"No man is island" ဆိုသလိုပဲ ကျနော်တို့တတွေဟာ ကျွန်းတွေလို တစ်ယောက်တည်း နေလို့မရပါဘူး။ လူဘ၀ထဲစတင်ဝင်ရောက်လာကတည်းက အသိုင်းအ၀ိုင်းကြားမှာ မိသားစုကြားမှာ ကျနော်တို့တတွေဟာ အုပ်စုနဲ့နေထိုင်ရှင်သန်ကြရပါတယ်။ ဒါကိုက လူ့သဘာဝလို့ခေါ်ဆိုရမှာပဲ။ ဒီလိုအုပ်စုဖွဲ့နေတတ်တာ လူတွေတင်မဟုတ်ပါဘူး။ အခြားသက်ရှိတိရိစ္ဆာန်များလည်း အုပ်စုဖွဲ့နေတတ်သလို၊ အချို့သစ်ပင်များပင် အုပ်စုလိုက် ရှိနေတတ်တာကို သတိထားမိမှာပါ။ ဒီတော့ ဒီလိုအုပ်စုဖွဲ့နေတတ်တဲ့သဘာဝစရိုက်ရှိတဲ့ သက်ရှိတိုင်းအတွက် "ငါ"ဆိုတဲ့ တစ်ဦးချင်းစီဟာ "အုပ်စု၊ အသိုင်းအ၀ိုင်း"ဆိုတာနဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ရှင်သန်နေထိုင်ကြရတာလည်း သဘာဝကျပါတယ်။ ဒါ့ကြောင့် သဘာဝကျကျဆက်ပြောရရင်တော့ "ငါ့အကျိုး" နဲ့ "အများအကျိုး၊ ဘုံအကျိုး၊ အဖွဲ့အစည်းရဲ့အကျိုး" ဟာလည်း တစ်ခုမှတစ်ခု ဘယ်ထုတ်လို့မရအောင် အရေးပါနေတာကို သတိထားမိမှာပါ။
ကျနော်တို့တတွေ ဘောလုံးကစားနည်းကို ကောင်းကောင်းနားလည်ကြမှာပါ။ ဘောလုံးကစားနည်းဟာ တစ်ဦးတစ်ယောက်တည်း ယှဉ်ပြိုင်ရတဲ့ကစားနည်းမဟုတ်ဘဲ အဖွဲ့လိုက် ကစားရတဲ့ ကစားနည်းတစ်မျိုးပါပဲ။ ဒီလို အဖွဲ့လိုက်ကစားနေရင်းနဲ့ ကစားသမားတစ်ဦးချင်းစီကလည်း မိမိတို့အကျိုးကို ရှာယူနိုင်ပါတယ်။ ဥပမာ- တိုက်စစ်မှူးဟာ ဂိုးများများသွင်းခြင်းအားဖြင့် ထင်ပေါ်ကျော်ကြားလာနိုင်ပြီး မိမိအတွက် သီးသန့်အကျိုးကိုခံစားရနိုင်ပါတယ်။ အဲဒီလိုပဲ အလယ်တန်းမှာကစားတဲ့သူ၊ နောက်တန်းမှာကစားတဲ့သူ၊ ဂိုးဖမ်းသမား စသဖြင့် မိမိတို့ရဲ့အရည်အချင်းအတိုင်း ကိုယ်ကျိုးရရှိနိုင်ပါတယ်။ ဒါပေမယ့် တကယ့်ရည်မှန်းချက်အောင်မြင်မှုဟာ အသင်းရဲ့အောင်မြင်မှုပါပဲ။ အသင်းဟာ ဂိုးများများသွင်းပေးတဲ့ ကစားသမားတစ်ယောက်တည်းကြောင့် ကစားပွဲကို အနိုင်ရတာမဟုတ်ပါ။ ကစားသမားတိုင်း သူ့နေရာနဲ့သူ တော်ပြီး အသင်းလိုက် စည်းလုံးမှု၊ အကွက်စေ့မှုနဲ့ ကြိုးစားကြလို့သာ အနိုင်ရတာပါ။ ဒါ့ကြောင့် ကစားသမားတစ်ဦးချင်းစီနဲ့ အသင်းဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီလို အချင်းချင်းမှီခိုနေပါတယ်။ ကမ္ဘာကျော်အင်္ဂလိပ်ဘောလုံးအသင်း လီဗာပူးအသင်းရဲ့ ဆောင်ပုဒ်လေးကို သဘောကျမိပါတယ် - You will never walk alone!
ကျနော်တို့ရဲ့ နိုင်ငံတော်၊ ပြည်ထောင်၊ ပြည်နယ်၊ လူ့အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်း၊ မိသားစု တွေနဲ့ ကျနော်တို့ တစ်ဦးချင်းစီဟာလည်း အပြန်အလှန်မှီခိုနေရသလို ကိုယ့်အကျိုးနဲ့ နိုင်ငံ့အကျိုး၊ ပြည်ထောင်စုအကျိုး၊ ပြည်နယ်အကျိုး၊ မိသားစုအကျိုး စတာတွေလည်း တစ်ခုမှတစ်ခု ဖယ်ထုတ်လို့မရအောင် ချိတ်ဆက်နေပါတယ်။ နိုင်ငံမတိုးတက်ခြင်းဟာ မိမိအတွက်လည်း အကျိုးထိခိုက်စေသလို၊ မိမိရဲ့အကျိုးထိခိုက်ခြင်းဟာလည်း နိုင်ငံတိုးတက်ဖို့ အတားအဆီးဖြစ်စေပါတယ်။ မိသားစုအကျိုးထိခိုက်တာ မိမိအကျိုးထိခိုက်တာပါပဲ။ မိမိအကျိုးထိခိုက်တာလည်း မိသားစုအကျိုးထိခိုက်ပါတယ်။ ဒီလိုဆိုတော့ ကျနော်တို့မှာ double duty -တာဝန်နှစ်ထပ်-ရှိနေတာ သေချာနေပါပြီ။ ဒါ့ကြောင့် အများအကျိုး (သို့) ဘုံအကျိုးကို ကျနော်တို့ရဲ့ အရေးပါမှုထဲက ဖယ်ထုတ်လို့မရပါဘူး။ ဒါဟာ တာဝန်ဝတ္တရားတစ်ခုပါ။
ပုပ်ရဟန်းမင်းကြီး ဂျွန် (၂၃)က ဒီဘုံအကျိုးကို "လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စုပေါင်းအခြေအနေတွေဖြစ်ပြီး အဲဒီစုပေါင်းစုအခြေအနေကြီးကနေ လူအုပ်စုလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းစီသော်လည်းကောင်း သူတို့ရဲ့ပန်းတိုင်ဆီကို ပိုပြီးခိုင်မာစွာနဲ့ ပိုပြီးလွယ်ကူစွာ ရောက်ရှိနိုင်အောင်၊ ရည်မှန်းချက်တွေပြည့်အောင် လမ်းဖွင့်ပေးပါတယ်"လို့ Materet Magistra စာချွန်တော်ထဲမှာ မိန့်ဆိုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဂျွန် (၂၃)ရဲ့ မိန့်ဆိုချက်ကို ထပ်မံရှင်းပြရမယ်ဆိုရင်တော့ ဒီလိုပါ။ ကျနော်တို့ တစ်ဦးချင်းစီဖြစ်ဖြစ်၊ အဖွဲ့လိုက်ဖြစ်ဖြစ် အောင်မြင်တိုးတက်ချင်ကြပါတယ်။ စီးပွားရေးပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ်၊ နောက်ဆုံး ဘာသာရေးပဲဖြစ်ဖြစ် လူ့ဘ၀ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးတွေကို လူတိုင်းလူတိုင်း လိုချင်တပ်မက်ကြတာ မဆန်းပါဘူး။ ဒါ့ကြောင့် ဒီလိုအကျိုးကျေးဇူးတွေကို တစ်ဦးချင်းစီ တကိုယ်ကောင်းဆန်ဆန်နဲ့ လုယူပြိုင်ဆိုင် ရယူနေကြမယ်ဆိုရင် ဆိုးယုတ်မှုတွေသာ ဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်ဦးချင်းစီရဲ့ အားအင်တွေ၊ အရည်အချင်းတွေကို အဖွဲ့အစည်းလိုက် ပေါင်းစည်းပြီး အတူတကွ ကြိုးစားကြရင်တော့ အထက်ကပြောတဲ့အကျိုးကျေးဇူးတွေကို ရဖို့ပိုပြီးသေချာသလို ပိုပြီးလွယ်ကူပါတယ်။
