Tuesday, 15 April 2014
၂၀၁၄ ခုနှစ်ဆရာတော်ကြီးချားလ်စ်ဘို၏ ပါစကား သတင်းကောင်း
ချစ်ခင်လေးစားရပါသောညီအစ်ကိုမောင်နှစ်မအပေါင်းတို့၊
ပုံပြင်တိုလေးတစ်ပုဒ်နဲ့အစပြုပါရစေ။ ၁၉၂၁ခုနှစ်၊ ကက်သလစ် ခရစ်ယာန် ရွာ ကလေးတစ်ရွာမှာ ပါစကားပွဲတော်ကိုကျင်းပခဲ့ကြတယ်။ ကက်သလစ်ခရစ်ယာန် မဟုတ်တဲ့အခြားဆွေမျိုး၊ မိတ်ဆွေအပေါင်းအသင်းတွေလည်း ပွဲတော်မှာ ပါဝင် ခဲ့ကြတယ်။ ရုတ်တရက် ဘာသာဝင် မဟုတ်တဲ့အသက်ကြီးကြီး အဖွားအိုတစ်ဦး သေဆုံးခဲ့တယ်။ ရွာသူရွာသားတွေအားလုံးက သူမကိုရင်းနှီးချစ်ခင်ကြတယ်။ လေးစားအားကိုး ကြတယ်။
ပြဿနာကြီးတစ်ခုက “သူမကိုဘယ်နေရာမှာမြေမြှုပ်သဂြိုလ်ကြမလဲ’’ ကက်သလစ် အသင်းတော်ဥပဒေအရ ဆေးကြောခြင်းခံပြီးတဲ့ ပုဂ္ဂိုလ်တွေပဲ သန့်ရှင်းရာ ကက် သလစ်သင်္ချိုင်းမြေမှာမြေမြှပ်ခွင့်ရတယ်။ ရွာအနီးနား တ၀ိုက်မှာ တခြားသင်္ချိုင်း မရှိဘူး၊ သင်္ချိုင်းကဒီတစ်ခုပဲရှိတယ်။ “သူမကို ဘယ်နေရာမှာမြေမြှုပ်ဘ သဂြိုလ်ကြ မလဲ” နောက်ဆုံးသူမကို သင်္ချိုင်းရဲ့ ခြံစည်းရိုး အပြင်မှာမြေမြှပ်ဖို့ ကျောင်းထိုင် ဘုန်းတော်ကြီးက ဆုံးဖြတ်ခဲ့ပြီးမြှပ်ခဲ့ကြတယ်။ ညအချိန်ရောက် တော့ ဘုန်းတော်ကြီး နဲ့ရွာသားသုံးဦးဟာ သင်္ချိုင်းရဲ့ခြံစည်းရိုးကို အပြင်ဘက်ချဲ့ ရွေ့လိုက်တယ်။ အဖွားအိုရဲ့ ဂူလေးဟာ သင်္ချိုင်းမြေထဲရောက် သွားတယ်။
ဒါဟာ ခရစ်တော်အလုပ်ဖြစ်တယ်။ ခရစ်ယာန်တွေလုပ်ကြရမယ်။ ဘာတွေကို လုပ်ကြမလဲ စည်းတွေကိုရွှေ့၊ နံရံတွေကိုဖြိုချကြရမယ်။ ခရစ်တော်ဘုရားရှင် ကိုယ်တိုင်လောကကြီးကို ပြန်လည်ငြိမ်းချမ်း သင့်မြတ်စေခဲ့တယ်။ ဒီအမှုကို ဆက်ပြီး ကျွန်ုပ်တို့ကိုထမ်းဆောင်စေလိုပါတယ်။ ခရစ်တော်ဘုရားရှင်ဟာ မိမိရဲ့ လက်တော်ကို ကမ္ဘာတ၀ှမ်းဆီဆန့်တန်းပြီး ချစ်ခြင်းနဲ့ပွေ့ဖက်တယ်။
အားလုံးကိုပျော်ရွှင်သောပါစကားပွဲတော်ကြီးလို့နှုတ်ဆက်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ခါတော်သင်္ကြန်နဲ့ပါစကားပွဲ
