Monday, 23 December 2013

ခရစ္စမတ်သတင်းကောင်း Christmas Message

CHRISTMAS is JESUS Birthday! ခရစ္စမတ်သည် ယေဇူးဘုရားမွေးနေ့
ခရစ်တော်ယေဇူးက “သင်တို့ကိုသာ ငါအလိုရှိ၏” (2 Cor 12: 14)
ခရစ္စမတ်စ် သည် ခရစ်တော်ယေဇူးရဲ့ မွေးနေ့၊ Brithday မွေးနေ့လက်ဆောင် သူအလို လားဆုံးကျွန်တော်တို့ရဲ့ဘ၀ကို လက်ဆောင်အဖြစ်ပေးခြင်းဖြစ်၏။ခရစ်တော်ယေဇူးဘုရား အရာ အားလုံး ပိုင်းဆိုင်သော အရှင်ဖြစ်ပေမယ့် ကျွန်တော်တို့ ဆန္ဒသဘောထား လွတ်လွတ်လပ်လပ် ပေးရန်ဖြစ်ပြီး အဓမ္မမတောင်းပါ။
          ခရစ်တော်ယေဇူးဘုရားရှင် ကျွန်တော်တို့ကို ပိုင်ဆိုင်တာမို့ ကျွန်တော်တို့ ခရစ်တော်ကို ရွေးနိုင် (သို့မဟုတ်) ငြင်းပယ်နိုင်၏။ ဒီနှစ်ခရစ္စမတ်စ်မှာ ယေဇူးဘုရားအလိုရှိသော လက်ဆောင်ပေးရာမှာ ရောင်း ချရန်ကုန်ပစ္စည်းများ၊ ခြောက်ပစ်ကင်းမဟုတ်သောအရာများ၊ ခရစ်တော်၏အသင်းတော်ကို မိမိအား ဆက် သရာ အညစ်ကြေးမရှိ၊ အစွန်းကွက်မရှိဘဲ သန့်ရှင်း အပြစ်ကင်းစင်လျက် ဂုဏ်သရေနှင့် ပြည့်စုံးစေ ရန်ဖြစ်၏။ (ဧဖက်သြ၀ါဒစာ ၅း ၂၇)
          ခရစ်တော်ရရှိသော အသက်သစ် ညီအစ်ကိုတို့ ငါသည်ဘုရားသခင်၏ သနားကရုဏာ တော်ကို ထောက်ထား သင်တို့အား တိုက်တွန်းနိုးဆော်လိုသည်မှာ “သင်တို့၏ ခနာကိုယ် များကို သက်ရှိ ယဇ်ပူ စော်သက္ကာကဲသို့ သန့်ရှင်းမြင့်မြတ် ကိုယ်တော်နှစ်သက်လက်ခံဖွယ်ရာ ဖြစ်စေခြင်းငှါ ဆက်ကပ်ပူ ဇော်ကြလော့။ (ရောမ ၁၂း ၁)
          He wants us to wish Him a “ Merry Christmas”.
ခရစ်တော်ယေဇူး အလိုရှိတာ ကျွန်တော်တို့ဘုရားရှင်ကို မယ်ရီခရစ္စမတ်စ်ဟု နှုတ်ဆက်ခြင်း ဖြစ်၏။ ကောင်းကင်သိကြားတမန်တော်က မယ်တော်မာရီယားအား မကြောက်ရွံ့နှင့် (လုကား ၁း ၃၀) အလားတူ ကျွန်တော်တို့လူသားများ ယေဇူးဘုရားကို လက်ဆောင်အဖြစ်လက်ခံသောအ ခါ အမိမယ် တော်မာရီယားကဲ့သို့ မကြောက်ရွံ့ရန်ဖြစ်၏။
သုံးပါးတစ်ဆူး သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ တန်းခိုးတော် ကျွန်တော်တို့အပေါ် ဆင်း သက်၏။ “ကောင်းကင်တမန်က သန့်ရှင်းသော ၀ိညာဉ်တော်သည် သင့်အပေါ်ဆင်းသက်လိမ့်မည်၊ အမြင့်ဆုံးသောအရှင်၏ တန်းခိုးအာဏာတော်သည် သင့်ကို လွမ်းမိုးလိမ့်မည် (လုကား ၁း ၃၅)
မယ်တော်မာရီယားသည် ဘုရားသခင်ရဲ့အလိုတော်ကို လက်ခံရာမှာ “ကျွန်မသည် ဘုရားသခင်၏ အစေခံဖြစ်ပါ၏၊ သင်၏ စကားတိုင်း ကျွန်မ ဖြစ်ပါစေ (လုကား ၁း၃၈) Let it be done to us according to God’s  Word. ကျွန်တော်တို့ အပေါ် ဘုရားသခင်၏ စကားအတိုင်းဖြစ်ပါစေ၊ ကျွန်တော်တို့ ကြွေး ကြော် နိုင်ပါစေ။
God is Holy. ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်တော်မူ၏။
          ငါသည် သန့်ရှင်းမွန်မြတ်တော်မူတော်သောကြောင့် သင်တို့သည်လည်း သန့်ရှင်းမွန်မြတ်ကြလော့ (ပေတရု သြ၀ါဒစာ ပထမစာဆောင် ၁း ၁၆) ဘုရားရှင်သည် သန့်ရှင်းမြင့်မြတ်တာမို့ ကျွန်တော်တို့လည်း သန့်ရှင်းမြင့်မြတ်ကြဖို့ တိုက်တွန်းထား၏။ ဘုရားသခင် မတက်နိုင်သောအရာ တစ်စုံတစ်ခုမျှမရှိ (လုကား ၁း ၃၇) For nothing is impossible with God.
ယေဇူးဘုရားရှင် ရွှေ၊ ငွေ၊ လော်ဗန်နံသာ၊ မီးရာ၊ အမွေးကြိုင် မလိုအပ်ပါ
          အရှေ့တိုင်းပြည်မှ မင်းပညာရှိများသည် သူငယ်တော်ယေဇူးကို သူ၏ မယ်တော်မာရီယားနှင့်အတူ တွေ့မြင်ကြသောကြောင့် ပျပ်ဝပ်ရှိခိုးလျက် မိမိတို့ ဘဏ္ဍာ ပစ္စည်းတို့ကို ဖွင့်ကြပြီး ရွှေ လော်ဗန်၊ မီးရားတို့ကို ဆက်ကပ်ကြ၏ (မာတေဦး ၂း ၁၁)
          ယေဇူးဘုရားရှင်း၏ ဆန္ဒ အကောင်းဆုံး အောင်မြင်မှု ရရှိလိုသော ရွှေ ငွေ လက်ဆောင်များ ဘယ်လို တန်ဖိုးကြီးပါစေ၊ ခရစ်တော်ကို ချစ်လို့ သူလိုချင်တမ်းတသော ကျွန်တော်တို့ ဘ၀ကြီးကို သူကို ပေးအပ်လိုက်ပါ။
နီလာစမိုင်း (ရေဦး)
St. Mary’s Church

