ရှားပါးပြီးရှေးဟောင်းကျသည့်
ဗာတီကန်ရှိ ထောင်ပေါင်းများစွာသော လက်ရေးစာမူများကို ဂျပန်နိုင်ငံမှ နည်းပညာအကူအညီဖြင့်
နောက်လေးနှစ်အတွင်း အွန်လိုင်းပေါ်ရောက်ရှိပြီး အခြားသူများလည်း လေ့လာနိုင်စေတော့မှာ
ဖြစ်ပါတယ်။ ယခုလက်ရှိအချိန်မှာတော့ ၎င်းလက်ရေးစာမူများဟာ ဗာတီကန်ရှိ ပညာရှင်/ကျောင်းသားများသာ
လေ့လာနိုင်ခြင်းဖြစ်ပါတယ်။
NTT
DATA Corporation တာဝန်ရှိသူများနှင့် ဗာတီကန်စာကြည့်တိုက်တို့ဟာ ၎င်းတို့ရဲ့ ပူးတွဲပရော်ချက်ကို
ပြီးခဲ့သည့် ကြာသပတေးနေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကြေငြာခဲ့ကြတာပါ။
စာကြည့်တိုက်ကို
၁၅ရာစုနှစ်တွင် ပုပ်ရဟန်းမင်းကြီး နီကော်လပ်စ် (၅)မှ တည်ထောင်ခဲ့တာဖြစ်ပြီး ရှေးဦးခရစ်ယာန်များအချိန်ကာလမှ
ရေးသားထားသော လက်ရေးစာမူပေါင်း ၈၂၀၀၀ အချို့ကို ထိန်းသိမ်းထားပါတယ်။ ရှေးဦးခရစ်ယာန်များရေးသားခဲ့သော
အချို့သမိုင်းဝင် ကျော်ကြားသည့် ကဗျာများ၊ ဇာတ်သရုပ်ဖော်စာတမ်းများနှင့် အခြားသော စာပေများစွာလည်း
ပါရှိကြောင်း သိရှိရပါတယ်။
ဗာတီကန်စာကြည့်တိုက်ဟာ
လွန်ခဲ့သော နှစ်များစွာကတည်းက ၎င်းတို့ရဲ့ လက်ရေးစာမူတွေကို ဒီဂျစ်တယ်မော်ကွန်းထဲမှာ ထိန်းသိမ်းနိုင်ဖို့
စကမ်ဖတ်လာတာ ကြာပါပြီ။ လက်ရေးစာမူ ၆၈၀၀ သော စာမူများကိုတော့ စကမ်ဖတ်ပြီးနေပြီဟု စာကြည့်တိုက်တာဝန်ခံ
မွန်စီညှော် စီဆာရာ ပါစီနီထံမှ သိရှိရပါတယ်။ အချို့သော ၃၀၀ ခန့် စာတမ်းများကို ၎င်းစာကြည့်တိုက်၏၀က်ဆိုဒ်တွင်
ရရှိနိုင်ကြောင်းလည်း ပြောပြပါတယ်။
အခုတော့
NTT DATA Corporation မှ နည်းပညာနှင့်စပ်လျဉ်းသည်များကို အကူအညီပံ့ပိုးပေးမှာ ဖြစ်ပြီး
အရည်အသွေးမြင့်မားတဲ့ ဒီဂျစ်တယ်မော်ကွန်းထိန်းဖြင့် နောက် လေးနှစ်အတွင်း အွန်လိုင်းပေါ်သို့
၎င်း ရှားပါးသည့် လက်ရေးစာမူများရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅၀၀၀ သော လက်ရေးစာမူများကို
အဖိုးအခမယူဘဲ ၂၀၁၈ ခုနှစ်အမှီ အွန်လိုင်းပေါ်တွင် ကမ်းလင့်ပေးမှာ ဖြစ်သည်ဟုလည်း သိရပါတယ်။
မနောအောင်
No comments:
Post a Comment