မြန်မာစကားပုံလိုပဲ - အတူရွေ့ရင် ရွေ့နိုင်ပါတယ်။ ဒီလို အတူတူ ရွေ့ကြတဲ့အခါ မျှော်မှန်းထားတဲ့ဘုံပန်းတိုင်ကိုရောက်ဖို့ ဆက်ကပ်ရတာတွေလည်း ရှိနေတတ်ပါတယ်။ တကယ့်ကို ဆက်ကပ်ရတဲ့အချိန်တွေ ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ အဲဒီလို ဆက်ကပ်နေတဲ့သူကို ပစ်ထားပြီး ဘုံပန်းတိုင်ကြီးကိုပဲ အတ္တဆန်ဆန်နဲ့ ဦးတည်နေရမှာမဟုတ်ဘဲ ဒီဘုံပန်းတိုင်ကြီးဆီရောက်ဖို့ အဲဒီဆက်ကပ်နေတဲ့သူတစ်ဦးဟာ ဘယ်လောက်အရေးပါသလဲဆို သဘောပေါက်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလို ဆက်ကပ်နေရတဲ့သူတွေကိုလည်း စာနာပေးရမယ်၊ ဂရုစိုက်ပေးရမယ်၊ အားပေးရမယ်၊ ပြန်လည်ဖေးမကြရမှာဖြစ်ပါတယ်။ ဘုံပန်းတိုင်ကိုရောက်ဖို့ အသင်းထဲမှာရှိတဲ့ မည်သူမဆိုဟာ လျစ်လျူရှုခြင်းမခံရသင့်သလို၊ ဂရုမစိုက်ဘဲ ပစ်ထားခြင်းလည်း မခံရသင့်ပါ။ တန်းတူအကျိုးခံစားခွင့် အပြည့်အ၀ရှိကြပါတယ်။ ဒီအတွက် Solidarity - အချင်းချင်းစာနာစိတ် ရှိကိုရှိပါလိမ့်မယ်။ ဒီလို Solidarity -ကိုယ်ချင်းစာစိတ်ရှိခြင်းဟာ ကျနော်တို့အချင်းချင်း တစ်ဦးနဲ့တစ်ဦး အချင်းချင်း အပြန်အလှန် စောင့်ရှောက်သူအဖြစ် မြင်စေပါတယ်။ ဒီလိုမြင်နိုင်မှ ကျနော်တို့အချင်းချင်း "စည်းလုံးညီညွတ်ကြပြီး မိမိနေထိုင်ရာ လူ့ဘောင်အဖွဲ့အစည်းကို အကောင်းဆုံး ဆောက်တည်နိုင်လာကြမှာ"ဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဖတ်ခြင်းအားဖြင့် "ငါလုပ်မှ ငါစားရမှာ" "ငါငတ်ရင် ဘယ်သူမှ ပေးမှာမဟုတ်ဘူး" "ငါသာလျှင် ငါဘုရင်" စတဲ့ တကိုယ်ကောင်းဆန်တဲ့အတ္တအတွေးတွေကို စွန့်လွတ်နိုင်ပြီး "ငါနေတဲ့ ဒီလူ့ဘောင်အဖွဲ့အစည်းမှာ ငါလည်း တစ်ယောက်အပါအ၀င်မို့၊ ငါနဲ့ ဒီလူ့ဘောင်အဖွဲ့အစည်းဟာ သူ့အကျိုးကိုယ်ပေး ကိုယ်အကျိုးသူပေးနေပါလား"ဆိုတဲ့ လောကနိယာမကြီးကို နားလည်သဘောပေါက်ပြီး ကျနော်တို့နေထိုင်နေတဲ့ လူ့ဘောင်အဖွဲ့အစည်းကြီးမှာ အမျးအကျိုးပြုရင်း ကိုယ်ကျိုးအောင်နိုင်ပါတယ်ဆိုတဲ့ စိတ်ထားလေးများ မွေးမြူလာနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ဒိုမီနီကန်ကိုရင်
Monday, 1 July 2019
Sunday, 30 June 2019
၁၃ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့
ထာဝရဘုရားသခင်သည် ငါ၏အမွေတော်ဖြစ်တော်မူ၏။
အထက်ပါ စာကြောင်းလေးဟာ ဆာလံကျမ်း ၁၆း၅ မှဖြစ်ပါတယ်။ ထူးထူးခြားခြား ဘုရားတရားကိုမှ မိမိရဲ့အမွေအဖြစ် ဆာလံရေးစပ်သူက ကြွေးကြော်ထားတာဖြစ်ပါတယ်။ ကျနော်တို့တတွေဟာ လူရယ်လို့ဖြစ်လာပြီး လူ့ဘ၀ထဲမှာ နေထိုင်အသက်ရှင်ကြတဲ့အခါ လူ့ဘ၀ချမ်းသာရေးသာမက တမလွန်ဘ၀ကောင်းစားရေးအတွက်ပါ ကြိုးစားနေထိုင် အသက်ရှင်တတ်ကြပါတယ်။ လူ့ဘ၀ချမ်းသာကြွယ်ဝမှုတွေကိုတော့ မိမိရဲ့နောင်လာနောင်သားတွေကို အမွေအဖြစ် ချန်ထားခဲ့ကြရမှာဖြစ်ပြီး တမလွန်ဘ၀ကောင်းစားရေးကိုတော့ မိမိကိုယ်တိုင်က အမွေဆက်ခံသူဖြစ်လာမှာပါ။ ဘယ်သူ့ဆီက အမွေဆက်ခံရမလဲဆိုတော့ ဘ၀တစ်ခုလုံးရဲ့အရှင် ထာဝရဘုရားသခင်ဆီကနေ အမွေဆက်ခံရရှိမှာဖြစ်ပါတယ်။ ကျနော်တို့ခရစ်ယာန်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ကောင်းကင်နိုင်ငံတော်ကို အမွေရရှိကြမှာပဲဖြစ်ပါတယ်။ သံမာတေဦးကျမ်းက မင်္ဂလာတရားတော် ရှစ်ပါးမှာ ဘယ်လိုလူမျိုးတွေဟာ ဘယ်လိုအမွေတွေရရှိကြမယ်ဆိုတာကို ခရစ်တော်က အတိအလင်း ဟောကြားသွန်သင်ခဲ့ပါတယ်။ အတွင်းစိတ်၌ဆင်းရဲသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကာ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။
တကယ်တော့ ကျနော်တို့တတွေလူ့ဘ၀ စတင်ကတည်းက တမလွန်ကောင်းစားရေး၊ ကောင်းကင်နိုင်ငံတော်ကို စတင်အမွေခံရရှိကြပါတယ်။ မိရိုးဖလားကိုးကွယ်ခြင်းဆိုပြီး မိဘတွေကနေတဆင့် ယုံကြည်ခြင်းအမွေကို ရရှိကြပါတယ်။ ဒါပေမယ့် ဒီအမွေကို ကျနော်တို့ကိုယ်တိုင် ကောင်းကောင်းအသုံးချ ထိန်းသိမ်းကာမှ တကယ့်တမလွန်ဘ၀ရဲ့ ကောင်းကင်နိုင်ငံတော်ကို သေချာ ရရှိမှာဖြစ်ပါတယ်။ အချိန်တန် အရွယ်ရောက်လာလို့ လူလားမြောက်လာတဲ့အခါ စဉ်းစားတတ်လာပြီး ဝေဖန်သုံးသပ်ကာ ကိုယ်ကိုတိုင်က ဘဏ္ဏာစိုးလို စီမံခန့်ခွဲနိုင်ရမှာပါ။ မိဘဆီကရလာတဲ့ ယုံကြည်ခြင်းအမွေဟာ မိမိရဲ့လက်ထဲမှာ ဘယ်လိုဘယ်ပုံစံနဲ့ ကျင့်ကြံနေထိုင်သလဲဆိုတာ မိမိအတွက် အကောင်းဆုံးမေးခွန်းဖြစ်နေပါလိမ့်မယ်။
ဒီနေ့ ဖတ်ရတဲ့ ပထမကျမ်းမှာဆိုရင်လည်း ပရော်ဖက်အရိုက်ရာဆက်ခံခြင်းအားဖြင့် ပရော်ဖက်ပြုခြင်းကို အမွေဆက်ခံတဲ့အကြောင်း ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီအမွေကို ဧလိယက ဧလိရှကို ပေးကမ်းနေတာပါ။ ဒီအမွေကို ပေးချင်တဲ့သူကို ပေးလို့မရပါ။ အမွေပိုင်ရှင် ထာဝရဘုရားသခင် အလိုတော်ရှိတဲ့သူကိုသာ ပေးကမ်းရပါတယ်။ ဒီနေ့ ဘုရားသခင်ရွေးချယ်ခဲ့တာက ဧလိရှဖြစ်လို့ သူ့ကိုသာ ဘိတ်သိပ်ဆီသွန်းလောင်းပြီး ပေးရမှာပါ။ ဒါပေမယ့် ဧလိရှက မိဘတွေကို အရင်အလုပ်အကြွေးပြုစုခွင့်ရခဲ့ပြီးမှ ဒီအမွေကို လက်ခံခဲ့ပါတယ်။ အလားတူပဲ ဧ၀ံဂေလိကျမ်းမှာတော့ ဘုရားသခင်ရဲ့ တပါးတည်းသော သားတော်ကိုယ်တိုင်ရဲ့ တပည့်ဖြစ်ခြင်းအမွေကို ပေးကမ်းနေတာ တွေ့ရပါလိမ့်မယ်။ ပထမ ဆာမာရိတန်ရွာကို ၀င်ပြီး ဘုရားသခင်ရဲ့အမွေကို ပေးဖို့ကြိုးစားပေးမယ့် ဆာမာရိတန်ရွာသားတွေက လက်မခံခဲ့ကြပါဘူး။ ထို့အတူ အခြားရွာတွေကိုသွားတော့လည်း အချို့ ကိုယ်တော်နောက်လိုက်ပါမယ်ပြောပေမယ့် ခရစ်တော်က လက်မခံခဲ့သလို တချို့ကျတော့ ခရစ်တော်ကိုယ်တိုင်က နောက်လိုက်ဖို့ တပည့်ဖြစ်ခြင်းအမွေကို တကူးတက ပေးနေခဲ့တာပါ။ ဧလိယလိုမဟုတ်ဘဲ ခရစ်တော်ကတော့ မိဘဆွေမျိုးတွေကို သွားနှုတ်ဆက်ပါဦးမယ် ပြောတာကိုပင် ခွင့်မပေးခဲ့ဘဲ - လူသေကို လူသေများက သင်္ဂြိုလ်ကြပါစေလို့ ခပ်မာမာပြောနေသလိုပါပဲ။ ပြီးတော့ ထွန်တုံးကိုကိုင်ပြီး နောက်လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်တန်လို့ ပြောပါသေးတယ်။ အမှန်တကယ်တော့ ကျနော်တို့ထင်သလို ခရစ်တော်ဘုရားရှင်က ခပ်မာမာပြောနေတာမဟုတ်ပါဘူး။ ခပ်ပြတ်ပြတ်ပြောနေတာပါ။ ဘာကြောင့်လဲဆိုတော့ ဘုရားရဲ့တပည့်တော်ဖြစ်ခြင်းဟာ ခပ်လွယ်လွယ်နဲ့မရနိုင်သလို၊ ခပ်ပေါ့ပေါ့လည်း မရနိုင်လို့ပါပဲ။ ကျနော်တို့လူသားတွေရဲ့ အကြောင်းပြချက်ပေးတတ်တဲ့ စိတ်ဟာ ဒီလို အမွေမျိုးနဲ့လွဲချော်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ခပ်ပြတ်ပြတ် ပြောဖို့လိုနေတာပါ။ နောက်ပြီးတော့ ကျနော်တို့တတွေဟာ လောကခဏတာ ကြာရှည်ခံမယ့်အရာတွေမှာ အချိန်ဖြုန်းပြီး နောင်ဘ၀သုခ အမွေနဲ့ လွဲမသွားစေချင်တဲ့ စေတနာလည်းဖြစ်ပါတယ်။ ကျနော်တို့ကို ဒီလောက အရာတွေကနေ လွတ်မြော်ကစေချင်တာပါပဲ။ ဒါ့ကြောင့် ဒုတိယကျမ်းဖြစ်တဲ့ ဂါလားဆီယာသြ၀ါဒစာထဲမှာ သံပေါလူးက Freedom -လွတ်လပ်ခြင်း-ကို သေသေချာချာ ရှင်းပြထားပါတယ်။ လူရယ်လို့ဖြစ်လာရင် လောဘ မောဟနဲ့ စွဲလန်းခြင်းတွေဟာ နည်းမျိုးစုံနဲ့ ကျနော်တို့ကို ဒီကမ္ဘာလောကကြီးက နှောက်ယှက်နေသလိုပါပဲ။ ခရစ်တော်ကိုယ်တိုင် ဒီနှောက်ယှက်ခြင်းကို ကြုံခဲ့ရတာပါ။ သံမာတေဦး ၄း၈-၉မှာ စာတန်နတ်ဆိုးက ကိုယ်တော့်ကို အလွန်မြင့်မားတဲ့တောင်ပေါ်ခေါ်သွားပြီး လောကတိုင်းနိုင်ငံအပေါင်းနဲ့ ၎င်းတို့ရဲ့ဘုန်းစည်းစိမ်တို့ကိုပြပြီး နှောက်ယှက်ခဲ့တာပါ။
ချစ်စွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ အရင်ဆုံး ကျနော်တို့စဉ်းစားရမှာက -ကျနော်တို့တတွေဟာ ဒီကမ္ဘာလောကမှာ တဘ၀စာပဲ အသက်ရှင်နေကြတာလား ဒါမှမဟုတ် နောင်ဘ၀အတွက်ပါ အသက်ရှင်ကြသလားပေါ့။ တဘ၀စာအတွက်ရှင်သန်တယ်ဆိုရင်တောင်မှ အမွေကောင်းရမှ၊ ရတဲ့အမွေကောင်းကိုလည်း သေချာအသုံးချနိုင်မှ၊ သေချာစီမံခန့်ခွဲနိုင်မှ ဒီဘ၀ကောင်းစားဖို့ အာမခံချက်ရှိမှာပါ။ နောင်ဘ၀ထိအောင် ကောင်းစားနိုင်ဖို့အရေး၊ ကောင်းကင်နိုင်ငံတော်ကို အမွေခံဖို့အရေးဆိုရင်တော့ ခပ်လွယ်လွယ်နဲ့တော့ မရဘူးဆိုတာ နားလည်ကြမှာပါ။ ဒါ့အပြင် ဒီကောင်းကင်နိုင်ငံအမွေကို လောကပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝမှုတွေနဲ့ လှဲလှယ်လို့ မရဘူးဆိုတာ ခရစ်တော်ကိုယ်တိုင် မိန့်ဆိုထားတာပါ။ ဒါ့အပြင် ပိုးစား ချတက်တဲ့ လောကဘဏ္ဏာထက် ပိုးမစား ချမတက်နိုင်တဲ့ ကောင်းကင်ဘဏ္ဏာကို စုဆောင်းကြဖို့လည်း တိုက်တွန်း သတိပေးထားပါတယ်။ ဒီနေ့ ကက်သလစ်အသင်းတော်ကြီးမှာလည်း ကနဦးမှစလို့ ဒီနေ့ထိအောင် ယုံကြည်ခြင်းအမွေကို သေချာ စောင့်ရှောက်လက်ဆင့်ကမ်းလျက်ရှိပါတယ်။
ချစ်စွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ အမွေဆိုတာ ထိုက်မှရတယ်လို့ ဆိုရိုးရှိပါတယ်။ ဒါ့ကြောင့် ကောင်းကင်နိုင်ငံအမွေကို ထိုက်ဖို့ ကျနော်တို့တတွေလည်း နှုတ်တော်ထွက်တရားတော်အတိုင်း လက်ခံကျင့်ကြံနေထိုင်ရင်း အကောင်းဆုံးပြင်ဆင်ကြပါစို့။ ထာဝရဘုရားသခင်သည် ငါ၏အမွေတော်ဖြစ်တော်မူ၏။
ဒိုမီနီကန်ကိုရင်
Wednesday, 26 June 2019
ဘုံကျူးသောအပြစ် (သို့) ဘုံအပြစ်
အပြစ်လို့ပြောလိုက်ရင်
ကျနော်တို့တတွေက တစ်ဦးတစ်ယောက်ချင်း တစ်သီးတခြား ကျုးလွန်ကြတာကိုပဲ ပေးမြင်မိကြပါတယ်။
တကယ်တော့ ဒါကို ကက်သလစ်အသင်းတော်မှာတော့ တစ်ဦးတည်းကျူးလွန်တဲ့ ကိုယ်ရေးကိုယ်တာအပြစ်လို့
သွန်သင်ထားပါတယ်။ ဒီ့အတွက်ကြောင့်ပဲ အာပတ်ဖြေခြင်းစက္ကရမင်တူးကို ပြုလုပ်ကြတဲ့အခါတိုင်း
တစ်ဦးချင်းစီ ဘုန်းတော်ကြီးဆီချည်းကပ်ပြီး ကိုယ်ရေးကိုယ်တာ အပြစ်များကို အာပတ်ဖြေဆိုကြပြီး
ဘုရားသခင်ရဲ့အပြစ်ခွင့်လွတ်ခြင်းကို ရယူကြပြီး အသင်းတော်နဲ့ပြန်လည်ကြေအေးသင့်မြတ် လာကြပါတယ်။
ကိုယ်တိုင်ကျူးလွန်တဲ့အပြစ်အတွက် ကိုယ်တိုင်ဖြေဆိုကြတာပေါ့။ တခြားသူတွေကျူးလွန်တဲ့အပြစ်
ကိုယ်နဲ့ဘာဆိုင်လဲပေါ့။ တကယ်တော့ ကက်သလစ်အသင်းတော်ရဲ့သွန်သင်ချက်မှာ အခြားသူတွေကျူးလွန်တဲ့အပြစ်ဟာလည်း
ကိုယ်နဲ့သက်ဆိုင်နိုင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အလိုတူအလိုပါ အပြစ်တွေပေါ့ဗျာ။ ဒါကို
ဘုံကျူးတဲ့အပြစ်လို့ ခေါ်ပါတယ်။ ဘုံကျူးတဲ့အပြစ်ဟာ ဘယ်လိုအပြစ်မျိုးဖြစ်မလဲလို့ စဉ်းစားနေမိမှာပါ။
ဘုံကျူးတဲ့အပြစ်ဟာ
အဖွဲ့အစည်းတစ်ခုအတွင်း၊ အုပ်စုတစ်စုအတွင်းမှာ ရှိနေနိုင်ပါတယ်။ လူအချင်းချင်းနှိပ်စက်ကြတဲ့
လူ့အဖွဲ့အစည်းအတွင်း၊ လူ့ဂုဏ်သိက္ခာတွေကို တန်ဖိုးမထားဘဲ ချိုးဖောက်နေကြတဲ့ လူ့အဖွဲ့အစည်းအတွင်း၊
အခြေခံလူ့အခွင့်အရေးတွေကို ဖိနှိပ်ပြီး အဆင့်အတန်းခွဲ့ခြားကြတဲ့လူ့အဖွဲ့အစည်းအတွင်း၊
တရားမျှတမှုနဲ့ တန်းတူအခွင့်ရေးတွေကို မျက်ကွယ်ပြုပြီး လူနည်းစုကောင်းစားဖို့အတွက် မတရားမှုတွေနဲ့
ဒုစရိုက်မှုတွေကို ကျူးလွန်းနေကြတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ဘုံကျူးတဲ့အပြစ်တွေ ပြည့်နေပါတယ်။
ဒီလို လူ့အဖွဲ့အစည်းအတွင်းမှာ နေထိုင်ချိန် မိမိကိုယ်တိုင်လည်း ဘုံကျူးတဲ့အပြစ်ရဲ့
တရားခံတွေထဲက တရားခံတစ်ဦး ဖြစ်နေနိုင်ပါတယ်။ ဒါကို ကက်သလစ်အသင်းတော်ရဲ့
Compendium of the Social Doctrine of the Church မှာ “အချို့အပြစ်တွေဟာ တစ်စုံတစ်ယောက်ရဲ့
နီးစပ်သူအား ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်ဖို့ရန် သေချာအကွက်ချ စီစဉ်ထားတဲ့ အပြစ်တွေပါ။
ဘုံအပြစ်ဟာ တစ်ဦးနဲ့တစ်ဦးကြား၊ တစ်ဦးနဲ့အဖွဲ့အစည်းတစ်ခုအကြား၊ အဖွဲ့အစည်းတစ်ခုနဲ့
တစ်ခုအကြားမှာ တရားမျှတခြင်းအား ဆန့်ကျင်ကျူးလွန်တဲ့အပြစ်ပဲဖြစ်ပါတယ်။” ကက်သလစ်ဓမ္မသင်္ဂြိုပညာရှင် Gregory Baum ကလည်း ဘုံအပြစ်နဲ့ပတ်သက်ပြီး
အခုလိုပြောဆိုထားပါတယ်။ -“ကိုယ်ရေးကိုယ်တာ အပြစ်ကို လွတ်လွတ်လပ်လပ်ရွေးချယ်ကျူးလွန်တတ်ကြပေမယ့်
