သံယောဟန် ၂၁း၁-၁၉
ကျနော်တို့
ယနေ့ဖတ်ရှု့ကြားနာကြရတဲ့ သံယောဟန်ကျမ်း (၂၁း၁-၁၉)တွင် ငါးဖမ်းခြင်းလုပ်ငန်းကို ပြန်လည်လုပ်ကိုင်နေကြတဲ့
တပည့်တော်ကြီးအချို့ကို ယေဇူးသခင်မှ ထင်ရှားပြတော်မူသည့်အကြောင်းပင် ဖြစ်ပါတယ်။ ဤအဖြစ်ပျက်မှာ
သံလုကာ(၅း၁-၁၁)မှ ပထမဆုံးသော တပည့်တော်ကြီးများကိုခေါ်တော်မူသည်နှင့် တူလှပါတယ်။ သို့သော်လည်း
မတူတာကတော့ ခရစ်တော်သခင် အသက်ရှင်စဉ် မိမိနောက်လိုက်တပည့်တော်ကြီးများကို ခေါ်ခဲ့ပြီး
ယခုအခါမှာမူ ထိုတပည့်တော်ကြီးများအား ယုံကြည်ခြင်းအားနည်းနေချိန် မိမိ၏ရှင်ပြန်ထမြောက်ခြင်းဟာ
အမှန်တကယ်ဖြစ်ကြောင်း သက်သေပြရင်း မိမိကိုလည်း ထိုတပည့်တော်ကြီးများ ဘယ်လိုဘယ်ပုံနဲ့
မှတ်မိနိုင်သလဲဆိုတာပါပဲ။ တကယ်ပါဘဲ ရှင်ပြန်ထမြောက်တော်မူသော မိမိတို့ဆရာသခင်ကို တပည့်တော်ကြီးတို့
ချက်ချင်းမမှတ်မိကြပါဘူး။ ဘာကြောင့်လဲ။ ဘာကြောင့်လဲ…
ကျနော်တို့အလွယ်တကူနားလည်နိုင်ပါတယ်။
ဖြစ်ပျက်ထားတဲ့ ခရစ်တော်ရဲ့ဒုက္ခစရိယာနှင့် သေခြင်းကြောင့် တပည့်တော်ကြီးတွေဟာ အကြောက်တရားအောက်တွင်ရှင်သန်နေရပြီး
မိမိတို့ဆရာလည်း သေသွားခဲ့ပြီဆိုသည့်အတွေးဖြင့် မျှော်လင့်ချက်တို့လည်း ကင်းမဲ့နေတဲ့အချိန်ဖြစ်ပါတယ်။
မိမိဘ၀တလျှောက် သေသွားခဲ့သူ ပြန်ရှင်တဲ့ဆိုတာ တခါမှမရှိခဲ့၊ မကြုံခဲ့ဖူးတဲ့ တပည့်တော်ကြီးများအတွက်
ယေဇူးသခင် ရှင်ပြန်ပြီး သူတို့ဆီပြန်လာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဘယ်လို ယုံကြည်မှု့မျိုးနဲ့
လက်ခံလိုက်ရမှာလဲ။ ယနေ့ ခရစ်ယာန်အချို့နှင့် လူပေါင်းများစွာအတွက်လည်း ရှင်ပြန်ထမြောက်ခြင်းဟာ
မဖြစ်နိုင်၊ မယုံနိုင်စရာအခြေနေမှာ ရှိနေဆဲဖြစ်ပါတယ်။ တချို့ကလည်း ယေဇူးခရစ်တော်ဟာ
ရူပါရုံအဖြစ်သာ ပြခဲ့တာပါဟု ဆိုကြပါတယ်။ သို့သော်လည်း . . . သို့သော်လည်း ယေဇူးသခင်ရှင်ပြန်ထမြောက်ပြီးနောက်
တွေ့ဆုံခဲ့ကြရတဲ့ တပည့်တော်ကြီးတိုင်းကတော့ ကိုယ်တော်သည် ရူပါရုံပြခဲ့ခြင်းမဟုတ်ဘဲ
အမှန်တကယ် ရုပ်ခန္တာနဲ့ ထိတွေ့ခဲ့ရကြောင်း သက်သေခံထားကြပါတယ်။
ယနေ့
ကျနော်တို့အတွက် ယုံကြည်ခြင်းမှာ အဟန့်အတားများစွာနဲ့ သံသယဖြစ်စေတဲ့ အကြောင်းတွေ အများကြီးရှိနေတာတော့
အမှန်ပါပဲ။ သို့ပေမယ့်လည်း သံသယဖြစ်တိုင်း၊ အဟန့်အတားတွေ ရှိတိုင်း ကျနော်တို့မျှော်လင့်ချက်တွေကို
အပျက်စီးခံမယ်ဆိုလျှင် မှားယွင်းသွားနိုင်ပါတယ်။ တခါတရံ ဒီအတားအဆီးတွေကလည်း မိမိတို့ယုံကြည်ခြင်းကို ပြန်လည်အသက်ဝင်လာဖို့
စိန်ခေါ်ဖိတ်ခေါ်သလို ဖြစ်စေပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ကိုယ်ယုံကြည်ရာကို မျက်မမြင်တဇွတ်ထိုးယုံတာမဟု တ်တော့ဘဲ မိမိသြတ္တပစိတ် အသိဉာဏ်နဲ့
