ချောင်းရိုးရွာသို့ ရက်သတ္တပတ်. . .
ဖရစ္စကန် တတိယဂိုဏ်းဝင် ဒဏ်ဆပ်ဖြေခြင်း ရသေ့များ အသင်းဂို ဏ်းမှ Br.Jean-Freddie (OFS) သည် ဇန်န၀ါရီလ ၉ ရက်နေ့ ၂၀၁၃ ခုနှစ်
သောကြာနေ့မှစ၍ ရက်သတ္တတစ်ပတ် တိုင်အောင် မန္တလေး ဂိုဏ်းချုပ်သာသနာပိုင် ၊ ခရစ္စယာန်တို့အား မှိုင်းမတော်မူသော
သခင်မ သာသနာအုပ်စု၊ ချောင်းရိုးကျေးရွာ သို့ အလည်အပတ်သွားရောက်ခဲ့ပါသည်။
၎င်း ခရီးစဉ်တွင် ရွာတွင်းရှိ ဘာသာတူများအိမ်သို့ အလည်အပတ် သွားရောက်ကာ အားပေး စကားများ ပြောခြင်း၊ ကလေးငယ်များအား ဘာသာရေး အသိများ၊ပညာရေးကို တန်ဖိုးထားတတ် စေရန်နှင့် လိမ္မာရေးခြား ရှိစေရန် ရင်းနှီးစွာဖြင့် သင်ပြပေးခြင်း၊ ကျောင်းထိုင် ဘုန်းတော်ကြီးနှင့် လည်း ကျေးရွာ တိုးတက်စေရန် တိုင်ပင် ဆွေးနွေး အကြံပေးခြင်း နှင့် ဘာသာရေး၊ ၀ိညာဉ်ရေး တိုးတက်စေရန် စီမံကိန်းများကို ရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ၄င်း အပြင် တွဲဖက်ကာ ကံထူးမ ကျေးရွာရှိ ဘာသာတူများ ထံသို့၎င်း၊ ချမ်းသာရွာရှိ ဘာသာတူများထံသို့ ၄င်း သွားရောက်ကာ အားပေး စကားပြောကြားခြင်းနှင့် အိမ်များသို့ အလည်အပတ်သွားခြင်း၊ ကျေးရွာများ တိုးတက်စေရန် အကြံဥာဏ် ပေးကာ စီမံကိန်းများကို ရေးဆွဲခြင်းများ ပြုလုပ်ခဲ့ပါသည်။ ချောင်းရိုး ကျေးရွာမှ ၁၇.၁.၂၀၁၃ နေ့တွင်
ပြန်လည် ထွက်ခွာလာခဲ့ပါသည်။ ဖရစ္စကန် တတိယဂိုဏ်းဝင် ဒဏ်ဆပ်ဖြေခြင်း ရသေ့များ အသင်းဂို ဏ်းအား
ရန်ကုန်မြို့ အရှေ့ဒဂုံတွင် အမိကျောင်းဆောင်အဖြစ် သတ်မှတ်ပြီး ၂၀၁၂ခုနှစ် မှ စ၍ အသင်းဂိုဏ်းအား
မြန်မာပြည်တွင် ဒုတိယအကြိမ်မြောက် စတင်ခြင်း ဖြစ်ပါသည်။ OFM ဘုန်းတော်ကြီးများ၏ လမ်းညွှန်မှု့ အောက်တွင်
ရှိပါသည်။
Br.Jean-Freddie (ofs)
No comments:
Post a Comment