စတင်ဘာလ ၇
ရက်နေ့ (စနေနေ့ညနေ)တွင် စတင်လိုက်သည့် ငြိမ်းချမ်းရေးအတွက် လေးနာရီအကြာ အထူးဆုတောင်းခြင်းအား
ကက်သလစ်ဘာသာဝင်များသာမကဘဲ အခြားသော ခရစ်ယာန်များနှင့် ခရစ်ယာန်မဟုတ်သူများပါ စိတ်သဘောတွေ့ကြကြောင်း
ဗာတီကန်သတင်းထုတ်ပြန်ရေးဌာနမှ သိရှိရပါသည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည်
ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင် လုပ်နိုင်သမျှအားလုံးကို လုပ်ဆောင်သွားပြီး အကြမ်းဖက်မှု့များအားလုံးကို
ရပ်တန့်စေလိုကြောင်း ဗာတီကန်၏အကြီးအကဲတစ်ဦးဖြစ်သူ ဂရက်ဘာခ်မှ စတင်ဘာလ ၇ ရက်နေ့တွင်
ပြောကြားခဲ့လေသည်။
ငြိမ်းချမ်းရေးဆုတောင်းပွဲ
စတင်သည့်ညနေမှာပင် စိန်ပီတာရင်ပြင်တော်မှာ လူပေါင်း ၁သိန်းခန့် စုဝေးလာကြပြီး ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့်အတူ
စိတ်ပုတီးစိတ်ဆိုကြခြင်း၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြကြောင်း
သိရှိရပါသည်။ အဆိုပါ ဆုတောင်းခြင်းသည် ယခုအခါ ဗာတီကန်သို့ ဘုရားဖူးနှင့် အလည်အပတ်ရောက်ရှိလာကြသူများ၊
ကမ္ဘာ့ခရီးသွားများကိုပင် ဆွဲဆောင်မှု့အပြည့် ဖြစ်စေကြောင်းလည်း သိရှိရပါသည်။
ပုပ်ရဟန်းမင်းကြီး၏မိန့်ခွန်းတွင်
ကျွန်ုပ်တို့တတွေဟာ ကာအိန်နလိုပဲ မိမိတို့ညီအစ်ကိုအချင်းချင်းကိုပင် ဆန့်ကျင့်ကာ အကြမ်းဖက်မှု့များနေ့စဉ်ဖြစ်နေပြီး
နေ့စဉ်နေ့စဉ် လွဲမှားသည့်စံနမူနာများ၊ တကိုယ်ကောင်းဆန်မှု့များနှင့် ကိုယ့်အကျိုးအမြတ်တွေနဲ့သာ
ပုံသွင်းနေကြသည်။ ဒီတော့ ကျွန်ုပ်တို့တတွေအနေဖြင့် ငြိမ်းချမ်းသည့်လမ်းစဉ်များဖြင့်
မလျှောက်လှမ်းနိုင်ကြတော့ဘူးလား၊ မနေထိုင်နိုင်ကြတော့ဘူးလားဆိုတဲ့မေးခွန်းမှာ - ကျွန်ုပ်တို့လျှောက်လှမ်းနိုင်ပါတယ်။
နေထိုင်နိုင်ပါတယ်။ ဖြစ်နိုင်ပါတယ်။
စက်တင်ဘာလ
၇ ရက်နေ့အား ကက်သလစ်အသင်းတော်တစ်ခုလုံးကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေး ဆုတောင်းမှု့များပြုလုပ်ဖို့
ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သည့်အတွက်ကြောင့် တကမ္ဘာလုံးရှိ ကက်သလစ်တို့သည် သာသနာအုပ်စုအလိုက်
အထူးဆုတောင်းခြင်းများပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။
မနောအောင်
No comments:
Post a Comment