ဇန်န၀ါရီလ
၂၇ ရက်နေ့ နေ့ခင်းတရားနာ ပရိတ်သပ်ကြီးအား ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၆)မှ ကက်သလစ် ဘာသာဝင်များအနေဖြင့်
မိမိတို့၏ ယုံကြည်ခြင်း၌ အပြည့်အ၀အသက်ရှင်ရန် လိုအပ်သည်ဟု ပြောဆိုခဲ့ပါသည်။ (၂၇.၁.၂၀၁၃)
ယခင် လာတင်ဆောင်ပုဒ် တစ်ခုဖြစ်သည့်
“Carpe diem” အားပြန်လည် ကိုးကားရင် ယနေ့ ခရစ်ယာန်တို့သည် “သင်တို့၏ ကယ်တင်ခြင်းကို ဆက်ကပ်ရန် အလို့ငှာ
ဘုရားသခင် ခေါ်သည့်နေ့ အား အမိ ဆွဲယူလော့” ဟူသည့် စာကြောင်းကို နားလည်ဖို့ လိုအပ်ပေသည် ဟု
ပုပ် ရဟန်းမင်းကြီးမှ ဆက်လက်ပြောဆို ခဲ့ပါသည်။
၎င်းနေ့၏ ဧ၀ံဂေလိ ကျမ်းစာတော်မြတ်မှာ သံလုကားရေးထားသော ကျမ်းမှကောက်နှုတ်ချက် ဖြစ်ပြီး ခရစ်တော်သည် သူ၏မွေးရပ်ဇာတိ နာဇရက်မြို့ရှိ တရားဟောဇရပ်တွင် “သင်တို့ ကြားရသော ကျမ်းစာတော်မြတ်သည် ယနေ့ပင်ပြည့်စုံလေပြီ” ဟု မိန့်ဆိုသော ကျမ်းပိုဒ်ပင် ဖြစ်ပေသည်။ ပုပ်ရဟန်းမင်းကြီးသည် “ဤယနေ့” ဟူသော အဓိပ္ပာယ်အား ရှင်းပြရန် အတွက် စီရယ်မြို့မှ စိန်အလက်စ်ဇန်ဒါးမှ ကိုးကားလေသည်။ ထို ”ဤယနေ့” ဟူသော အဓိပ္ပ္ပာယ်မှာ ခရစ်တော်၏မွေးဖွားခြင်း အချိန်မှစ၍ ဒုတိယမြောက် တဖန် ကြွလာသည့်တိုင် ဖြစ်ပါသည်။ ၎င်းအပြင် ပုပ် ရဟန်းမင်းကြီး ဘက်နက်ဒစ် မှ ထပ်လောင်းပြောဆိုသည်မှာ ခရစ်တော် ကိုယ်တော်တိုင်ပင် ကယ်တင်ခြင်း သမိုင်း၏ “ဤယနေ့” ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်းကို ဖြည့်ဆည်းပေးခဲ့သောကြောင့် ဖြစ်ပေသည်။
ဧ၀ံဂေလိ တရားတော်သည် ခရစ်ယာန် ဘာသာဝင်များအား ဥပုပ်နေ့အား မှန်မှန် ကန်ကန် နေထိုင်ကြရန် သတိပေးနှိုးဆော်နေလေသည်။ သူ၏ ဂျူး အသိုင်းဝိုင်း၌ ခရစ်တော်သခင် အသက်ရှင်နေထိုင်စဉ် အတွင်း ဂျူးတို့၏ ဥပုပ်နေ့အား မှန်မှန်ကန်ကန် နေထိုင် ခဲ့လေသည်။ ထို့အပြင် ကျမ်းစာတော်မြတ်သည် ကျွန်ုပ်တို့အား ဘုရားသခင်စေလွှတ်သော နှုတ်တော်ထွက် စကားတော်မြတ်ကိုလည်း နားထောင်တတ်ဖို့ အလွန် အရေးကြီးကြောင်း သတိပေးနေလေသည်။
နေ့ခင်း မွန်းတည့်မေတ္တာ ဆိုခါနီး အချိန်၌ ပုပ် ရဟန်းမင်းကြီးသည် ဂျိုးငှက်နှစ်ကောင်းအား သူ၏ တမန်တော် နန်းတော် ပြတင်းပေါက်မှ လွတ် ခဲ့လေသည်။ ထိုနေ့သည် အီတလီ၌ ကက်သလစ် အမှု့ဆောင် တစ်ခုဖြစ်သည် ကာရာဗာန် ငြိမ်းချမ်းရေးနှစ်ပတ်လည်နေ့ ဖြစ်သည်။ ပုပ် ရဟန်းမင်းကြီး၏ ပြတင်းပေါက်မှ လွတ်လိုက်သော ဂျိုးငှက်နှစ်ကောင် အနက် တစ်ကောင်သည် ပင်လယ်စင်ရော်၏ တိုက်ခိုက်မှု့ ခံရသော မြင်ကွင်းမှာ နိမိတ် မကောင်းသည့်ပုံ ရှိလှသည်။ သို့သော်လည်း ဂျိုးငှက်လေးသည် စင်ရော် လက်မှ လွတ်မြှောက်ခဲ့လေသည်။
မနောအောင်
No comments:
Post a Comment