ဒီတစ်ပတ်မြန်မာပြည်သူ/သားတွေခါတော်သင်္ကြန်ကိုကျင်းပကြတယ်။ အင်မတိ၊ အင်မတန်ပျော်စရာကောင်းတယ်။ ဆရာတော်ကျောင်းကွင်းကနေ လည်းချောင်းပြီး လမ်းပေါ်သွားလာ သူတွေကိုရေပက်ပြီး၊
တော်ဝင်သင်္ကြန်ကျင်းပတယ်။ သင်္ကြန် ဆိုတာ ကူးပြောင်းခြင်း
နှစ်ဟောင်းအညစ်ကနေ နှစ်သစ်အသစ်ကိုကူးပြောင်း တယ်။ ရန်သူကနေမိတ်ဆွေ တပါးသူအေးချမ်းစေဘို့ မေတ္တာရေစင် သွန်းလောင်း ပေးတယ်။ တပတ်လုံး ရယ်စရာ၊ ရွှင်စရာ ကစားကြ၊ မြူးဆော့ကြ။
ဆင်းရဲသားသာ မကသူဌေးများပါ။
အဆင့်နှိမ့်သူကော မြင့်သူများလည်းပဲပါ
တိုင်းသူ၊ပြည်သားကော အုပ်ချုပ်သူများပါ
ဗမာနဲ့တိုင်းရင်းသားအားလုံး ညီအစ်ကိုမောင်နှမစိတ်ရင်းနဲ့ အသက်ရေကိုပက်ဖျန်းကြတယ်။
ဒီသင်္ကြန်ပွဲဟာမိတ်ဆွေဖွဲ့တဲ့ပွဲ။စစ်အစိုးရအချိန်မှာကော နှစ်စဉ်ကျင်းပစမြဲ ဖြစ်တယ်။ ဒီနှစ် Easter Paschal ပွဲနဲ့ သင်္ကြန်တပတ်ထဲ ဆုံပြီး(၂)ဘက် စလုံးက အထူး ဘာသတင်းပြောချင်သလဲ။ ဒို့ဟာမိသားစုကြီး တစ်ခုဖြစ်တယ်။ ရန်အမုန်းများ ပယ်ရှားပြီး ပြေလည်ပြီ။ မိတ်ဆွေဖြစ်ကြပြီ ဆိုတဲ့သတင်းပဲ ဖြစ်တယ်။
ခါတော်သင်္ကြန်ပွဲနဲ့ Easter ပွဲ၂ခုစလုံးက ဒို့ကိုလူအသစ် အပြစ်နဲ့အမုန်း တရားများမှ ကင်းတဲ့ သူတော်ကောင်းများ ဖြစ်ကြပြီလို့ကြေငြာနေတယ်။ ညီအစ်ကို မောင်နှမ အဖြစ်အသစ်မွေးဖွါးကြပြီ။ ၂၀၁၄ဟာမြန်မာ ပြည်သူ/သားတွေအတွက် အရေးပါ အဓိပ္ပါယ်ရှိဆုံး သတင်းဖြစ်တယ်။
ဒို့လူသစ်များဖြစ်လို့ ရှင်ပေါလူးဟာ အထူးဝမ်းမြောက်ရွှင်လန်းတယ်။
“မည်သူမဆို သခင်ယေဇူး၌ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ဟောင်းသော အရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ဘုရား သခင်သည် ယေဇူးအားဖြင့်ငါတို့၏ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်ဿ ဟာယ ဖွဲ့စေတော်မူ၏။
ပါစကားပွဲတော်နဲ့သင်္ကြန်ဟာကျွန်ုပ်တို့လက်တွေ့ဘ၀မှာဘယ်အကျိုး ရစေပါသလဲ။
- ဘုရားနဲ့ကိုယ်နဲ့မိတ်ဖွဲ့ခြင်း၊