ဘုံအပြစ်ကတော့ အစုလိုက်မျက်စိ ကွယ်နေသလိုပါပဲ။” အမှန်တကယ်ပါပဲ- ကျနော်တို့လူသားတွေဟာ
တခါတရံ အုပ်စုလိုက် မျက်စိကန်းနေတတ်ပါတယ်။ အများမိုးခါးရေသောက်သလို ကိုယ်လည်း လိုက်သောက်နေတတ်ပါတယ်။
ဒါကို သတိထားမိဖို့ဆိုတာ ကျနော်တို့တတွေကိုယ်တိုင် တခါတလေ အဲဒီအဖွဲ့အစည်းအပြင်ဘက် ထွက်ကြည့်တတ်ဖို့
လိုပါလိမ့်မယ်။ တခြားသူတွေရဲ့ ရှုထောင့်ကနေ ပြန်ကြည့်တတ်ဖို့ လိုပါလိမ့်မယ်။ ဒါတွေကို
ကျနော်တို့ သတိထားမိပြီဆိုရင်တော့ ဘုံကောင်းစားဖို့၊ အများသူများ ကောင်းစားဖို့၊ တရားမျှမှုတွေကို
ပြန်လည် ထုတ်ဖော်လာနိုင်မှာပါ။ တကယ်တော့ ကျနော်တို့ကိုယ်တိုင် တစ်ယောက်တည်းနေလို့မရတဲ့
သတ္တ၀ါတွေဖြစ်တာမို့ တကိုယ်တော်ကောင်းစားဖို့အရေး တစ်ခုတည်းနဲ့တော့ မရှင်သန်နိုင်ကြတာ
အမှန်ပါပဲ။ ဒ့ါကြောင့် အဖွဲ့အစည်းအတွင်း အများသူငှာ ကောင်းစားဖို့အရေးဟာလည်း ကိုယ်နဲ့တနည်းတဖုံ
ဆက်စပ်နေပါတယ်။
ခရစ်ယာန်သမ္မာကျမ်းစာမှာဆိုရင်လည်း အစ္စရေးလူမျိုးစု တစ်စုလုံးနဲ့တင်စားပြီး အားလုံးရဲ့
ဘုံအပြစ်ကို ဦးစားပေးပြောလေ့ရှိတာကို သတိထားမိပါလိမ့်မယ်။ အစ္စရေးလူမျိုးတွေ ဘာဘီလုံမင်းရဲ့လက်အောက်မှာ
ကျွန်ဘ၀ရောက်ခဲ့ရတာ ဘုံအပြစ်ကြောင့်ပါပဲ။ ထို့အတူ အီဂျစ်ဘုရင်ရဲ့လက်အောက်မှာ ကျွန်ဘ၀ရောက်ခဲ့ရတာလည်း
ဘုံအပြစ်ကြောင့်ပါပဲဆိုပြီး ဘုရားသခင်က ပရော်ဖက်တွေကနေတဆင့် သတိထားမိအောင် ဟောပြောခိုင်းခဲ့ပါတယ်။
ပြီးတော့ လူမျိုးစုတစ်စုလုံး နောင်တယူပြီး သမ္မတရားဘက်ကို ပြောင်းလဲဖို့ “နောင်တရကြလော့။”ဆိုပြီး
ဟောပြောစေခဲ့ပါတယ်။ အာဒံနဲ့ဧ၀တို့ကျူးလွန်ခဲ့တဲ့အပြစ်ဟာလည်း ဘုံအပြစ်ဖြစ်တာမို့ နောက်ဆုံးသောနေ့ထိအောင်
လူသားထုတစ်ခုလုံး အကျိုးဆက်အနေနဲ့ခံစားနေရတာပါပဲ။ ဒါ့ကြောင့်မို့ ကိုယ်ရေးကိုယ်တာအပြစ်တွေကိုသာမဟုတ်ဘဲ
ဘုံအပြစ်ကို အထူးပြောခဲ့တာ တွေ့ရပါတယ်။ အပြစ်ဆိုတာကိုက အားလုံးနဲ့သက်ဆိုင်တဲ့ သဘောသဘာဝ
ရှိနေတယ်ဆိုတာကို ပြသတာပါပဲ။ သံပေါလူးကလည်း “အပြစ်နဲ့သေခြင်းတရားဟာ လောကတစ်လုံးကို
လွှမ်းမိုးနေတယ်” လို့မိန့်ဆိုထားပါတယ်။ ဒါ့ကြောင့် ဒါတော့ ငါကျူးလွန်တာမဟုတ်ဘူး၊ ဒါတော့
သူကျူးလွန်တယ်ဆိုပြီး ဟိုဟိုဒီဒီလက်ညိုးထိုး စွပ်စွဲနေရုံနဲ့ မပြီးပါဘူး။ Napoleon
ပြောသလိုပဲ ကမ္ဘာကြီးမှာ ဒုက္ခဝေဒနာတွေနဲ့ပြည့်နေရတာဟာ မကောင်းတဲ့လူတွေ အကြမ်းဖက်လို့မဟုတ်ဘဲ
ကောင်းတဲ့လူတွေ တိတ်ဆိတ်နေလို့ ဖြစ်ရတာဆိုသလိုပေါ့။ ဒီလို တိတ်ဆိတ်နေတာဟာ တိတ်တဆိတ်အပြစ်ကျူးသူပါပဲ။
အထူးသဖြင့် တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေဟာ တိတ်ဆိတ်နေလို့မရဘဲ ၀တ္တရားရှိကိုရှိနေတယ်ဆိုတာ
သတိထားနိုင်ကြပါစေ။
ဒိုမီနီကန်ကိုရင်
Saturday, 22 June 2019
ကိုယ်တော်မြတ်ပွဲနေ့ကြီး
ဒီနေ့ ကက်သလစ်အသင်းတော်အတွင်းမှာ နက်နဲဖွယ်ရာအထွဉ်အထိပ်ဖြစ်တဲ့ ကိုယ်တော်မြတ်ပွဲတော်ကြီးကို ရှေးဦးခရစ်ယာန်များရဲ့ ယုံကြည်ခြင်းအစဉ်အလာအတိုင်း သက်သေခံကျင်းပနေကြပါတယ်။ ကျနော်တို့ လောကလူသားတွေအတွက် ခရစ်တော်ဘုရားရှင်ပေးခဲ့တဲ့ လက်ဆောင်တွေထဲမှာ ဒီကိုယ်တော်မြတ် စက္ကရမင်တူးဟာ တန်ဖိုးအကြီးဆုံးပါပဲ။ ဒါဟာ ကျနော်တို့ခရစ်ယာန်တွေအတွက် နေ့စဉ်ဝိညာဉ်အဟာရ ဖြစ်သလို ဘုရားသခင်ကိုယ်တော်တိုင် ကျနော်တို့နဲ့အတူရှိနေခြင်း-အမှန်တကယ် ရှိနေခြင်း-ပါပဲ။ ဒါ့ကြောင့် ဒီပွဲကိုယ်တော်မြတ်ပွဲတော်ကြီးဟာ ကျနော််တို့နဲ့အတူရှိတော်မူသော ဘုရား- အေမာနုအဲလ် ပွဲတော်ကို ကျင်းပကြတာပါပဲ။ ဒီလိုကျင်းပခြင်းအားဖြင့် လူတို့ရဲ့လုပ်အားက ထွက်ရှိလာတဲ့ မုန့်နဲ့စပျစ်ရည်ရဲ့ အဆင်းသဏ္ဍာန်အောက်မှာ ရဟန်းမှတဆင့် သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ခရစ်တော် ဘုရားရှင်ဟာ အမှန်တကယ် တည်ရှိလာခဲ့ပါတယ်။ ဒါကို ပိုပြီးအသက်ဝင်သွားအောင် ဒုတိယကျမ်းမှာ ဖတ်ရှုခဲ့ရတဲ့သံပေါလူးရဲ့ စကားသံအချို့ကို ပြန်လည် နားထောင်ကြည့်စေချင်ပါတယ်။
«ယေဇူးသခင်သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရသည့်ည၌ မုန့်ကိုယူ၍၊- ကျေးဇူးတင်ချီးမွမ်းပြီးနောက် မုန့်ကိုဖဲ့၍ ဤအရာသည် သင်တို့အဖို့ဖြစ်သော ငါ၏ခန္တာကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့သတိရခြင်းငှာ ဤအမှုကိုပြုကြလော့ဟု မိန့်တော်မူ၏။ ထိုနည်းတူ ညစာစားပြီးနောက် ခွက်တော်ကိုလည်း ယူတော်မူလျက် ဤခွက်သည် ငါ၏သွေး၌တည်သော ပဋ္ဋိညာဉ်အသစ်ဖြစ်၏။ ဤခွက်ကို သင်တို့သောက်ကြသည့်အခါတိုင်း ငါ့ကို အောက်မေ့သတိရခြင်းငှာ ဤအမှုကို ပြုကြလော့ဟု မိန့်တော်မူ၏။» ၁ကော် ၁၁း၂၃-၂၆
ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ နေ့စဉ်နေ့တိုင်း ကျနော်တို့ ကျင်းပပူဇော်နေကြတဲ့ ဒီမစ္ဆားတရားတော်မြတ်မှာ ရဟန်းတော်မှတဆင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖန်ဆင်းပြုလုပ်တဲ့ ဒီဂျုံမှုန့်ဟာ ယေဇူးဘုရားရှင်ရဲ့ ကိုယ်ခန္တာတော် အစစ်မှန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ခရစ်တော်ဘုရားရှင်ကိုယ်တိုင် “ငါ၏ခန္တာကိုယ်ဖြစ်၏။”လို့ အတိအလင်း မိန့်ဆိုခဲ့တာပေါ့။ ထို့အတူ ရဟန်းတော်မှတဆင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖန်ဆင်းပြုလုပ်တဲ့ ဒီဝိုင်ဟာလည်း ယေဇူးဘုရားရှင်ရဲ့ အသွေးတော်အစစ်အမှန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ခရစ်တော်ဘုရားရှင်ကိုယ်တိုင် “ငါ၏အသွေး”လို့ အတိအလင်း မိန့်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ အခုလို ဘုရားကိုယ်တိုင် အတိအလင်းဟောပြော သက်သေပြခဲ့တာကို ကျနော်တို့ ဘယ်လို စောဒက တက်နေနိုင်ဦးမှာလဲ။ သေချာပါတယ် - ကျနော်တို့တတွေ လူ့ဥာဏ်နဲ့တော့ ဒါကို အဖြေထုတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း အမှန်တရားကို ရှာဖွေကြတဲ့အခါ ယုံကြည်ခြင်းဟာလည်း ဥာဏ်နဲ့ တူယှဉ်လို့ ပါရမီဖြည့်ပေးတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါ့ကြောင့် ယုံကြည်ခြင်းနဲ့ အဖြေရှာရမယ့် ပုစ္ဆာလို့ပဲ သဘောထားနိုင်ပါတယ်။ ဒီယုံကြည်ခြင်းနဲ့ အဖြေရှာတဲ့ နက်နဲဖွယ်ရာမှာလည်း သက်သေတွေကတော့ ဒုနဲ့ဒေးပါပဲ။