မြင်းခြံ

(အထက်ပါ ခရစ္စမတ်သတင်းကောင်းမှာ မြင်းခြံမြို့ စိန်မေရီဘုရားကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ်ပြုံးချို (နီလာစမိုင်း)မှ ပေးပို့ထားခြင်းဖြစ်ပါတယ်။) 

Sunday, 22 December 2013

ဂျေရောဗလို ဆုတောင်းပြည့် လုဒ်မယ်တော်ပွဲတော်ကြီး ကျင်းပခြင်း

ဖယ်ခုံ သာသနာလုံးဆိုင်ရာ ဂျေရောဗလို ဆုတောင်းပြည့် လုဒ်မယ်တော်ပွဲတော်ကြီး ကျင်းပခြင်း
 
ဖယ်ခုံ ဂိုဏ်းအုပ်သာသနာ၏ နှစ်စဉ် ကျင်းပလေ့ရှိသော ဂျေရောဗလို ဆုတောင်းပြည့် လုဒ်မယ်တော်ပွဲတော်ကြီးကို ဒီဇင်ဘာလ (၈)နေ့တွင် ခမ်းနားစွာ ကျင်းပခဲ့ပါသည်။ ပွဲတော်အကြို နိုဗီနာကို နိုဝင်ဘာလ (၂၉)ညနေ ၄း၃၀တွင် ဆရာတော်ပီတာလတ်နှင့် အတူ ဘုန်းတော်ကြီးများ ပါဝင်လျက် မစ္ဆားတရားတော်ဖြင့် ဖွင့်လှစ်ပေးခဲ့ပါသည်။ မစ္ဆားတရားအပြီးတွင် ဖယ်ခုံဘင်ခရာအဖွဲ့မှ ဦးဆောင်လျက် ဘုန်းတော်ကြီးနှင့် အတူ မယ်တော်အလံကို ပင့်ဆောင်လာကာ မယ်တော်အလံတိုင် အောက်တွင် မယ်တော်အလံကို ကောင်းချီးပေးပြီး ဘုန်းတော်ကြီးမှ အလံတင်ခဲ့ပါသည်။ (၂၉) ရက်နေ့မှ စတင်ကာ မစ္ဆားတရားတော်ကို ညနေ ၄း၃၀ တွင်ကျင်းပခဲ့ပြီး ဖယ်ခုံသာသနာရှိ အသင်းအဖွဲ့ အသီးသီးမှ မစ္ဆားတရားတော်၌ ကွာယာသီဆိုခြင်း၊ ပူဇော်ခြင်း၊ အလှူငွေ ကောက်ခံခြင်းများကို အလှည့်ကျ တာဝန်ယူခဲ့ပါသည်။ ပွဲတော်အကြို နိုဗီနာနေ့များတွင်လည်း ကြွရောက်လာသော ဘုန်းတော်ကြီးများကို အလှူရှင် အသီးသီးမှ ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ကြသည်။
 
