Tuesday, 15 January 2013

Welcome

အလင်းသည် မှောင်မိုက်တွင် ထွန်းလင်း၏။ မှောင်မိုက်မူကား အလင်းကို မလွှမ်းမိုးနိုင်ချေ။ 
(ယောဟန် ၁း၅)

အလင်းသက်သေ (မြန်မာကက်သလစ်) ဘလော့မှ ကြိုဆိုပါ၏။ ဤဘလော့ငယ်အား မြန်မာပြည်ရှိ သာသနာအချို့မှ လူငယ်တချို့၏ အကြံပြုချက်ဖြင့် မြန်မာ ဘာသာရပ်ဖြင့်ရေးသား ထားသော မြန်မာကက်သလစ် အင်တာနက်ဘလော့များ နည်းပါးခြင်းကြောင့် လည်ကောင်း ကျွန်တော်တို့ တနိုင်ငံလုံးရှိ မြန်မာ ကက်သလစ် ဘာသာဝင်များ အားလုံး စုစည်းမှု့ရှိရန်သော် လည်ကောင်း၊ ထိုဘလော့ကို လာရောက်ခြင်းဖြင့် သာသနာအသီးသီးမှ ညီအစ်ကိုမောင်နှမများနှင့် ရင်းနှီး ခင်မင်ကြစေရန် လည်ကောင်း၊ သာသနာတစ်ခုတွင် ဖြစ်ပျက်နေသော ဘာသာရေးဆိုင်ရာ သတင်းများကို အခြားသာသနာများမှ သိစေချင်ငှာလည်ကောင်း၊ သာသနာအတွင်း လှုပ်ရှားမှု့များဖော်ပြစေခြင်းငှာ လည်ကောင်း စသည်ဖြင့် ဘလော့လေးအား အခန်းစုံ အရောင်စုံဖြင့် ဖန်တီးနိုင်ရန် သာသနာအသီးသီးမှ ရဟန်း၊ သီလှရှင်၊ ကိုရင် လူကြီးလူငယ်အားလုံးအား ဆွဲနိုင်သလောက်ဆွဲ၍ ဖန်တီးသွားဖို့ ရည်ရွယ်ထားပါသည်။ 

ဘလော့၏ဆောင်ပုဒ်ကိုလည်း သံယောဟန် (၁း၅) ကို ကိုင်ဆွဲ၍ ကျွန်တော်တို့၏ စစ်မှန်သော ယုံကြည်ခြင်း အလင်းတိုင်းသည် မည်သည့်အမှောင်မိုက်တွင်မဆို ထွန်းလင်းတောက်ပနိုင်ကြောင်း ခံယူလျက် ခွန်အားရရှိစေပါသည်။ ကျွန်တော်တို့သည် ခရစ်တော် အမွေချန်ရစ်ခဲ့သော သတင်းကောင်းကို ကျွန်တော်တို့ကဲ့သို့ ကြားသိခွင့်မရသော သူများ အားလုံးကို ကြားသိစေရမည် ဖြစ်ပါသည်။ ထိုသို့ကြားသိစေသောအခါ၌လည်း အတင်းအားဓမဖိအားပေး၍မရပါ။ ဘုရားသခင် ကိုယ်တော်တိုင် ကျွန်တော်တို့၏ လွတ်လပ်ခြင်းကို လေးစားသူဖြစ်၍ အများသူတို့၏ လွတ်လပ်ခွင့်ကို လေးစားရပါမည်။ သို့သော်လည်း ကျွန်တော်တို့၏ဆေးကြော်ခြင်း မင်္ဂလာအားဖြင့် ကျွန်တော်တို့တတွေသည် ပိုးစွန်းကြူလေးတွေကဲ့သို့ဖြစ်လာ၍ မိမိနှင့်နီးစပ်သူအား အလင်းပြပေးနိုင်စွမ်း ရှိပါသည်။ ဤဘလော့ငယ် အားဖြင့် မိမိနှင့် နီးစပ်သူများကို အလင်းပြပေးရုံ သာမကဘဲ မိမိတို့ အချင်းချင်း၌ပါ ခွန်အားပေးနိုင် ရန် မျှော်လင့်ပါသည်။ 



1 comment:

  1. ဘလော့လေးအား အခန်းစုံ အရောင်စုံဖြင့် ဖန်တီးနိုင်ရန် သာသနာအသီးသီးမှ ရဟန်း၊ သီလှရှင်၊ ကိုရင် လူကြီးလူငယ်အားလုံးအား ဆွဲနိုင်သလောက်ဆွဲ၍ ဖန်တီးသွားဖို့ ရည်ရွယ်ထားပါသည်။

    ReplyDelete