ကျွန်ုပ်တို့လူသားများအား
အပြစ်မှကယ်တင်ဖို့ရန်အတွက် ဘုရားကိုယ်တော်တိုင်မှလွဲ၍ အဘယ်သူမှ မတတ်နိုင်ချေ။ အပြစ်သို့ ကျရောက်နေသည့်ကျွန်ုပ်တို့အား
ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သည့် ဘုရားသခင်အား ကျွန်ုပ်တို့အား သူ၏ပုံရိပ်နှင့် ဆင်တူအောင်ဖန်ဆင်းထားပြီးမှ
မကယ်တင်ဘဲ နေပါမည့်လော။ သို့မဟုတ် သူကိုယ်တော်တိုင် သူ၏ပုံရိပ်နှင့် ဆင်တူအောင်ဖန်ဆင်းထားသည့်
ဖန်ဆင်းခံများအား မချစ်ဘဲနေပါမည့်လော။ သံယောဟန် (၃း၁၆)တွင် “ဘုရားသခင်သည် ကမ္ဘာလောကသားတို့ကို
ချစ်တော်မူ၏။_သူ၏တစ်ပါးတည်းသော သားတော်ကို စေလွှတ်၍ ထိုသားတော်၌ လူတိုင်းယုံကြည်စေ၍ ထာဝရပျက်စီးခြင်းသို့ မရောက်စေဘဲ
ထာဝရ အသက်ကိုရစေတော်မူ” ဟုမိန့်ဆိုထားလေသည်။ ထိုကြောင့်ပင် ယေဇူးသည် ကညာစင်မာရိယာမှ
ဖွားမြင်ခြင်းကို ခံယူကာ လူ့အဖြစ်ကိုယူ၍ လူစင်စစ် ဖြစ်လာရလေသည်။ ဤအကြောင်းအရာများကို
ကျမ်းစာတော်မြတ်၌လည်းကောင်း၊ ရှေးထုံးသက်သေများဖြင့်လည်းကောင်း ဖော်ပြထားပြီးဖြစ်လေသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဤအကြောင်းအရာများကို ယုံကြည်ခြင်းနှင့် စဉ်းစားဉာဏ်ပေါင်းစပ်ကာ ကျမ်းစာတော်မြတ်နှင့်ရှေးထုံးသက်သေတို့အားဖြင့်
ယုံကြည်နိုင်ပေသည်။
ဤယုံကြည်ရာချက်အား စဉ်းစာထောက်ရှု့နိုင်ရန် သမ္မာကျမ်းစာတော်မြတ်ကို နားလည်ထားဖို့ လိုပေမည်။ ထို့အပြင် ရှေးထုံးသက်သေများနှင့်လည်း ရင်နှီးသက်ဝင်မှု့ရှိနေရပေလိမ့်မည်။
ကျွန်ုပ်တို့အဖို့ ပီလတုမင်း လက်ထက်တွင် ကားတိုင်ပေါ်၌ အသက်တော် စွန့်သည့်တိုင်အောင် ဒုက္ကစရိယာခံ၍ သင်္ဂြိုလ်ခြင်းကိုခံတော်မူ၏။
သမိုင်းကြောင်းအရ
ပီလတုမင်းအမည်ခေါ်သော အစိုးရမင်းသည် အမှန်တကယ်ရှိခဲ့လေသည်။ ထို့အတူ ယေဇူး အမည်ရှိသော
လူသား တစ်ဦးသည်လည်း မိမိကိုယ်ကိုဘုရား၊ ဘုရား၏ သားတော်ပါဟု ကြွေးကြော်ခဲ့သူလည်း အမှန်တကယ် ရှိခဲ့လေသည်။
ထို့အပြင် ထိုသူသည် ကားတိုင်ပေါ်၌ ဒုက္ကစရိယာ ခံပြီးကွယ်လွန်ခဲ့ကာ သင်္ဂြိုလ်ခံခဲ့ရလေသည်။
ထိုဖြစ်စဉ်များသည် သမိုင်းကြောင်း အရ ခိုင်မာမှန်ကန်သည့် သက်သေ အထောက်ထားများ ပင်ဖြစ်သည်။