 ပွဲတော်နေ့ကြီးဖြစ်သော အပြစ်မဲ့ သန္ဓေယူတော်မူသော မယ်တော်သခင်မ၏ပွဲ ဒီဇင်ဘာလ (၈) ရက်နေ့တွင် မစ္ဆားတရားတော်ကို တောင်းကြီးဂိုဏ်းချုပ် သာသနာ ဆရာတော် မာတီးယားဦးရွှေနှင့်အတူ လက်ထေက်ဆရာတော် ဘာဆီးလျှို အားသိုက်၊ လွိုင်ကော်ဂိုဏ်းအုပ် သာသနာဆရာတော် စတီးဖင်း၊ ဖယ်ခုံဂိုဏ်းအုပ် သာသနာ ဆရာတော်ကြီး ပီတာလတ်နှင့်အတူ တောင်ကြီး၊ လွိုင်ကော်၊ ဖယ်ခုံတို့ရှိ ဘုန်းတော်ကြီးများ၊ ဒီကင်များ၊ ဘရာသာရ်များ၊ ဂိုဏ်းအသီးသီးမှ သီလရှင်များ၊ အနယ်နယ် အရပ်ရပ်မှ ရောက်ရှိလာကြသော ဘာသာတူ ညီကို မောင်နှမများနှင့်အတူ ကျင်းပ ပူဇော်ခဲ့ပါသည်။ မစ္ဆားတရားတော်၌ ဖယ်ခုံ ဂိုဏ်းအုပ်သာသနာ ဆရာတော်ပီတာလတ်မှ ချစ်သား ချစ်သမီးအပေါင်းတို့ကို တရားရေအေး တိုက်ကျွေးခဲ့ပါသည်။ ပွဲတော်နေ့တွင် ဘာသာတူများ အပြင် မယ်တော်ကို ချစ်သော၊ မယ်တော်ကို ယုံကြည် ကိုးစားသော အခြားသော ဘုရားဖူးများလည်း တက်ရောက် ကြည်ညိုခဲ့ပါသည်။ ညနေ ၃း၃၀ တွင် ကိုယ်တော်မြတ် မင်္ဂလာနှင့်အတူ မယ်တော်ကို ပင့်ဆောင်လျက် ဂျေရောဗလိုတောင်ကုန်းကို ပတ်ကာ စီတန်း လှည့်လည်ခြင်း ပြုလုပ်ခဲ့သည်။ စီတန်း လှည့်လည်ခြင်း အပြီးတွင် မယ်တော်ထံ ကတိက၀တ်ပြုထားသော စာများကို ဖာသာရ်သြဂတ်စတင်းကို့မှ ကောင်းချီးပေးကာ မီးရှို့ ပူဇော်ပေးခဲ့သည်။ ထို့နောက် မယ်တော် တမန်တော်အဖွဲ့မှ သမီးပျိုလေးများမှ မယ်တော်အလံကို ချပေးခဲ့သည်။ မယ်တော် အလံချချိန်တွင် ဖယ်ခုံဘင်ခရာအဖွဲ့မှ မယ်တော်သီချင်း တပုဒ်တီးမှုတ် ပေးခဲ့သည်။ ထို့နောက် မယ်တော်အလံကို ဖယ်ခုံဘင်ခရာအဖွဲ့မှ ဦးဆောင်ကာ ဘုန်းတော်ကြီးနှင့် အတူ မယ်တော်တမန်တော်အဖွဲ့မှ ပင့်ဆောင် သွားလေသည်။
 