စဉ်းစားတွေးခေါ်ခံယူနိုင်စေပါတယ်။ ပုစ္ဆာတစ်ပုဒ်ရှိခဲ့လို့ အဖြေမှန်ရအောင် တွက်လိုက်တဲ့သဘောပါပဲ။ ထိုကြောင့်
မိမိရဲ့ယုံကြည်ခြင်းကို အမြဲတမ်းစဉ်းစားတွေးခေါ်ပြီး အသက်သွင်းပါ။ ယုံကြည်ခြင်းဆိုတာ မိမိရဲ့အသိဉာဏ်ပိုင်းဆိုင်ရာ၊ စိတ်ဆန္ဒပိုင်းဆိုင်ရာ၊ စိတ်လှုပ်ရှားမှု့ဆိုင်ရာ၊
အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ပညာသုတဆိုင်ရာ၊ခန္တာပိုင်းဆိုင်ရာ၊ ရူပါရုံအထိအတွေ့တို့ဆိုင်ရာ စသည့်အဆင့်ဆင့်တွေမှာ ဆုံးဖြတ်မြုပ်နှံမှု့တစ်ခုပါ ။ ထိုသို့ ဆုံးဖြတ်မြုပ်နှံပြီး
လုပ်ဆောင်အသက်ရှင်သန်ခြင်းဟာ မိမိယုံကြည်ခြင်း၏ လုပ်ရပ်သက်သေတွေပင်ဖြစ်ပြီး ပေါ်လွင်စေပါတယ်။
ယုံကြည်ခြင်းမှာ အားနည်းတိုင်းလည်း ပြန်လည်အင်အားယူဖို့ ဖိတ်ခေါ်မှု့အမြဲတမ်းရှိပါတယ် ။ ဘ၀ဟာ ဖိတ်ခေါ်မှု့ပေါင်းများစွာနဲ့ မျှော်လင့်ချက်ပေးရှင်သန်စေ ပါတယ်။ ယနေ့ကျမ်းစာဒုတိယပိုင်းမှာလ ည်း ခရစ်တော်ဟာ ယုံကြည်ခြင်းအားနည်းပြီး
မျှော်လင့်ချက်မဲ့နေသည့် တပည့်တော်ကြီးတွေကို ပြန်လည်ဖိတ်ခေါ်ခဲ့သည် ဒုတိယမြောက်ခေါ်တော်မူခြင်းကို တွေ့မြင်နိုင်ပါတယ်။ ပထမခေါ်တော်မူခြင်းကို
သတိရဦးမည်ဆိုလျှင်ဖြင့် (သံမာတေဦး ၄း၁၈-၂၂)မှာ ပထမဦးဆုံးတပည့်တော်ကြီးများ ကို ခေါ်ယူခဲ့သည့် ပုံစံနှင့် ယခုတဖန်ခေါ်ဆိုခဲ့သည့်
ပုံစံတူနေပါတယ်။ ထိုပထမခေါ်တော်မူခြင်းမှာ တပည့်တော်ကြီးများအား လူကိုဖမ်းသော တံငါသည်များဖြစ်စေမည်ဟု
မိန့်ဆိုခဲ့ပြီး ယခုတဖန်မှာတော့ ကိုယ်တော့်ကိုချစ်လျှင် ကိုယ်တော်၏သိုးများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မိန့်မှာနေပါတယ်။ သိုးတွေဆိုသည်မှာ သိုးထိန်းကိုသိပြီး
ထိုသိုးထိန်း၏နောက်ကိုသာ တစိုက်မတ်မတ်လိုက်တတ်သည့် သတ္တ၀ါများပင် ဖြစ်ပါတယ်။
ထိုကြောင့် ဒီနေ့ အဘယ်သူဟာ သိုးတွေကို စောင့်ရှောက်သူဖြစ်ပြီး အဘယ်သူတွေဟာ သိုးများဖြစ်နေပါသလဲ။
ယုံကြည်ခြင်းမှာ အားနည်းတိုင်းလည်း ပြန်လည်အင်အားယူဖို့ ဖိတ်ခေါ်မှု့အမြဲတမ်းရှိပါတယ်
ထိုကြောင့် ဒီနေ့ အဘယ်သူဟာ သိုးတွေကို စောင့်ရှောက်သူဖြစ်ပြီး အဘယ်သူတွေဟာ သိုးများဖြစ်နေပါသလဲ။
အသင်းတော်ဟာ သိုးထိန်းဖြစ်ပြီး ခရစ်တော်ကိုယ်စား သိုးများဖြစ်သည့် ဘာသာဝင် ညီအစ်ကိုများကိုသာမက အခြားသော ဘုရားသခင်နှင့်ဆိုင်ရာ သိုးများစွာကို စောင့်ရှောက်ထိန်းသိမ်းပေးဖ
မိတ်ဆွေ။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို အဘယ်မှာ မြုပ်နှံထားပါသလဲ။ ကော်လောဆေသြ၀ါဒမှာတော့ သံပေါလူးက ကျွန်ုပ်တို့အား "အထက်အရပ်၌ရှိသော အရာများတွင်" ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်
ဒိုမီနီကန်ကိုရင်
No comments:
Post a Comment