တချို့က ယေဇူးသည် မိမိကိုယ်ကို အားလုံးစုံကိုတတ်နိုင်သော အနန္တတန်ခိုးတော်ရှင် ဘုရားဖြစ်ပါလျက်နှင့်
အဘယ်ကြောင့် ဒုက္ကစရိယာခံ၊ အသေခံနှင့် သင်္ဂြိုလ်ခံခဲ့ပါသလဲဟု မေးမြန်းကြပေသည်။ မှန်ပါသည်။
လူသားများကို ကယ်တင်ဖို့အတွက် သူ၏အစွမ်းတန်ခိုးနှင့် တတ်နိုင်ပါသည်။ သို့သော်လည်း ဤသို့လုပ်ခြင်းအားဖြင့်
အမှန်တရား (ငါသည်အမှန်တရားဖြစ်၏) ကိုဖော်ထုတ်ပြသနေပေ၏။
ကျွန်ုပ်တို့အားလုံးသိသည့်အတိုင်း
(ဗုဒ္ဓအရှင်
မိန့်ဆိုခဲ့သည့်အတိုင်း) ဘ၀ဆိုတာ ဒုက္ခ။ ဒုက္ခဆိုသည်မှာ ကျွန်ုပ်တို့ဘ၀မှာ မှန်နေလျှင်
ခရစ်တော်ကိုယ်တိုင်က ထိုအမှန်တရားကို ခံယူခဲ့ခြင်းဖြစ်ပေမည်။ သူကိုယ်တော်တိုင် အမှန်တရားပါဟု
ကြွေးကြော်ပြီး ထိုအမှန်တရား၏ဒုက္ခကိုလည်း ကျွန်ုပ်တို့အားလုံး ထိုဒုက္ခအမှန်တရားကို
အသိမှတ်ပြုလက်ခံလာဖို့ရန်အတွက် အားလုံးကိုယ်စားခံထမ်းခဲ့လေသည်။
“ငါသည် လမ်းဖြစ်၏”ဟုလည်း ခရစ်တော်ကကြွေးကြော်ခဲ့ပါသည်။ ယေဇူးခရစ်တော်သည် ကျွန်ုပ်တို့အား ထာဝရအသက်ရနိုင်သည့် လမ်းကိုဖော်ထုတ်ပြသပေးခဲ့သည်။ သေခြင်းတရားကိုဖြတ်ကျော်ပြီးလျှင် ထာဝရအသက်ကိုရနိုင်ပေလိမ့်မည်။ ထိုကြောင့် အသေခံ၍ သင်္ဂြိုလ်ခံခဲ့လေသည်။ ပထမဗာတီကန် အခန်း (၂း၎) တွင် ခရစ်တော်၏ထိုကဲ့သို့ ထုတ်ဖော်ပြသခြင်းသည် စီလျော်ပေသည်ဟု ဆိုလေသည်။
ရှေးကျမ်းများအား ဖြည့်ဆည်းခြင်းငှာ တတိယနေ့တွင် ထမြောက်ရှင်ပြန်လေ၏။
ခရစ်တော်ယေဇူးသည်
ဘုရားဖြစ်တော်မူသောကြောင့် ရှေးကျမ်းများကို ဖြည့်ဆည်းရုံသာမကဘဲ ကျွန်ုပ်တို့ အားလုံး၏မျှော်လင့်ခြင်းလည်း
ဖြစ်လာပေသည်။ ခရစ်တော်၏ထမြောက် ရှင်ပြန်ခြင်း မရှိလျှင် ဧ၀ံဂေလိ သတင်းကောင်းအား သူ၏ထမြောက် ပြန်ရှင်ခြင်းအားဖြင့်
ရဲရဲဝံ့ဝံ့ ဟောပြောနိုင်စွမ်းရှိမည် မဟုတ်ပေ။ အကြောင်းမူကား သေသူတို့၏ ရှင်ပြန်ထမြောက်မရှိလျှင်
ခရစ်တော်သည်လည်း ရှင်ပြန် ထမြောက်ခဲ့ခြင်းမရှိပေ။_အကယ်၍ ခရစ်တော်၏ရှင်ပြန် ထမြောက်ခြင်း မရှိခဲ့လျှင်
သင်တို့၏ ယုံကြည်ခြင်းသည်လည်း အချည်းအနှီးဖြစ်၍ သင်တို့သည်လည်း သင်တို့၏အပြစ်များထဲတွင်
ဆက်လက် တည်ရှိနေကြ၏။ (၁ ကော် ၁၅း၁၆-၁၇)။
မနောအောင်
No comments:
Post a Comment