ထို့နောက် ညနေပိုင်းတွင် အာရှ ရုပ်ရှင်ပွဲတော်တွင် ဆုတံဆိပ်(၃)ခု ဆွတ်ခူးရရှိခဲ့သော ဒါရိုက်တာ အောင်ကိုလတ်ရိုက် ကူးထားသည့် ကယန်းအလှ ဗွီဒီယိုဇာတ်ကားကို ပရိုဂျက်တာဖြင့် ကြွရောက်လာကြသော အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး သူတော်စင်များကို အခမဲ့ ပြသခဲ့ပါသည်။ ဖယ်ခုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖရန်စစ်ကို မှလည်း ကယန်းအလှ ပြသရခြင်း၏ ရည်ရွယ်ချက်ကို ဧည့်ပရိတ်သတ် အပေါင်းတို့ကို ပြောကြားခဲ့ပါသည်။ ထိုဇာတ်ကား အပြီးတွင် ကက်သလစ် ခရစ်ယာန် အဆိုတော်များအဖွဲ့ (ရန်ကုန်) မှလည်း သီချင်းများဖြင့် ဧည့်ခံ ဖျော်ဖြေခဲ့ကြပါသည်။
 
 ဂျေရောဗလို ဆုတောင်းပြည့် မယ်တော်သည် သမိုင်းဝင်တခုဖြစ်ပြီး ဖယ်ခုံသာသနာ၏ အားကို အားထားရာ မယ်တော်လည်း ဖြစ်လေသည်။ သမိုင်းအရဆိုသော စစ်ပြီးကာလတွင် နယ်စွန် နယ်ဖျားရှိ ဘာသာသူများသည် အဆိုပါ တောင်ကုန်းနား တ၀ိုက်တွင် အခြေချနေထိုင်ရင်း ဘုန်းတော်ကြီး ဂျေရောလမိုမှ မယ်တော်ကို တောင်ကုန်းပေါ်တွင် တည်ထားကိုးကွယ်ခဲ့ပြီး ဂျေရောဗလိုဆိုသည်မှာ စုဝေးရာ ဖြစ်သည်ဟု သိရပါသည်။ နောက်ထပ် အဆိုတခုအရ ဆိုသော် ဂျေရောဗလို ဆိုသည်မှ (ဗလို=တောင်ကုန်း) တောင်ကုန်းပေါ်တွင် တည်ထားသော မယ်တော်ဟု ခေါ်ဆိုကြသည်ဟု သိရပါသည်။ ထိုမယ်တော်ပွဲကို နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလ (၈)ရက်နေ့တွင် ကျင်းပလျက်ရှိကာ ဈေးပွဲတော်များ၊ ဘုရားဖူး သူတော်စင်များနှင့် အထူး စည်ကားလှသော ပွဲတော်ကြီးဖြစ်ပါသည်။
 
Augustine စည်သူ (စိန်ဂျိုးဇက်-ဖယ်ခုံ)
 

ဖယ်ခုံသာသနာရှိ ဘော်ဒါကျောင်းသား/သူများအား ခရစ္စမတ်အကြို ပျော်ပွဲရွှင်ပွဲ ကျင်းပပေးခြင်း

ကာနိုးရှင်းအသင်းဂိုဏ်းမှ ဖယ်ခုံသာသနာရှိ ဘော်ဒါ ကျောင်းသား/သူများအား ခရစ္စမတ်အကြို ပျော်ပွဲရွှင်ပွဲ ကျင်းပပေးခြင်း
 
ကာနိုးရှင်း သာသနာပြု အသင်းဂိုဏ်းမှ သီလရှင်များနှင့် အလှူရှင်များသည် ၇.၁၂.၂၀၁၃ ရက်နေ့ စနေနေ့တွင် ဖယ်ခုံဂိုဏ်းအုပ်သာသနာရှိ စိန်ဂျိုးဇက်နှင့် စိန်မက်ဒလင်း ဘော်ဒါ ကျောင်းသား/သူများကို ခရစ္စမတ်အကြို ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခဲ့ပြီး ကျောင်းသား/သူများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ခဲ့ပါသည်။
 