ဝါတွင်းရက်(၄၀)ကို ကိုယ်ကျင့်တရားပြုပြင်ပြီး ဆုတောင်း၊၀ါရှောင်ခဲ့ကြပြီ။ ကျွန်ုပ် တို့ရဲ့ ကယ်တင်ခြင်းသမိုင်းကို အကျဉ်းချုပ်လေ့လာခဲ့ကြပြီ။ ဒို့ကိုလာ ကယ်ဆယ်တဲ့ သခင်ယေဇူးကိုယ်တိုင်တောကန္တာရထဲမှာ စုံစမ်းနှောက်ယှက်ခြင်းခံခဲ့ရတယ်။ (မာတေဦး၎) အပြစ်ရဲ့ကျေးကျွန်မှလွတ်မြောက်ဘို့ ဒို့ကြိုးစားခဲ့တယ်။ ရှင်ပေါလူးကိုယ်တိုင် ၀ိညာဉ်ပကတိနဲ့ ဇာတိပကတိ လွန်ဆွဲသလို ရုန်းကန်ခဲ့တယ်။ ဒို့လဲပဲ အကောင်းနဲ့ အဆိုး တောင်နဲ့မြောက် ကဒိမ်းကဘား ရုန်းကန်နေဆဲ ဖြစ်တယ်။ မကောင်း အဆိုးအပြစ်ဟာ ဒို့ကိုဖျက်စီးဘို့ တံခါးဝမှာစောင့်နေတယ်။ ဒါကြောင့်မို့ပဲဘုရားနဲ့ ဒို့- ဒို့နဲ့ဒို့အချင်းချင်း မိတ်ဆွေပျက်ပြားခဲ့တယ်။ ဘုရားရှင်နဲ့ဆက်နွယ်မှုကို ပြန်လည်ရရှိဘို့ အိမ်ကထွက်ခွါသွားတဲ့ သားလေးလိုပဲ အဖဆီကိုပြန်လာဘို့ အချိန်ဖြစ်တယ်။ It is the time to return to God.
- မိသားစုမှာပြန်လည်ကျေအေးခြင်း
ဒို့ဟာ အဖွဲ့အစည်းမိသားစုနဲ့နေကြတယ်။ ဒို့ကိုးကွယ်တဲ့ဘုရားဟာလဲ၊ခမည်းတော်၊ သားတော်- ၀ိညာဉ်တော်အဖွဲ့နဲ့စံပယ်တဲ့ ဘုရားဖြစ်တယ်။ ဒီခေတ်မှာ စိန်ခေါ် ခံရဆုံးဟာ အိမ်ထောင်မိသားစုဖြစ်တယ်။အသက်ထက်ဆုံး အတူတူနေဘို့ ပဋိညာဉ် သစ္စာဆောက်တည်ရတယ်။ ကမ္ဘာဦးကျမ်းမှာ အကြင်လင်နဲ့မယား ကို ကောင်းကြီး မင်္ဂလာပေးထားတယ်။ ထိုသူ ၂-ဦးတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။ (ကမ္ဘာဦး ၂း၂၄) ဒီနေ့ကမ္ဘာကြီးဟာအိမ်ထောင်မိသားစုများကို စိန်ခေါ်နေတယ်။ ပါစကားပွဲသည် ကွဲပြားနေသောမိသားစုများ အတွက်
မျှော်လင့်စရာဖြစ်ပြီး ပြန်လည်ကျေအေး ဘို့ဖြစ်တယ်။
- အချင်းချင်းကျေအေးရုံမက- ရန်သူများနဲ့လည်း ကျေအေး "သင်တို့၏ ရန်သူများကိုချစ်ကြလော့။ ကိုယ်ကိုမုန်းတီးသောသူတို့ကိုအကျိုးပြုကြလော့။ (မာတေဦး ၅း၄၄)
ခရစ်တော်သခင်ရဲ့သတင်းစကားဟာထောင်သောင်းမကလူပုဂ္ဂိုလ်များကိုလမ်းညွှန် ပေးတယ်။
Gandhi, Martin Luther King နဲ့ ကိုယ်နယ်ကိုယ်မြေမှာ နေထိုင်ကြတဲ့ ပုဂ္ဂိုလ်များကို ခွန်အားဖြစ်စေတယ်။ ဒို့အားလုံးဟာ သခင်ယေဇူးရဲ့ တခုတည်း သောခန္ဓာကိုယ်၊ အစိတ်အပိုင်းများဖြစ်တယ်။