ဒီနေ့ ကိုယ်တော်မြတ်ကိုပင့်ယူသုံးဆောင်ကြရုံမဟုတ်ဘဲ ကိုယ်တော်မြတ်ဖူးမျှော်သူတွေပါ ရှိပါတယ်။ သူတို့တတွေမှာ သက်သေခံစရာတွေ ဒုနဲ့ဒေးရှိနေပါတယ်။ ဘ၀ရဲ့ဆာလောင်မှုတွေကို သူတို့ဘယ်လို ဖြည့်ဆည်း ရရှိနေတယ်ဆိုတာ လက်တွေ့ပါ။ တကယ်တော့ လူတွေဟာ ဆာလောင်နေမြဲ သားရဲမုဆိုးတွေပါပဲ။ ကျနော်တို့အစွမ်းနဲ့ ကျနော်တို့ ဒီဆာလောင်မှုတွေကို ကြိုးစားဖြည့်ဆည်းကြတယ်။ ဓနဥစ္စာဆာလောင်နေလား ကျနော်တို့ ရှာဖွေကြတယ်။ လောကီပျော်ရွှင်မှုဆာလောင်နေလား ကျနော်တို့တတွေ ရှာဖွေကြတယ်။ ရာထူးတွေ ဂုဏ်တွေ ဘွဲ့တွေ ဆာလောင်နေလား ကျနော်တို့ရှာဖွေကြတယ်။ အောင်မြင်မှုတွေ နယ်ပယ်အသီးသီးမှာ ရချင်ကြလို့ ကျနော်တို့ရှောဖွေကြတယ်။ ဒါတွေ ရလာခဲ့ပေမယ့်လည်း ကျနော်တို့ရဲ့ ဆာလောင်မှု ရပ်တန့်သွားပြီလား။ ဘ၀ဟာ ဆာလောင်မြဲဆာလောင်နေဆဲပါပဲ။ တခါတလေ ဘာကို ဆာလောင်မှန်းမသိဘဲကို ဆာလောင်နေမိတတ်ပါတယ်။ ဒီနေရာမှာ စိန်သောမတ်က ဘာပြောထားသလဲဆိုတော့ - ကျနော်တို့လူသားတွေဟာ ဘုရားသခင်ကိုဆာလောင်ပြီး ဘုရားသခင်ကို ရှာဖွေနေကြတဲ့ ဘ၀ခရီးသည်တွေ ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ မဟာဆာလောင်မှုကြီးပါပဲ။ ဘုရား တရားကို ရှာမတွေ့သရွေ့ ကျနော်တို့ရဲ့ မဟာဆာလောင်မှုကြီးဟာ ဘာကိုဆာလောင်မှန်းမသိဘဲ ဆာတယ်ထင်တာကို ရှာဖွေဖြည့်ဆည်းနေလိုက်ကြတာ အမောစို့လာတယ် - ဆာလောင်မှုက မပျောက်ဘူး။ ဘုရား တရားကို ရှာတွေ့ပြီဆိုရင်တော့ ကျနော်တို့ရဲ့ဆာလောင်မှုဟာ နှစ်သိမ့်မှုသေချာပေါက် ရပါတယ်။ ငြိမ်းချမ်းတယ်။ အေးချမ်းတယ်။
ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ကျနော်တို့ဘ၀မှာလည်း အဓိက မဟာဆာလောင်မှုကြီးကို အရင်ဆုံးဖြည့်ဆည်းနိုင်ကြပါစေ။ ကျန်တဲ့ အသေးအမွှားဆာလောင်မှုတွေဟာ အလိုလို ဖြည့်ဆည်းပြီးသား ဖြစ်လာမှာ အသေချာပါ။ ဒါ့ကြောင့် ခရစ်တော်က သံမာတေဦးကျမ်းမှာ "ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာ ရှာကြလော့။" (မာ ၆း၃၃)လို့ သွန်သင်လမ်းပြထားပါတယ်။ ဘ၀ရဲ့ ဆာလောင်မှုတွေ ကိုယ်တော်မြတ်စက္ကရမင်တူးမှာ ရှာဖွေတွေ့ရှိနိုင်ကြပါစေ။ ဓနဥစ္စာ၊ အာဏာ ရာထူး နဲ့ အပျော်အပါးတွေမှာ ကျနော်တို့ရဲ့ နှလုံးသားကို အကျဉ်းမကျခံရပါစေနဲ့။ "၀န်လေး၍ ပင်ပန်းသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။" လို့ ခရစ်တော်က အမြဲတမ်းဖိတ်ခေါ်နေလျက်ပါ။
ဒိုမီနီကန်ကိုရင်
Monday, 19 November 2018
အသင်းတော်အတွင်း ၀ိညာဉ်ရေး သြဇာတိက္ကမ ကြီးမားတဲ့အသင်းဂိုဏ်းကြီး ၅ ဂိုဏ်း
ဘက်နက်ဒင်းအသင်းဂိုဏ်း။
အသင်းဂိုဏ်းတည်ထောင်သူမှာ စိန်ဘက်နက်ဒစ်ဖြစ်သည်။
၎င်းရဲ့ဆောင်ပုဒ်မှာ - ဆုတောင်းခြင်းနှင့် အလုပ် လို့အဓိပ္ပာယ်ရတဲ့ "Ora et labora" ပါ။ အသင်းဂိုဏ်းအမျိုးအစားကတော့ Monastic လို့ခေါ်တဲ့ ဘုန်းတော်ကြီးကျောင်းနေ အမျိုးအစားဖြစ်ပါတယ်။ ကျောင်းတွင်းနေဘုန်းကြီးများပေါ့ဗျာ။ သူတို့ရဲ့ သင်္ကန်းဝတ်ရုံတွေက အနက်ရောင်ဖြစ်လို့ ဘုန်းကြီးနက်များလို့ပင် ခေါ်ဆိုကြပါတယ်။ သို့သော်လည်း အချို့ဘက်နက်ဒင်းဘုန်းကြီး အဖွဲ့အစည်းများက အဖြူရောင်ဝတ်ပါတယ်။
ဘက်နက်ဒင်းအသင်းဂိုဏ်းရဲ့ ၀ိညာဉ်ရေးကတော့ အဓိကအားဖြင့် ဆုတောင်းခြင်းနှင့်အလုပ်ပါပဲ။ ဘုန်းတော်ကြီးကျောင်းအတွင်း မှာ ဆုတောင်းခြင်းများပြုလုပ်နေ ကြသလို နေ့စဉ်အလုပ်များလည်း လုပ်ကြပါတယ်။ သူတို့ဘ၀သက်တာမှာတော့ သမ္မာကျမ်းစာနှင့် ဆုတောင်းမေတ္တာစာအုပ် (Divine Office) ဟာ ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုကဲ့သို့ အရေးကြီးလှပါတယ်။ တချိန်တည်းမှာပဲ ဘုန်းတော်ကြီးကျောင်းအတွင်း အတူတကွနေထိုင်ကြတာမို့ ဘုန်းတော်ကြီးများအကြား ညီအစ်ကိုစိတ်ဓါတ်နှင့်အတူ အဖွဲ့အစည်းနှင့်နေထိုင်တဲ့အ သက်တာကိုလည်း ကျင့်ကြံရပါတယ်။ ဒီနောက် နာခံခြင်းကလည်း ပါရမီတစ်ခုပါ။စိန်ဘက်နက်ဒစ်အပြင် အသင်းတော်အတွင်း လူသိများတဲ့ ရဟန္တာများမှာ စိန်ဘက်နက်ဒစ်ရဲ့ညီမ သံတာစကော်လစ္စကာနှင့် ကြီးမြတ်သော စိန်ဂရေဂေါ်ရီတို့ပါ။
စိန်ဘက်နက်ဒစ် - ကျွန်ုပ်တို့အတွက် ဆုတောင်းပေးတော်မူပါ။ အာမင်။
ဒိုမီနီကန်ဝိညာဉ်ရေးကတော့ ဆုတောင်းခြင်း၊ စာပေလေ့လာခြင်း၊ တရားဟောခြင်းနှင့် အဖွဲ့အစည်းလိုက်နေထိုင်ခြင်းပါပဲ။
စိန်ဒေါမီနစ်နှင့်အတူ အသင်းတော်အတွင်း ကျော်ကြားတဲ့ သူတော်စင်ကြီးများကတော့ စိန်သောမတ်စ်အကွိုက်နက်စ်၊ စိန်ကက်သရင်းနှင့် ကြီးမြတ်သော စိန်အဲလ်ဘတ်။
စိန်ဒေါမီနစ်- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
ဂျေးဇူးရစ်အသင်းဂိုဏ်း။
