အချိန်တိုလေးအတွင်းသာ
တွေ့ဆုံဖြစ်သော်လည်း ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်နှက်ါ အင်္ဂလန်ဘုရင်မ ဧလီဇဘက်(၂)တို့၏
တွေ့ဆုံမှုဟာ မီဒီယာလောကနှင့် ကမ္တာတ၀ှမ်း ကိုတော့လှုပ်ရှားစေခဲ့ပါတယ်။ ၎င်းတို့ရဲ့ တွေ့ဆုံမှုဟာ
သာမန်တွေ့ဆုံမှုတစ်ခုသက်သက်နှင့် လှိုက်လှဲပြူငှာမှုရှိတယ်ဟု အများကပြောဆိုကြပါတယ်။
၂၀၁၃
ခုနှစ်ကတည်းက အီတလီနိုင်ငံ သမ္မတ၏သီးသန့်ဖိတ်ခေါ်ခြင်းကြောင့် ရောမမြို့တော်သို့ လာရောက်လည်ပတ်ဖို့အစီစဉ်ရှိခဲ့သော်လည်း
သူမ၏ကျန်းမာရေးအခြေနေမကောင်းမှုကြောင့် မလာဖြစ်ခဲ့ဘဲ အခုမှလာဖြစ်တာဟု ပုပ်ရဟန်းမင်းကြီးဆိုင်ရာ
အင်္ဂလန်သံအမတ် နီဂဲယ်ဘေကာထံမှသိရှိရပါတယ်။
ယခုလည်ပတ်မှုနှင့်
တွေ့ဆုံမှုမှာ ပုပ်ရဟန်းမင်းကြီးနှင့် ဘုရင်မကြီးတို့အကြား လက်ဆောင်များ အပြန်အလှန်
လဲလှယ်ဖြစ်ခဲ့ကြပါတယ်။ ဘုရင်မကြီးက သူမနှင့်သူမခင်ပွန်းတို့ လက်မှတ်ကိုယ်စီထိုးထားတဲ့
သူမနှင့် သူမခင်ပွန်းတို့၏ဓါတ်ပုံကို အမှတ်တရပေးခဲ့ပါတယ်။ ထို့အပြင် အင်္ဂလိပ်ပစ္စည်းများပြည့်နေတဲ့
ခြင်းတောင်းကြီး တစ်ခုလည်းပါပြီး ဘုရင်မကြီးက ၎င်းခြင်းတောင်းကြီးဟာ ပုပ်ရဟန်းမင်းကြီးအတွက်
သီးသန့်ပေးတာ ဟုဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ကလည်း
သူမ၏မြေး အိမ်ရှေ့စံမင်းသား ဂျော့စ်အတွက် အပြာရောင်ကျောက်တုံးနောက်ခံနဲ့ ငွေရောခရစ္စတူးတိုင်ကို
ပေးခဲ့ပါတယ်။ ပုံရဲ့အောက်မှာ “ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ အိမ်ရှေ့နန်းစံ ကမ်းဘရိတ်ခ်ျမှ
မင်းသားဂျော့ခ်” ဟုအင်္ဂလိပ်အက္ခရာကြီးကြီးဖြင့် ရေးထိုးထားပါတယ်။
ထို့အပြင်
ဘုရင်မကြီးကိုလည်း အင်္ဂလန်မှစိန်အက်ဒွက်၏ပွဲနေ့အား အသင်းတော်၏ ၀တ်ပြုကိုးကွယ်ရာပြကဒိန်တွင်
ပထမဆုံးထည့်သွင်းပေးခဲ့သည် ၁၆၇၉ခုနှစ် ကြေငြာစာမူရင်းကော်ပီတစ်ခုကို ပေးခဲ့ပါတယ်။ ထို့အပြင်
ပုပ်ရဟန်းမင်းကြီးမျက်နှာ ထည့်သွင်းရိုက်နှိပ်ထားတဲ့ ရွှေဒင်္ဂါးတစ်ခု၊ ငွေဒင်္ဂါးတစ်ခုနှင့်
ကြေးဒင်္ဂါးတစ်ခုတို့ကိုလည်း ပေးခဲ့ပါသေးတယ်။
ဘုရင်မကြီးဟာ
သူမသက်တမ်းတလျှောက် ပဉ္စမမြောက်ပုပ်ရဟန်းမင်းကြီးကို တွေ့ဆုံခွင့်ရခြင်းဖြစ်ပါတယ်။ ပထမဆုံးတွေ့ဆုံခွင့်ရခဲ့သည်မှာ
ပုပ်ရဟန်းမင်းကြီးပီဦး (၁၂)ဖြစ်ပြီး ဒုတိယပုပ်ရဟန်းမင်းကြီးမှာ ပုပ်ရဟန်းမင်းကြီး
ဂျွန် (၂၃)၊ ထိုနောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂)၊ ထို့နောက် ပုပ်ရဟန်းမင်းကြီး
ဘက်နက်ဒစ် (၁၆)နှင့် ယခု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ဖြစ်ကြပါတယ်။ ပုပ်ရဟန်းမင်းကြီး
ဂျွန်ပေါလ် (၂)နှင့် ပုပ်ရဟန်းမင်းကြီးဘက်နက်ဒစ် (၁၆)တို့အား အင်္ဂလန်နိုင်ငံသို့ အလည်ဖိတ်ခေါ်
ဧည့်ဝတ်ပြုဖြစ်ခဲ့ပါတယ်။
ယခု
ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့် တွေ့ဆုံခြင်းဟာ တရားဝင်အလုပ်သဘောအရ တွေ့ဆုံခြင်း မဟုတ်သော်လည်း
အင်္ဂလန်နှင့် ဗာတီကန်အကြား သံတမန်လမ်းပြန်လည်ဖွင့်ခဲ့သည့် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ်
မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ဆိုပါတယ်။
ယခုလို တွေ့ဆုံလည်ပတ်ရာတွင် ဘုရင်မကြီးနှင့်အတူ သူမ၏ခင်ပွန်း ဧဒင်ဘတ်၏မြို့စားကြီး မင်းသားဖီးလစ်လည်း အတူလိုက်ပါခဲ့ပါတယ်။ မိနစ် ၂၀ ခန့်နောက်ကျခဲ့၍ သူမအလာကို စောင့်နေခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ကိုလည်း တောင်းပန်စကားဆိုခဲ့ပါတယ်။
မနောအောင်
No comments:
Post a Comment