မြန်မာပြည်သူ ပြည်သားတိုင်း မျှော်လင့်ချက် ကိုယ်စီနဲ့တမ်းတနေကြတယ်။ လွန်ခဲ့တဲ့နှစ်(၆၀) ဖြစ်ခဲ့တဲ့ ပြည်တွင်း စစ်အစိုးရတပ်နဲ့ တိုင်းရင်းသားလူမျိုးစုစစ်ပွဲများ ပြီးဆုံးတော့မယ်။ ငြိမ်းချမ်းရေး သဘောတူစာချုပ် မူကြမ်းရေးဆွဲပြီးပြီ။ ငြိမ်းချမ်းရေး အရေးကြီးပါတယ်။
No Peace no progress
No peace no democracy
No progress no democracy
မြန်မာပြည်ရှိအသင်းအဖွဲ့များ ကျေအေးနိုင်ခြင်း ဒီနိုင်ငံတော်ကြီးထဲမှာ ဒို့အားလုံးဟာ ညီအစ်ကိုမောင်နှမများဖြစ်ကြတယ်။ ညီအစ်ကိုမောင်နှမ မိသားစု စိတ်ဓါတ်မရှိရင် ကမ္ဘာကြီးမှာ ငြိမ်သက်ခြင်းလည်းမရှိနိုင်ဘူးလို့ ရဟန်းမင်း သူတော်မြတ Francis က မြွတ်ဆိုခဲ့တယ်။ မြန်မာ့သမိုင်းမှာ ဗမာလူမျိုးများသာ အစစအရာရာပိုင်ဆိုင်ခွင့် စိုးပိုင်ခွင့်ရှိပြီး ကျန်ရှိ တိုင်းရင်းသားများ စိုးစံရပိုင်ခွင့် မရှိခဲ့ရသည့်အတွက် ပြည်းတွင်းစစ် ပဋိပက္ခနဲ့အားလုံးအတိဒုက္ခရောက်ခဲ့ကြတယ်။
ရှင်ပြန်တဲ့သခင်ယေဇူးက သတင်းဆန်းလေးတစ်ခုယူလာတယ်။ “Peace be with you” (LK 24;36)
သင်တို့၌ငြိမ်းချမ်းရေးရှိစေတည်း။
ရဟန်းမင်းသူတော်မြတ် ဆဌမမြောက်ပေါလူးပြောတဲ့စကားတခွန်းရှိတယ်။ ကျွှန်ုပ်တို့ နဲ့ကိုက်ညီပါတယ်။ ငြိမ်သက်ခြင်းလိုချင်ရင် တရားမျှတမှုရှိဘို့ကြိုးစားပါ။ တိုင်းရင်းသား လူမျိုးစုငယ်လေးတွေ
နေထိုင်ရာနေရာများမှာ တရားမျှတမှု Supply နည်းနေတယ်။ စည်းပွားရေးလုပ်ငန်းရှင်များ၊ ကုမ္မဏီရှင်များ တရားခြင်း၊ မျှတခြင်းကို အရေးပေးအာရုံပြုဘို့ လိုအပ်ပါတယ်။ ဓမ္မဟောင်းမှဘုရား ရှင်ပြန်ထမြောက်သော ဘုရားဟာ တရားမျှတခြင်းနဲ့စိုးမိုးတော်မူပါတယ်။
တရားမျှတခြင်းစီကိုဦးတည်ခြင်းဟာ လူမျိုးစု(၁၃၅)ခုရဲ့ပြန်လည်ကျေအေးခြင်းကိုဦးတည်တာနဲ့အတူတူပါပဲ။
- မတူခြားနားခြင်းဟာ သိက္ခာတစ်ခုပါ။
ရိုသေကြပါစို့၊ ကျေအေးကြပါစို့။