အသင်းဂိုဏ်းတည်ထောင်သူဟာ စိန်အစ်ညှားစီအု့စ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ဆောင်ပုဒ်ဟာ လုပ်သမျှ ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော်ပို၍ကြီးမြတ်ပါစေ လို့ အဓိပ္ပာယ်ရတဲ့ For the greater glory of God ပါ။ အသင်းဂိုဏ်းအမျိုးအစားကတော့ ဘာသာရေးအသင်းဂိုဏ်းတစ်ခုပါ။ ထို့အပြင် အသင်းဂိုဏ်းမှာတော့ သီးသန့်သင်္ကန်းရယ်လို့မရှိဘဲ ဒေသခံဘုန်းကြီးတွေနဲ့တန်းတူ ယှဉ်ပြီး လိုက်လျောညီထွေစွာဝတ်ဆင်တတ်ကြပါတယ်။
ဂျေးဇူးရစ်ဝိညာဉ်ရေးကတော့ ၀ိညာဉ်ရေးလေ့ကျင့်မှု့တွေပေါ်မှာ မူတည်နေပြီး အစ်ညှေးစီယမ်းဝိညာဉ်ရေးလို့လည်း ခေါ်ဆိုကြပါတယ်။ အဓိကတော့ - အရာရာထဲမှာ ဘုရားသခင်ကို ရှာဖွေခြင်း၊ ခရစ်တော်ကိုချစ်ခြင်း၊ အရေးကြီးတဲ့ အမှု့ဆောင်များပေးခြင်း၊ ၀ိညာဉ်ရေးစမ်းစစ်ဖို့နှင့် ပညာရေးတို့ပင်ဖြစ်ပါတယ်။
အသင်းတော်အတွင်း ကျော်ကြားတဲ့ ရဟန္တာများကတော့ စိန်ဖရန်စစ်ဇေးဗီးယားနှင့် စိန်အလော်ရှိုက်တို့ဖြစ်ပါတယ်။
စိန်အစ်ညှားစီးအု့စ်။-ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
အသင်းဂိုဏ်းတည်ထောင်သူမှာ စိန်ဘက်နက်ဒစ်ဖြစ်သည်။
၎င်းရဲ့ဆောင်ပုဒ်မှာ - ဆုတောင်းခြင်းနှင့် အလုပ် လို့အဓိပ္ပာယ်ရတဲ့ "Ora et labora" ပါ။ အသင်းဂိုဏ်းအမျိုးအစားကတော့
ဘက်နက်ဒင်းအသင်းဂိုဏ်းရဲ့ ၀ိညာဉ်ရေးကတော့ အဓိကအားဖြင့် ဆုတောင်းခြင်းနှင့်အလုပ်ပါပ
စိန်ဘက်နက်ဒစ် - ကျွန်ုပ်တို့အတွက် ဆုတောင်းပေးတော်မူပါ။ အာမင်။
ဖရန်စစ္စကန်အသင်းဂိုဏ်းများ။
ဖရန်စစ္စကန်အသင်းဂိုဏ်းမှာ အဓိက ဂိုဏ်းကွဲသုံးခုရှိပါတယ်။ မိုင်နာဖရိုင်ရာများ၊ ကွန်ဗန့်တုရယ်ရဟန်းများနှင် ကာပူချီနိုရဟန်းတို့ပါ။
အသင်းဂိုဏ်းအား အဓိကတည်ထောင်ခဲ့သူမှာ အာစီစီမြို့မှ စိန်ဖရန်စစ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ အဓိက ဆောင်ပုဒ်ကတော့ ငြိမ်းချမ်းခြင်းနှင့် ကောင်းမြတ်ခြင်းပင်ဖြစ်ပါတယ်။
ဖရန်စစ္စကန်ဝိညာဉ်ရေးကတော့ ဧ၀ံဂေလိတရားတော်အတိုင်း နေထိုင်ခြင်း၊ ခရစ်တော်နောက်သို့ လိုက်ခြင်း၊ ဆင်းရဲခြင်းနှင့် ညီအစ်ကိုစိတ်ထားခြင်းပါပဲ။
အသင်းတော်အတွင်း ကျော်ကြားတဲ့ ဖရန်စစ္စကန်ရဟန္တာများမှာ စိန်အန်ထော်နီ၊ စိန်ဘောနဲဘမ်ချား၊ သံတာကလဲလ်၊ ပါထရေပီအိုနှင့် စိန်မာစီမီလီယံတို့ဖြစ်ပါတယ်။
စိန်ဖရန်စစ်- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
ဖရန်စစ္စကန်အသင်းဂိုဏ်းမှာ အဓိက ဂိုဏ်းကွဲသုံးခုရှိပါတယ်။ မိုင်နာဖရိုင်ရာများ၊ ကွန်ဗန့်တုရယ်ရဟန်းများနှင်
အသင်းဂိုဏ်းအား အဓိကတည်ထောင်ခဲ့သူမှာ အာစီစီမြို့မှ စိန်ဖရန်စစ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ အဓိက ဆောင်ပုဒ်ကတော့ ငြိမ်းချမ်းခြင်းနှင့် ကောင်းမြတ်ခြင်းပင်ဖြစ်ပါတယ
ဖရန်စစ္စကန်ဝိညာဉ်ရေးကတော့ ဧ၀ံဂေလိတရားတော်အတိုင်း နေထိုင်ခြင်း၊ ခရစ်တော်နောက်သို့ လိုက်ခြင်း၊ ဆင်းရဲခြင်းနှင့် ညီအစ်ကိုစိတ်ထားခြင်းပါပဲ။
အသင်းတော်အတွင်း ကျော်ကြားတဲ့ ဖရန်စစ္စကန်ရဟန္တာများမှာ စိန်အန်ထော်နီ၊ စိန်ဘောနဲဘမ်ချား၊ သံတာကလဲလ်၊ ပါထရေပီအိုနှင့် စိန်မာစီမီလီယံတို့ဖြစ်ပါတယ
စိန်ဖရန်စစ်- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
ဒိုမီနီကန်အသင်းဂိုဏ်း။
အသင်းဂိုဏ်းတည်ထောင်သူဟာ အသင်းတော်အတွင်း စိတ်ပုတီးစိတ်နည်းစတင်ပေးခဲ့ သူ စိန်ဒေါမီနစ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ ဆောင်ပုဒ်ကိုတော့ ဘုရားသခင်အားချီးမွမ်းရန်၊ ကောင်းကြီးသြဘာပေးရန်နှင့် တရားဟောခြင်းပါ။ အသင်းဂိုဏ်းရဲ့ တရားဝင်အမည်မှာကိုက - တရားဟောသူများအသင်းဂိုဏ်းလို့ အဓိပ္ပာယ်ရတဲ့ Order of Preachers ဖြစ်ပါတယ်။ အသင်းဂိုဏ်းအမျိုးအစားကတော့ နေ့စဉ်ဆွမ်းခံစားတဲ့ Mendicant ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ၁၂၄၇ ခုနှစ်တွင်ပြုလုပ်တဲ့ အသင်းတော်ကြီးညီလာခံမှာ ပုပ်ရဟန်းမင်းကြီး ဂရေဂေါ်ရီ (၁၀)က ဘာသာဝင်တွေအပေါ်ဝန်မပိစေရန်အ တွက် ဆွမ်းခံခြင်းကို ဖြတ်သိမ်းပေးခဲ့ပါတယ်။
ဒိုမီကန်များရဲ့သင်္ကန်းကတော့ အဖြူရောင်ဖြစ်ပြီး အနက်ရောင် ၀တ်ရုံအပေါ်မှာ ခြုံပါတယ်။ အဲဒီနောက် ခါးမှာ ခါးပတ်နှင့်အတူ စိတ်ပုတီးချိတ်ဆွဲထားပါတယ်။ စကာပူလာလည်းပါတယ်။ ခေါင်းစွပ် Hood လည်း ပါပါတယ်။
ဒိုမီကန်များရဲ့သင်္ကန်းကတော့
ဒိုမီနီကန်ဝိညာဉ်ရေးကတော့ ဆုတောင်းခြင်း၊ စာပေလေ့လာခြင်း၊ တရားဟောခြင်းနှင့် အဖွဲ့အစည်းလိုက်နေထိုင်ခြင်
စိန်ဒေါမီနစ်နှင့်အတူ အသင်းတော်အတွင်း ကျော်ကြားတဲ့ သူတော်စင်ကြီးများကတော့ စိန်သောမတ်စ်အကွိုက်နက်စ်၊ စိန်ကက်သရင်းနှင့် ကြီးမြတ်သော စိန်အဲလ်ဘတ်။
စိန်ဒေါမီနစ်- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
ဂျေးဇူးရစ်အသင်းဂိုဏ်း။
အသင်းဂိုဏ်းတည်ထောင်သူဟာ စိန်အစ်ညှားစီအု့စ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ဆောင်ပုဒ်ဟာ လုပ်သမျှ ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော်ပို၍ကြီးမြတ်ပါစေ လို့ အဓိပ္ပာယ်ရတဲ့ For the greater glory of God ပါ။ အသင်းဂိုဏ်းအမျိုးအစားကတော့ ဘာသာရေးအသင်းဂိုဏ်းတစ်ခုပါ။ ထို့အပြင် အသင်းဂိုဏ်းမှာတော့ သီးသန့်သင်္ကန်းရယ်လို့မရှိဘဲ ဒေသခံဘုန်းကြီးတွေနဲ့တန်းတူ ယှဉ်ပြီး လိုက်လျောညီထွေစွာဝတ်ဆင်တတ်ကြပါတယ်။
ဂျေးဇူးရစ်ဝိညာဉ်ရေးကတော့ ၀ိညာဉ်ရေးလေ့ကျင့်မှု့တွေပေါ်မှာ မူတည်နေပြီး အစ်ညှေးစီယမ်းဝိညာဉ်ရေးလို့လည်း ခေါ်ဆိုကြပါတယ်။ အဓိကတော့ - အရာရာထဲမှာ ဘုရားသခင်ကို ရှာဖွေခြင်း၊ ခရစ်တော်ကိုချစ်ခြင်း၊ အရေးကြီးတဲ့ အမှု့ဆောင်များပေးခြင်း၊ ၀ိညာဉ်ရေးစမ်းစစ်ဖို့နှင့် ပညာရေးတို့ပင်ဖြစ်ပါတယ်။
