ပုံထဲက ဆရာတော်ဘုရားဟာ
အန်ဒရေဂျိုးဇက် လေအိုနာဒ် ဖြစ်ပါတယ်။ ဘယ်ဂျီယံနိုင်ငံ၊ ဘရူဆေးစ်မြို့က ဖြစ်ပါတယ်။ ဘရူဆေးစ်က
တက္ကသိုလ်တစ်ခုမှာ အလုပ်ရုံအစည်းဝေးပွဲ လုပ်နေ စဉ်အတွင်း လိင်တူချစ်သူ အမျိုးသမီးတချို့၏
ကျူးကျော် ဆန္ဒပြတာကို ခံခဲ့ရပါတယ်။ ဆန္ဒပြသူ လိင်တူချစ် အမျိုးသမီးတွေက ဆရာတော်ကြီးအား
ရေနှင့်လောင်းကြတယ်။ ဒါပေမယ့် ဆရာတော် ကြီးကတော့ အဲဒီဆန္ဒပြသူတွေကို လုံးလုံးမှ လှည့်မကြည့်ဘဲ
တည်တည်ငြိမ်ငြိမ်နဲ့သာ နေခဲ့တယ်။ ဆန္ဒပြသည့်အကြောင်းရင်းကတော့ လိင်တူချင်းချစ်သူများအားမုန်းတီးရေး
(Homophobia)ကို ဆန့်ကျင့်ဆန္ဒပြသည်ဟု အပြည်ပြည်ဆိုင်ရာ သတင်းအေဂျင်ဆီများထံမှ သိရပါတယ်။
ဆန္ဒပြခိုက်တလျှောက်လုံး လုံးဝတည်ငြိမ်စွာနေခဲ့ပြီး ဆန္ဒပြအပြီးမှာတော့ ဆရာတော်ဘုရားကြီးက
မယ်တော်သခင်မ မာရိယား၏ပုံတော်အား နမ်းကာ အခန်းမှ ပြန်လည်ထွက်ခွာသွားခဲ့တယ်။
မနက်မိုးလင်းကတည်းက
ဒီပုံကို facebook မှာတွေ့နေရပါတယ်။ ဘာအကြောင်းလဲလို့ စိတ်ဝင်စားလို့ဖတ်ကြည့်မိတော့မှ
ဆရာတော်ဘုရားကြီးတစ်ပါး၏ သူရဲကောင်းဆန်ပြီး သမ္မာဓိပြည့်ဝပုံကို ချီးကျူးဖွယ်တွေ့မြင်လိုက်ရတာပါ။
အဲဒီဆန္ဒပြသူတွေအနေနဲ့ သူ့တို့အခွင့်အရေးအတွက် မှန်မှန်ကန်ကန် ဆန္ဒပြသည်ဆိုလျှင်တောင်မှ
ဒီလိုရှိုင်းစိုင်းတဲ့အပြုအမူကို ခံရတဲ့ ဆရာတော်ဘုရားဟာ သာမာန်လူတစ်ဦးသာဆိုလျှင် ဒေါသအလျောက်နဲ့
တုန့်ပြန်မှာသေချာပါတယ်။ ဒါပေမယ့် ဆရာတော်ဘုရား ပေးလိုက်တဲ့ပုံသက်သေကတော့ တည်ငြိမ်စွာတုန့်ပြန်ရင်း
တရားသဘော ပြည့်ဝကြောင်းကို သက်သေခံလိုက်ပါတယ်။
လေးစားကြည်ညိုလျက်
မနောအောင်
No comments:
Post a Comment