ဖန်ဆင်းထားသော ပတ်ဝန်းကျင်နဲ့ ကျေအေးရခြင်း
သံယံဇာတနဲ့ပြည့်စုံကြွယ်ဝတဲ့ ကျွန်ုပ်တို့ရဲ့မြေဟာ လွန်ခဲ့တဲ့နှစ်(၆၀)မှာ အဆိုးဝါး ဆုံး ဖျတ်စီးခြင်းခံခဲ့ရတယ်။ စည်းပွားရေးသမားများ အာဏာ အလွဲသုံးစာသူများ ကိုယ့်ကျိုးရှာအမြတ်ထုတ်နေတဲ့အခါ ဒို့နိုင်ငံချစ်ပြည်ချစ်သူများဟာ ကိုယ့်သံယံ ဇာတကို ကာကွယ်ရမယ်။
မြစ်ရေကိုလုံခြုံစေရမယ်။ သစ်တောများကို ထိန်းသိမ်း ရမယ်။ မြေကိုခုခံပေးရမယ်။ ဘုရားပေးထားတဲ့ ဘုရားဖန်ဆင်းထားတဲ့အရာ ဟူသမျှနဲ့ ကျေအေး စေရမယ်။
သခင်ယေဇူးဟာ ကျွန်ုပ်တို့ရဲ့ ခန့်ညားလှတဲ့တာဝန်ကြီးကို သတိပေးနေတယ်။ မိမိကိုယ်တိုင် ဒို့ကိုအခွင့်လွတ်ပြီး ကျေအေးစေခဲ့သလို ဒို့သည်လည်းပဲ ကိုယ့်ကိုမှား မိထိခိုက်သူများစီ သွားပြီးရှာပြီ
ကျေအေးအောင်ပြုပါ။ ဘုရားရှင်ရဲ့ စံနမူနာကို လိုက်ပြီး ကိုယ်ကိုနာအောင်လုပ်သူ ဒုက္ခပေးတဲ့လူ မှားတဲ့လူကို အခွင့်လွတ်ပါ။ ကိုယ်တိုင်ပဲအစပျိုး၊ စလှမ်း၊ စသွားပြီး။ အခွင့်လွတ်ပါ။ သူများလာ ဘို့စောင့်မနေပါနဲ့။
တမျိုးအားဖြင့်ပြောရရင် “ကိုယ်ကဘုရားဖြစ်စေပါ။” ကျမ်းချက်ကို နားထောင်ရ အောင်။ “အသက်ရှင်သော သူတို့သည်တဖန်၊ ကိုယ့်အလိုသို့ လိုက်၍မရှင်။ ဒို့အတွက် အသေခံပြီးမှ ထမြောက်တော်မူသောသူ၏ အလိုသို့ လိုက်၍ ရှင်စေမည်။
လူအတွေးနဲ့မတွေး ဘုရားအတွေးနဲ့တွေးရင် ဘုရားနဲ့တူဘုရားဖြစ်တယ်။ ဘယ် အချိန်မှာဖြစ်မလဲ။ကျေအေးအောင် လုပ်တက်တဲ့သူများ ဘုရားနဲ့ တူပါတယ်။
ဒါကြောင့် ဒို့နဲ့သခင်ယေဇူးဘယ်အချိန်အတူဆုံးလဲ။ သူလုပ်တဲ့အတိုင်း ဒို့လုပ်ရင်၊ သူဟာကာလရ်ဝါရီတောင်ထိပ်မှာ ထူးခြားအံ့သြတဲ့ လက်ဆောင်မွန်ပေးခဲ့တယ်။ forgiveness အခွင့်လွတ်တယ်။ ကျေအေး စေတယ်။