အသင်းတော်အတွင်း ကျော်ကြားတဲ့ ရဟန္တာများကတော့ စိန်ဖရန်စစ်ဇေးဗီးယားနှင့် စိန်အလော်ရှိုက်တို့ဖြစ်ပါတယ်။
စိန်အစ်ညှားစီးအု့စ်။-ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
စလေးရှင်းအသင်းဂိုဏ်း။
အသင်းဂိုဏ်းတည်ထောင်သူကတော့ ဂျွန်ဘောစ္စကိုဖြစ်ပြီး အသင်းဂိုဏ်းရဲ့တရားဝင်အမည်မှာ စိန်ဖရန်စစ်ဒေဆားလပ်ရဲ့အဖွဲ့ အစည်းပါ။ စလေးရှင်းတို့ရဲ့ ဆောင်ပုဒ်ကတော့ - ၀ိညာဉ်များကို အကျွန်ုပ်အားပေးပြီး ကျန်တာတွေကို ယူဆောင်ပါလို့ အဓိပ္ပာယ်ရတဲ့ Give me souls, take away the rest ပါ။
အသင်းဂိုဏ်းအမျိုးအစားကတော့ ဘုန်းကြီးအသင်းဂိုဏ်းတစ်မျိုးဖြစ်ပြီး သင်္ကန်းအမျိုးအစားလည်း သီးသန့်မရှိဘဲ သင့်လျော်တာကို လိုက်လျော်ညီထွေစွာ ၀တ်ဆင်ကြပါတယ်။
ဆလေးရှင်းဝိညာဉ်ရေးကတော့ သိုးထိန်းဆိုင်ရာမေတ္တာတရား၊ ပျော်ရွှင်ခြင်းနှင့်အကောင်း မြင်ဝါဒ၊ အလုပ်နှင့် ခြိုးခြံကျင့်ကြံခြင်း၊ လူငယ်များကို သိုးထိန်းဆိုင်ရာဂရုစိုက်ပျိုးထောင်ပေးခြင်းနှင့် ခရစ်တော်မှာ အမြစ်တွယ်ပြီး မယ်တော်သခင်မရဲ့လက်ထဲမှာ ဘ၀သက်တာကို ဆက်ကပ်နေထိုင်ခြင်းတို့ပင်ြ ဖစ်ပါတယ်။
အသင်းတော်အတွင်း ကျော်ကြားတဲ့ သူတော်စင်များမှာ စိန်ဒေါမီနစ်ဆာဗီယို နှင့် စိန်မေရီမာဇာရက်လိုတို့ဖြစ် ကြပါတယ်။
စိန်ဂျွန်ဘောစကို။ - ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
ဒိုမီနီကန်ကိုရင်
အသင်းဂိုဏ်းတည်ထောင်သူကတော့
အသင်းဂိုဏ်းအမျိုးအစားကတော့
ဆလေးရှင်းဝိညာဉ်ရေးကတော့ သိုးထိန်းဆိုင်ရာမေတ္တာတရား၊
အသင်းတော်အတွင်း ကျော်ကြားတဲ့ သူတော်စင်များမှာ စိန်ဒေါမီနစ်ဆာဗီယို နှင့် စိန်မေရီမာဇာရက်လိုတို့ဖြစ်
စိန်ဂျွန်ဘောစကို။ - ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com
Thursday, 15 November 2018
ရဟန်းဝတ်ကော်လံ (သို့) ရိုမန်ကော်လံ
မေး။ ကက်သလစ်ဘုန်းတော်ကြီးတွေရဲ့ လည်ပင်းမှာ ပတ်ဆင်လေ့ရှိတဲ့ နှစ်လက်မခန့်အဖြူပြားကြီးက ဘာလဲမသိလို့ ရှင်းပြပေးပါ။ ဘယ်အချိန်က စတင်ဝတ်ဆင်လေ့ရှိကြတယ်ဆိုတဲ့ သမိုင်းလည်း သိပါရစေ။
ဖြေ။ ဟုတ်ကဲ့။ ကက်သလစ်ဘုန်းတော်ကြီးများရဲ့ လည်ပင်းမှာ ပတ်ဆင်လေ့ရှိတဲ့ နှစ်လက်မခန့်အဖြူပြားကြီးကို ရဟန်းဝတ်ကော်လံ (Clerical Collar) ဒါမှမဟုတ် ရိုမန်ကော်လံ (Roman Collar)လို့ ခေါ်ပါတယ်။ ကက်သလစ်အသင်းတော်ထဲမှာ ရှေးခေတ်ကာလမှစပြီး ယနေ့ခေတ်ထိအောင် ရဟန်းအမျိုးစားများနှင့် ၎င်းတို့၏သင်္ကန်းဝတ်ရုံများလည်း တိုးတက်ပြောင်းလာခဲ့တာတွေ ရှိပါတယ်။ အဲဒီတိုးတက်ပြောင်းလဲမှုတွေနဲ့အတူ အခုလို ၀တ်စားဆင်ယင်မှုလည်း ပြောင်းလဲလာခဲ့တာ ရှိပါတယ်။ သင်္ကန်းဝတ်ရုံရှည်တွေကိုလည်း ၀တ်ဆင်ကြသလို၊ အခုလို လူတွေကြားမှာ သွားလာလှုပ်ရှားတဲ့အခါ ရဟန်းဂုဏ်လက္ခဏာ (identity) မပျောက်အောင် ၀တ်ဆင်ကြပါတယ်။ လူ့ဘောင်လူ့ပတ်ဝန်းကျင် အသိုင်းဝိုင်းထဲကျင်လည်ပြီး သာသနာပြုလုပ်ငန်းများ၊ ပညာရေး၊ လူမှုရေး၊ ပရဟိတအရေးတို့နှင့် အခြားလူမှုကောင်းကျိုးအဖြာဖြာတို့မှာ ကိုယ်တိုင်ရှေ့ဆုံးမှပါဝင်ကာ တက်တက်ကြွကြွ ဆက်ကပ်လှုပ်ရှားသူတွေဖြစ်တာမို့ ကက်သလစ်ဘုန်းတော်ကြီးများအတွက် သင်္ကန်းရှည်ကြီးတွေ ခြုံရုံဝတ်ဆင်လို့ အဆင်မပြေပါဘူး။ နောက်ပြီး ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ - secularization world အတွက်လည်း ပရော်ဖက်ရှင်နယ်ကျပြီး စမတ်ကျတဲ့ပုံစံတွေသာ လူရာဝင်လာတာမို့ ခေတ်နှင့်လိုက်ရောညီထွေမှုရှိပြီး ရဟန်းတို့ရဲ့ identity ဂုဏ်လက္ခဏာလည်း မပျောက်အောင် နည်းလမ်းရှာရပါတယ်။ အဲဒီမှာပဲ လူ့အသိုင်းဝိုင်း၊ လူ့ပတ်ဝန်းကျင်မှာ ရဟန်းဆိုတဲ့ဂုဏ်လက္ခဏာ identity မပျက်စေတဲ့ ဒီလိုဝတ်စုံကို စတင်ဝတ်ဆင်လာခဲ့ကြတာပါပဲ။ ယနေ့ပုံစံတိုင်းဝတ်ဆင်နေကြတာဟာ ၂၀ ရာစုကမှ စတင်လာခဲ့တာပါ။ ဒါပေမယ့် ဒီနေ့ခေတ် ရိုမန်ကော်လံရဲ့ သမိုင်းကတော့ ၁၇ ရာစုလောက်ကတည်းက ပြင်သစ်ဒီဇိုင်းပုံစံနဲ့ စတင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ (အချို့ကလည်း ဒီလိုကော်လံဒီဇိုင်းဟာ ၁၅ ရာစုကတည်း စတင်နေခဲ့ပြီလို့ ဆိုကြပါတယ်။)
၁၉၉၁ ခုနှစ်မှာတော့ ပုပ်ရဟန်းမင်းကြီးဒုတိယမြောက်ဂျွန်ပေါက ဒီနေ့ခေတ်ကာလမှာ ရဟန်းတစ်ပါးရဲ့ identityဟာ ရှင်းရှင်းလင်းလင်းရှိနေဖို့ လိုတဲ့အတွက်ကြောင့် ဒီရိုမန်ကော်လံဒီဇိုင်းဟာ အသင့်တော်ဆုံးဆိုပြီး ကက်သလစ်ဘုန်းကြီးတိုင်းဝတ်ဖို့ စာချွန်တော်နဲ့တကွ တိုက်တွန်းခဲ့ပါတယ်။ အရှင်သူမြတ်ကြီးရဲ့ စာချွန်တော်ထဲမှာ ဒီလိုရိုမန်ကော်လံကို ၀တ်ဆင်သင့်တဲ့ ရည်ရွယ်ချက် (၂၃)ချက်ကို ထည့်သွင်းထားပါတယ်။ ရဟန်းဆိုတာ ဘုရားသခင်ထံ ဆက်ကပ်ထားတဲ့ တသီးတခြားပုဂ္ဂိုလ်တွေဖြစ်ကြောင်း ဒီကော်လံဝတ်ဆင်ခြင်းအားဖြင့် မြင်သာစေတဲ့ အမှတ်သားတစ်ခုပါပဲ။ ဒီလိုဝတ်ဆင်ခြင်းအားဖြင့် တခြားဒီဇိုင်းမျိုးစုံတဲ့ အ၀တ်စားတွေမှာ စိတ်မရောက်စေဘဲ ဆင်းရဲခြင်းကို ကျင့်ကြံရာလည်း ရောက်ပါတယ်။ ဒါ့အပြင် အသင်းတော်ရဲ့ဥပဒေမှာလည်း ရဟန်းဝတ်ရုံသင်္ကန်းကို ၀တ်ဆင်ဖို့ ဥပဒေရှိနေတာမို့ ဒီရိုမန်ကော်လံကို ၀တ်ဆင်သင့်ပါတယ်။ လူ့ဘုံအလည်မှာ သွားလာလှုပ်ရှားနေတဲ့အခါမှာလည်း ဒီရိုမန်ကော်လံဝတ်ဆင်ထားခြင်းအားဖြင့် ရဟန်းဆိုတာကို လူတွေက သိကြပါလိမ့်မယ်။ ဒါမှ ရဟန်းတစ်ပါးရဲ့ ရည်ရွယ်ချက်တွေကိုလည်း တန်းမြင်မိကြမှာဖြစ်ပါတယ်။ ... စသဖြင့် မိန့်ဆိုထားတာကိုတွေ့ရပါတယ်။
