Thursday, 10 April 2014

မန္တလေးဂိုဏ်းချုပ် ဆရာတော်ကြီးပေါလ် ဇိန်ထုန်းဂရောင် သာသနာ့သိုးထိန်းတာဝန်မှ အနားယူ


၃.၄.၂၀၁၄ - ကြာသပတေးနေ့တွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်သည် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင်၏ သာသနာ့သိုးထိန်တာဝန်မှ အနားယူခြင်းကို  ကာနွန်ဥပဒေ canon 401 § 1 လက်ခံခဲ့ပါတယ်။ ဆရာတော်ကြီးပေါလ်ဟာ သူ၏အသက်အရွယ် အကန့်အသတ်အတိုင်းတာ သို့ရောက်ရှိကာ ယခုလို အနားယူခြင်း (သို့) သာသနာ့သိုးထိန်းတာဝန်မှ ရပ်နားခွင့်ကို ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်ထံသို့ တင်လျှောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဆရာတော်ကြီး၏ အရိုက်အရာကို ယခုချိန်တွင် ဆရာတော် နီကော်လပ်စ်မန်းထျန်မှ ဆက်ခံကာ မန္တလေးဂိုဏ်းချုပ်သာသနာ၏ သိုးထိန်းတာဝန်ကို လက်ခံယူပါတယ်။

ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင်ကို ခရစ်သက္ခရာဇ် ၁၉၃၉ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ ၁၉၆၅ မတ်လ ၂၇ ရက်နေ့တွင် ရဟန်းသိက္ခာခံယူရရှိခဲ့ပြီး ၁၉၇၆ ခုနှစ် ဧပြီလတွင် မြစ်ကြီးနား ဂိုဏ်းအုပ်သာသနာ၏ ခန့်အပ်ခံရ၍ ၎င်းနှစ် ဇူလှိုင်လ ၉ ရက်နေ့တွင် ဆရာတော်သိက္ခာခံယူခဲ့ကာ မြစ်ကြီးနားဂိုဏ်းအုပ်သာသနာ၏ ဆရာတော်တစ်ပါးဖြစ်လာခဲ့ပါတယ်။ ထို့နောက် ၂၀၀၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် မန္တလေးဂိုဏ်းချုပ်သာသနာ၏ ဂိုဏ်းချုပ်ဆရာတော်ကြီးအဖြစ် တင်မြှောက်ခန့်အပ်ခံခဲ့ရပါတယ်။

ဘုရားသခင်၏ကောင်းကြီးမင်္ဂလာ ဆရာတော်ကြီးပေါလ်နှင့်အတူ အမြဲတမ်းရှိ၍ တရားဘောင်မှာ မွေ့လျော်ပျော်ရွှင်နိုင်ပါစေ။

မနောအောင်


No comments:

Post a Comment