အဆုံးမသတ်ခင်-လက်တွေ့ကျတဲ့အချက်လေး၊ အကြံပြုချင်တယ်။ ကိုယ်ဟာ ဘုရားသခင်ရဲ့ တမန်တော်သံအမတ်ဖြစ်တယ်။ အခုပေါ်ထွက်ခါစဖြစ်တဲ့- “ ပန်းစကား” နှုတ်ထွက်စကားလုံးဟာ ပန်းပွင့်ကဲ့သို့ တူနိုင်ဘို့ကြိုးစား ကြရအောင် ပန်းစကားရဲ့နှိုးဆော်မှုဟာ တပါးသူကိုတိုက်ခိုက် ဆန့်ကျင်တဲ့ စကားမျိုးကို ဆန့်ကျင်ရှုတ်ချသော အဖွဲ့ဖြစ်တယ်။ ရိုးသားသော ဗုဒ္ဓဘာသာဝင်များတောင် ဆန့်ကျင်ဟောပြောတဲ့စကား၊ တရားကြောင့်- တခြားသူများအပေါ် အမြင်စောင်း တယ်။ တစ်ခုခုဖြစ်လာရင် အကြမ်းဖက်ချင်လာတယ်။ ဒါမျိုးတစ်ပါး သူတိုက်ခိုက် စကားမျိုးကိုအစိုးရက ကိုင်တွယ်ဘို့ကောင်းတယ်။ အခုထိ-ရေငုံနှုတ်ပိတ် နေသေး တယ်။
အတိုချုပ်အားဖြင့်- ပါစကားရဲ့ သတင်းကောင်းဟာ ကိုးကွယ် ဘာသာတိုင်း ကိုရိုသေကြဘို့၊ အကောင်းမြင်တက်ဖို့ဖြစ်တယ်။ ဘာသာရေးခေါင်းဆောင်များဟာ မိမိကိုးကွယ်ရာ ဘာသာကောင်းမွန် မြင့်မြတ်ကြောင်းကို ဟောပြောရမယ်။ တခြား ဘာသာကို တိုက်ခိုက်၊ ရှုတ်ချမှုတွေ ရှောင်ရှားသင့်တယ်။ တခြားဘာသာကို ရိုသေလေလေ – ကိုယ့်ဘာသာကိုပိုမွန်မြတ်စေတယ်။ လေးစားစေတယ်။
မတူခြားနားခြင်းဟာ ဂုဏ်သိက္ခာဖြစ်တယ်။ အန္တရာယ်မဟုတ်ပါဘူး။ ဒို့အားလုံး ဒီမြေ၊ ဒီနိုင်ငံနဲ့ပတ်သက်ကြရတယ်။ မတူခြားနားခြင်းကိုလေးစားရင် ငြိမ်းသက် ခြင်း၊ တိုးတက်ခြင်းရလဒ်ရပါတယ်။မတူခြားနားတာကိုမုန်းတီး ဆန့်ကျင်ရင် ပြည်တွင်းစစ်နဲ့လူတွေအိုးအိမ်နေရာပျောက်ဆုံးကြရမယ်။
အနာဂတ်ရဲ့အာရုဏ်ဦးကိုမျှော်ကိုးနေတဲ့ ဒို့ရဲ့နုနယ်သေးတဲ့နိုင်ငံမှာ အမြင်ကျဉ်း၊ အမြော်အမြင်မရှိတဲ့ အဖွဲ့လေးတစ်ဖွဲ့ရဲ့ ပယောဂမှိုင်းထဲ မမိဘို့သတိထားရပါမယ်။
ဒို့ရဲ့နိုင်ငံတော်အသစ်မှာအမုန်းတရားအတွက်နေရာမရှိ။ မြန်မာပြည်ရဲ့ ပန်းတိုင် ဟာ- ငြိမ်းချမ်းခြင်းနဲ့တိုးတက်ခြင်းဖြစ်တယ်။ ဒီသက်တန့်နိုင်ငံတော်ရဲ့ မတူခြားနား ခြင်းများကိုလက်ခံကျင်းပကြရအောင် အသက်နဲ့မေတ္တာကို ရွေးကြရအောင်။
ရှင်ပြန်သောခရစ်တော်သခင်ယေဇူး အားလုံးကိုကောင်းကြီးပေးပါစေ။
ဆရာတော်ကြီးချားစ်လ်ဘို
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ
http://www.catholicmyanmar.org/hot-news-1/eastermessage2014 မှ တဆင့်ကူးယူဝေငှသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment