို လူတိုင်းကို ပေးမျှနိုင်အောင် ကြိုးစားသွာြး ကစို့။
Friar Jean-Freddie (ofs)
No comments:
Post a Comment