ရှေးဦးစွာ စိန်ဂျိုးဇက်ဘော်ဒါကျောင်းသို့ ရောက်ရှိလာကြသော ကာနိုးရှင်းသီလရှင်နှင့် အလှူရှင်များကို စိန်ဂျိုးဇက်ကျောင်းသားများ ဘင်ခရာအဖွဲ့မှ ကြိုဆိုနှုတ်ဆက် ဂုဏ်ပြုခဲ့ပြီး အခမ်းအနားကို အဖွင့်ဆုတောင်းမေတ္တာဖြင့် စတင်ခဲ့သည်။ထို့နောက် အခမ်းအနားမှုးအဖြစ် သြဂတ်စတင်းစည်သူဝင်းမှ ဆောင်ရွက်ကာ ဆရာမထရေးဇာမှလည်း ဘာသာပြန်အဖြစ် ဆောင်ရွက်ပေးခဲ့ပါသည်။ထို့နောက် စိန်ဂျိုးဇက်နှင့် စိန်မက်ဒလင်း ဘော်ဒါကျောင်းသား/သူများမှ အဖွင့်သီချင်းဖြင့် လည်းကောင်း၊စိန်ဂျိုးဇက်အကအဖွဲ့မှ အကတစ်ပုဒ်ဖြင့်လည်းကောင်း၊ စိန်မက်ဒလင်း ကျောင်းသားများမှ ကယန်းရိုးရာအကဖြင့်လည်းကောင်း ကြွရောက်လာကြသော အလှူရှင်များကို သီဆို ဖျော်ဖြေကပြ ခဲ့ကြပါသည်။ကာနိုးရှင်းသီလရှင်တဦးမှလည်း ဤကဲ့သို့ ကလေးသူငယ်များကို
လာရောက်လှူဒါန်းရသည့်အတွက် အလွန်ပင် ၀မ်းသာ ပီတိဖြစ်မိပါကြောင်း၊သူငယ်တော် ယေဇူးလေးမွေးဖွားခြင်းပွဲလေးကို ကလေးသူငယ်များနှင့် ယခုလို ကြိုတင် ကျင်းပခြင်းအ ကြောင်းကို လည်းကောင်း၊ကလေးသူငယ်များအနေဖြင့်လည်း မွေးဖွားလာမည့် ကယ်တင်ရှင်ကို စိတ်သစ် ကိုယ်သစ်နှင့် ကြိုဆိုနိုင်ကြရန် ကြိုးစားဖို့လိုကြောင်းနှင့် ပညာရေးကို ဇွဲလုံ့လအပြည့်နှင့် ကြိုးစားစေချင်ကြောင်းတို့ကိုလည်း ကလေးသူငယ်များကို အားပေး စကား ပြောကြားခဲ့ပါသည်။ထို့နောက် စိန်ဂျိုးဇက်ဘော်ဒါ ကျောင်းအုပ် ဖာသာရ်ဂျော်ကင်းကီနိုမှ ဧည့်သည်တော်များကို နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။မွန်းလွဲပိုင်းတွင် ကာနိုးရှင်းအသင်းဂိုဏ်းမှ ကျောင်းသား/သူများအား ပျော်ပွဲရွင်ပွဲ ကျင်းပပေးကာ ကျောင်းသား/သူများကိုလည်း စာရေးကိရိယာများနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ထို့နောက် စိန်ဂျိုးဇက်နှင့် စိန်မက်ဒလင်းမှ ဘော်ဒါကျောင်းသား/သူများမှလည်း ကျေးဇူးတင် နှုတ်ခွန်းဆက်သလွှာနှင့်အတူ ကယန်းရိုးရာ ချည်ထည်များကိုလည်း ဧည့်သည်တော်များအား အမှတ်တရ လက်ဆောင်အဖြစ် အသီးသီးပေးအပ်ခဲ့ပါသည်။

သာသနာ၏ အနာဂတ်ကြယ်ပွင့်များ မွေးထုတ်ရာတွင် ဘော်ဒါကျောင်းများသည်လည်း အုတ်တချပ် သဲတပွင့်ကဲ့သို့ ပါဝင်ဆောင်ရွက်လျက်ရှိနေပြီး ဘော်ဒါကျောင်းများအတွက် ယခုကဲ့သို့ လာရောက်လှူဒါန်းသည့် ကျေးဇူးရှင်များအပေါ် ဘုရားသခင် ကောင်းကြီး ပေးပါစေကြောင်း ကျောင်းသား/သူများမှ အသီးသီး ဆုတောင်းမေတ္တာ ပို့သ ပေးခဲ့ကြပါသည်။ ဖယ်ခုံသာသနာ၊ တိုက်နယ်အသီးသီးမှ ကလေးသူများသည် ခရစ်ယာန် ဘော်ဒါကျောင်းများတွင် ပညာသင်ကြားလျက်ရှိပြီး စိန်ဂျိုးဇက် ဘရာသာရ်ကျောင်းတွင် ကျောင်းသားပေါင်း ၂၇ယောက် ၊ စိန်မက်ဒလင်း ကျောင်းတွင် ကျောင်းသား/သူ ၂၃ ယောက် ပညာသင်ကြားလျက်ရှိပါသည်။ ဘော်ဒါကျောင်းများသို့ လှူဒါန်းမှု ပြုချင်ကြသည့် အလှူရှင်များကိုလည်း ဖိတ်ခေါ်လျက်ရှိပါသည်။
 