ဒီရိုမန်ကော်လံဝတ်ဆင်ခြင်းကို အသင်းဂိုဏ်းကွဲပါစတာတွေက ထွင်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။ ဒီနေ့ခေတ်ဒီဇိုင်းကော်လံအတွက်တော့ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းဂိုဏ်းကွဲပါစတာတွေဟာ ဘုန်းတော်ကြီးတွေမဟုတ်တဲ့အတွက် အဲဒီအချိန်အခါကတည်းက မိမိတို့ကိုယ်ကို သာမန်ယုံကြည်သူတွေနဲ့ မတူတဲ့ identity ပြတဲ့နည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီကော်လံမျိုးကို ၀တ်ဆင်လာခဲ့တာတော့ ၁၅ ရာစုကတည်းကမို့ တကယ့်မူလတည်ထွင်သူတွေကတော့ အသင်းဂိုဏ်းကွဲတွေမပေါ်ခင်က အသင်းတော်ကြီးပါပဲ။ ဒီနေ့ ဒီလိုရဟန်းဝတ်ကော်လံမျိုးကို ကက်သလစ်အသင်းတော်ကြီးအပါအ၀င် အခြားအသင်းဂိုဏ်းကွဲများလည်း အသုံးပြုကြပါတယ်။ သို့သော်လည်း ရိုမန်ကော်လံကိုတော့ ကက်သလစ်ရဟန်းများသာ ၀တ်ဆင်ကြပါတယ်။
ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com
ရဟန္တာသူတော်စင်အပေါင်းပွဲနေ့ကြီး
နိုဝင်ဘာ ၁ရက်နေ့။
Άγιοι που δε θα γιορταστούν γιατί δε θα τους βρουν ημέρα που ταιριάζει.ဂရိလိုရေးထားတဲ့ စာကြောင်းရဲ့အဓိပ္ပာယ်ကတော့ "သင့်တော်တဲ့ရက်ရှာမတွေ့၍ ပွဲတော်မကျင်းပပေးဖြစ်သော ရဟန္တာသူတော်စင်များအားလုံး" လို့ဆိုပါတယ်။ ဒီစာကြောင်းလေးဟာ ရဟန္တာသူတော်စင်များအားလုံးရဲ့ ပွဲနေ့ကြီးကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်လေးကို ပေါ်လွင်စေပါတယ်။
အသင်းတော်၏ယုံကြည်ရာချက်မှာ အသင်းတော်တစ်ခုတည်းရှိပြီး အသင်းတော်ကြီးရဲ့ဦးခေါင်းဟာ ယေဇူးခရစ်တော်ဘုရားကိုယ်တော်တိုင်ဖြစ်ပြီး များစွာသော ခန္တာအစိတ်အပိုင်းများရှိပါတယ်။ ဒီ တစ်ခုတည်းသောအသင်းတော်ထဲမှာပင် နယ်ပယ် (State)သုံးခုနဲ့ နားလည်နိုင်ပါလိမ့်မယ်။ ပထမနယ်ပယ်ကတော့ ကောင်းကင်နိုင်ငံအသင်းတော်ကြီး၊ ဒုတိယနယ်ပယ်ကတော့ ကျနော်တို့ကမ္ဘာပေါ်အသင်းတော်နဲ့ တတိယနယ်ပယ်ကတော့ အောက်နက်ရာအရပ်မှ အသင်းတော်ဖြစ်ကြပါတယ်။ ဒီအချက်ဟာ ယုံကြည်ရာအချုပ်ထဲတွင်လည်း ပါဝင်ပါတယ်။ ယေဇူးခရစ်တော်ဟာ ကျနော်တို့အားလုံးကို ကယ်တင်ဖို့အတွက် ဖွားမြင်ခြင်းကိုခံယူတော်ပြီး အသေခံတော်မူရာမှ အောက်နက်ရာအရပ်သို့ ဆင်းကြွတော်မူပါတယ်။-ထိုနောက် သုံးရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်တော်မူပြီး ကောင်းကင်ဘုံသို့ တက်ကြွတော်မူတယ်လို့ ယုံကြည်ရာချက်မှာ အသင်းတော်နှင့်အတူ ကျနော်တို့ ၀န်ခံကြပါတယ်။
ကောင်းကင်နိုင်ငံအသင်းတော်ကြီးဟာ လောကစုံစမ်းနှောက်ယှက်မှုတွေနဲ့ အခက်ခဲတွေကို အောင်မြင်ပြီးတဲ့ ရဟန္တာသူတော်စင်များရှိရာ နေရာပဲဖြစ်ပါတယ်။ ဘုရားသခင်ကိုယ်တိုင် စံပယ်ပြီး ဘုရားသခင်ရဲ့ ရွှေမျက်နှာတော်ကို ဖူးခွင့်ရပြီးသူများရဲ့ အရပ်ပဲဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ ခရစ်ယာန်တွေအားလုံး မျှော်လင့်တောင်းတနေကြတဲ့ ထာဝရဆုလာဒ်ကြီးပဲမဟုတ်ပါလား။
ဒီလို ကောင်းကင်နိုင်ငံတော်မှာ ဘုရားသခင်ရဲ့ရွှေမျက်နှာတော်ကို ဖူးမျှော်ခွင့်ရနေကြပြီးဖြစ်တဲ့ ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို ရဟန္တာသူတော်စင်များအဖြစ် ကမ္ဘာပေါ်အသင်းတော်ကြီးက ကြေငြာပေးပါတယ်။ ဒါမှ ကမ္ဘာပေါ်အသင်းတော်တွင် ရှိနေကြတဲ့ ကျနော်တို့ လူသားတွေဟာ အဲဒီရဟန္တာသူတော်စင်များကို အတုယူကျင့်ကြံပြီး ခရစ်တော်နောက်ကို ဆက်လက်လျှောက်လှမ်းနိုင်ကြမှာဖြစ်ပါတယ်။ အသင်းတော်ကြီးအတွင် ရဟန္တာသူတော်စင်များစွာကို ကြေငြာပြီးဖြစ်ပေမယ့် လူမသိ၊သူမသိနဲ့ ခရစ်တော်နောက်လိုက်ရင်း ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့တဲ့ သူတော်စင်များစွာလည်း ရှိနေပါတယ်။ ဒါ့ကြောင့် ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့ကို လူသိ၊ လူမသိ အားလုံးသောရဟန္တာ သူတော်စင်များအား အောက်မေ့သတိရ ကျင်းပကြပါတယ်။
ပထမသံယောဟန်ကျမ်းမှာမိန့်ဆိုခဲ့သလိုပဲ ကျနော်တို့အားလုံးဟာ ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင်၏သားသမီးများအဖြစ်သို့ ခေါ်တော်မူခြင်းခံရပြီး အားလုံးဟာ ရဟန္တာသူတော်စင်များအဖြစ်သို့ လမ်းဖွင့်ဖိတ်ခေါ်ကြိုဆိုခံနေရတာကို သတိရစေချင်ပါတယ်။ ဘာကိုသတိရမိသလဲဆိုတော့ ...ရှေးဦးကာလ ခရစ်တော်နောက်လိုက်များကို ခရစ်ယာန်များလို့ အခေါ်မခံရခင်ကာလမှာတုန်းက သူတို့ကို ဂရိဘာသာစကားနဲ့ Οἱ Ἁγιοι ဆိုပြီး သန့်ရှင်းသောသူတော်စင်များလို့ ခေါ်ဆိုကြပါတယ်။ အဲဒီဝေါ်ဟာရကနေတဆင့် ကျနော်တို့ဘိုးဘွားတွေကို ဘာကြောင့် အဲဒီလိုခေါ်ဆိုခဲ့ကြသလဲဆိုတာကို မြင်မှန်းဆနိုင်ပါတယ်။
ရဟန္တာသူတော်စင်ပေါင်းပွဲနေ့ကြီးကို အေဒီ ၃၇၃ ခုနှစ်မှာ ကျင်းပနေကြပြီးဖြစ်ကြောင်း အစောဆုံးသက်သေခံချက်အဖြစ် စိန်အက်ဖရင်စီးရီးယမ်း၏ သြ၀ါဒမှာတွေ့ရှိနိုင်ပါတယ်။
ကျနော်တို့တတွေလည်း ရဟန္တာသူတော်စင်များအဖြစ်သို့ အခေါ်ခံထားရတာကို မမေ့ကြဖို့၊ ဘုရားသခင်ရဲ့သားသမီးများအဖြစ် ထိုက်ထိုက်တန်တန် ရှင်သန်သက်သေခံကြဖို့ ဒီနေ့ပွဲတော်အားဖြင့် ပြန်လည်သတိယူ ခွန်အားယူကြပါစို့။
ကောင်းကင်အရပ်ရှိ ရဟန္တာသူတော်စင်အပေါင်းတို့- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။
ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com
Subscribe to:
Posts (Atom)