Augustine စည်သူ (စိန်ဂျိုးဇက်-ဖယ်ခုံ)
 

Saturday, 21 December 2013

စတုတ္ထအာဝင်ဒူးတနင်္ဂနွေနေ့

ဧမာနူအဲလ် - ငါတို့နှင့်အတူရှိတော်မူသောဘုရား . . .

ယနေ့ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်မှာ သံမာတေဦးက ယေဇူးခရစ်တော်၏ မွေးဖွားခြင်းအကြောင်းကို ခြုံငုံပြောပြထားပါတယ်။ သံမာတေဦး၏ အာဘော်ကို အနည်းငယ်ပြန်ပြောရမယ်ဆိုရင်ဖြင့် ကညာစင်မာရိယာဟာ ဖြောင့်မတ်ရိုးသားသူ ဂျိုးဇက်ဆိုသည်နှင့် စေ့စပ်ကြောင်းလမ်းပြီးကာမှ ၀ိညာဉ်တော်အားဖြင့် ပိသနေစွဲခဲ့ရာ ခင်ပွန်းလောင်းဂျိုးဇက်က အကြောင်းရင်းကို မသိခင် ကွာရှင်းဖို့ ကြိုးစားခဲ့သော်လည်း ဖြစ်ကြောင်းကုန်စင်သိခဲ့ရချိန်မှာတော့ ဘုရားသခင်၏စကားကို နားထောင်လျက် ဇနီးလောင်းနှင့် သူငယ်တော်ကိုစောင့်ရှောက်ဖို့ ဆက်ကပ်ခဲ့ပါတော့တယ်။ မာရိယာမှ မွေးဖွားလာမည့် သူငယ်တော်အား ဧမာနူအဲလ်ဟူ၍ အမည်ပေးရမည်ကိုလည်း ဘုရားသခင်မိန့်မှာတော်မူခဲ့ပါတယ်။ ထိုကြောင့် သူငယ်တော်မွေးဖွားလာသောအခါ ဧမာနူအဲလ်ဟု အဓိပာယ်ရသော ယေဇူးအမည်ကို ပေးခဲ့ပါတယ်။

ဧမာနူအဲလ်ဟူသော စကားလုံးကို ဓမ္မဟောင်းကျမ်းတွင်လည်း ပရော်ဖက် Isaiah နှင့် ရှင်ဘုရင် အာဟတ်ဇ်တို့၏ စကားပြောဆိုခန်းတွင် တွေ့ရှိနိုင်ပါတယ်။ ရှင်ဘုရင်အာဟတ်ဇ်အုပ်ချုပ်ချိန် ယုဒေယပြည်ဟာ ပတ်ဝန်းကျင်နိုင်ငံများ၏ အင်အားကြီးမားမားဖြင့် ဘေးကြပ်နံကြပ်နှင့် ကြုံတွေ့နေရချိန်ဖြစ်ပါတယ်။ ထိုအခါ ဘုရားသခင်ဟာ သူ့ကိုအားကိုးဖို့ ပရော်ဖက်အားဖြင့် ရှင်ဘုရင်အား ချည်းကပ်သော်လည်း ထိုဘုရင်ကြီးက မတုန်မလှုပ်ဖြစ်နေသဖြင့် ဘုရားသခင်ကိုယ်တော်တိုင် အဲမာနူအဲလ်အရှင်သခင် စေလွှတ်မည်ဟု မိန့်ဆို ကတိပေးတော်မူပါတယ်။ ဧမာနူအဲလ်ဟူသော အဓိပ္ပာယ်မှာ “ငါတို့နှင့်အတူရှိတော်မူသော ဘုရား” ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့နှင့်အတူ အမှန်တကယ်ရှိနေပါတယ်။ မျှော်လင့်ချက်မဲ့ချိန် မျှော်လင့်ခြင်းကောင်းတွေ သူပေးတယ်။ လမ်းပျောက်နေတဲ့အချိန် သူလမ်းပြခဲ့တယ်။ အမှန်တရားတွေ မမြင်နိုင်တဲ့အချိန် အမှန်တရားဆီရောက်ဖို့ သူဦးဆောင်တယ်။ ဒါဟာ ငါတို့နှင့်အတူ ရှိတော်မူသော ဘုရား ဧမာနူအဲလ်ပင် ဖြစ်ပါတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း ဒီနေ့ဒီခေတ် အချိန်ကာလမှာ ဘုရားသခင်ကို ချည်းကပ်တဲ့အချိန် ဘာတွေမျှော်လင့်မိပြီး ထိုမျှော်လင့်ချက်တွေအတွက် ယုံကြည်မှု့ရှိရဲ့လား။ ဒါနဲ့ ကျွန်ုပ်တို့ မျှော်လင့်တဲ့အရာတွေလည်း ခရစ်တော်၏ဧ၀ံဂေလိတရားလမ်းအတိုင်း စစ်မှန်ပါရဲ့လား။ ဘုရားသခင်ကို ကျွန်ုပ်တို့ နားလည်မှု့လွဲပြီး လိုအပ်တာထက် လောဘစိတ်နဲ့ လိုချင်တာတွေကိုပဲ ကျွန်ုပ်တို့ မျှော်လင့်နေပါသလား။ စဉ်းစားစရာပါ။

ကျွန်ုပ်တို့ စဉ်းစားထောက်ရှု့ဖို့ကောင်းဖို့အတွက် အကြောင်းရာလေးတစ်ခုကို သုံးသပ်လိုပါတယ်။ ဒီနေ့ခေတ်ကာလမှာ ခရစ္စမတ်ကာလဆိုတာ ကမ္ဘာအ၀ှမ်း လူတိုင်းသိတဲ့အရာပါ။ သို့ပေမယ့်လည်း သိတာချင်းမတူနိုင်ပါဘူး။ ခရစ်ယာန်ယဉ်ကျေးမှု့တစ်ခု ကမ္ဘာကိုပြန့်နှံ့သွားတယ်ဆိုပါစေ - အဲဒီ ယဉ်ကျေးမှု့ကို ပိုင်ဆိုင်တဲ့ ခရစ်ယာန်တွေပင် ခရစ္စမတ်ကို သိတာချင်းမတူသေးပါဘူး။ ဒီနေ့ဒီခေတ်မှာ ခရစ္စမတ်ဆိုတဲ့ အဓိပ္ပာယ်ပြောင်းလဲလာနေပြီ။ ပြောင်းလဲလာတဲ့ အဓိပ္ပာယ်နဲ့အတူ ခရစ္စမတ်ပွဲတော်ကို ကျင်းပတာတွေလည်း မတူနိုင်ကြတော့ဘူး။ ဥပမာ- ခရစ္စမတ်ပွဲမို့ ကျွန်ုပ်တို့ပတ်ဝန်းကျင်ကို အလှဆင်ကြတယ်။ ရုံးတွေ၊ အိမ်တွေ၊ လမ်းတွေမှာ ခရစ္စမတ်အလှဆင်ထားမှု့တွေက အငွေ့သက်နေပြီ။ ကုန်စည်တွေက ခရစ္စမတ်လျော့ဈေးတဲ့ - စီးပွားရေးကိရိယာတစ်ခုလိုပဲ။ လူတွေကလည်း ခရစ္စမတ်မို့ အလှတွေဆင်ကြတယ် - လက်ဆောင်တွေပေးကြ - ယူကြနဲ့ ပွဲတော်တစ်ခုပါပဲ။ သို့သော်လည်း ခရစ်တော်ပျောက်နေတဲ့ ခရစ္စမတ်ပဲ။ ခရစ္စမတ်၏ အဓိပ္ပာယ်စစ်စစ်ကို ဖာသိဖာသာထားလိုက်ကြပြီ။ ဒီနေ့ ဒီအချိန်မှာ ခရစ္စမတ်ပွဲတော်အတွက် ၀ိညာဉ်ရေးအလှဆင်သူ ရှားပါးလာပြီ။ မျှော်လင့်ချက်တွေက ၀ိညာဉ်ရေး အလှတရားမှာထက် အပြင်ဘမ်းအလှတရားမှာ ပိုနေပြီ။ ခရစ္စမတ်အဓိပ္ပာယ်စစ်စစ်ကို မေ့မှာစိုး၍ ကြုံတုန်း ပြောပါရစေ။

ခရစ္စမတ်ဆိုသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ကျော်မှ ဖြစ်ရပ်မှန်ဖြစ်သည့် လူ့အဖြစ်ကိုယူတော်မူသော ယေဇူးခရစ်တော်၏ မွေးနေ့ပွဲတော်ကို အောက်မေ့သတိရလျက် ကျင်းပဂုဏ်ပြုကြခြင်းဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်ဖြင့် ဒီထက်ပို၍လေးနက်ပါသေးတယ် - ထိုကြောင့် အသင်းတော်၌ ခရစ္စမတ်ပွဲတော် မရောက်ခင်၊ ယေဇူးခရစ်တော်၏မွေးနေ့ပွဲတော် မရောက်ခင် ပြင်ဆင်ဖို့ရန်အတွက် ၎င်း၏၀တ်ပြုကိုးကွယ်ရာ ပြကဒိန်မှာ အာဝင်ဒူးလ်ကာလ ရက်သတ္တပတ်လေးပတ်ကို ထည့်သွင်းပေး၍ ၀ိညာဉ်ရေးရာမှာ ပြင်ဆင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ ထိုပြင်ဆင်ခြင်းဟာ ခရစ်တော်၏ဒုတိယအကြိမ် ကြွလာခြင်းထိအောင်ပင် အရေးပါနက်ရှိုင်းပါတယ်။ ထိုကြောင့် အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်ဖြင့် အသက်သွင်းစေပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့မျှော်လင့်ချက်ဟာ အနာဂတ်ကာလ၏ ကယ်တင်ခြင်းဖြစ်ပြီး ထိုကယ်တင်ခြင်းတရားကို သမိုင်း၏ဖြစ်ရပ်မှန်ဖြင့် သက်သေတည်ပါတယ်။ ဒါကြောင့် ခရစ္စမတ်ဆိုတာ အောက်မေ့သတိရလျက် ဂုဏ်ပြုရုံမကဘဲ ကျွန်ုပ်တို့၏ အနာဂတ်မျှော်လင့်ချက်တို့ကို အပ်နှံစေပါတယ်။

ကျွန်ုပ်တို့မျှော်လင့်ချက်တွေဟာ ဧ၀ံဂေလိတရားတော်ဖြင့် မှန်ကန်ကိုက်ညီနေပါစေ။ လူ့အဖြစ်ကို ယူတော်မူသော ဧမာနူအဲလ်အရှင်သခင်၏ ဧ၀ံဂေလိတရားတော်သည် ကျွန်ုပ်တို့အားလုံး၏ ခွန်အားနှင့် လမ်းဖြစ်စေ၍ ကမ္ဘာမြေကြီးပေါ်၌လည်း ငြိမ်းချမ်းသာယာခြင်းရှိပါစေ။


ကိုရင် (ဒိုမီနီကန်)

Monday, 16 December 2013

အလင်းသက်သေ၏ တစ်နှစ်ပြည့်သုံးသပ်ချက်များနှင့် ရှေ့ခြေလှမ်းများ

အလင်းသည် မှောင်မိုက်တွင် ထွန်းလင်း၏။ မှောင်မိုက်မူကား အလင်းကို မလွှမ်းမိုးနိုင်ချေ။ (ယောဟန် ၁း၅)

ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းရင်း အလင်းသက်သေ (မြန်မာကက်သလစ် ဘလော့)ကို ဖတ်ရှု့ အားပေးကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သလိုက်ပါသည် -

သန့်ရှင်းသော ၀ိညာဉ်တော်၏ ကျေးဇူးတော်ဖြင့် ဇန္ဒ၀ါရီလ (၁၄) ရက်နေ့ဆိုလျှင် အလင်းသက်သေ (မြန်မာကက်သလစ် ဘလော့) စတင် တည်ထောင်ခြင်း  (၁) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာလျှင် ယခုလို (၁) နှစ်ပြည့်မြောက်ခဲ့သည့်တိုင်  မြန်မာကက်သလစ် အသင်းတော်၏ လိုအပ်ချက်ကို တထောင့် တနေရာမှာ ပါဝင်နေနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုအပြင် ဘာသာတူ ညီအစ်ကို မောင်နှများ၏ အားပေးမှု့ကြောင့်လည်း ယခုကဲ့သို့ ဆပ်ကပ်နိုင်ခဲ့ခြင်းကြောင့် ကျေးဇူး အထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ထို (၁)နှစ်အတွင်း အလင်းသက်သေ၏ ပါဝင်ဆက်ကပ်နိုင်ခြင်းများကို ပြန်လည် သုံးသပ်ပြီး ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ဘာသာတူတို့အား ယခု ပိုစ်ဖြင့် အသိပေးပြောကြားလိုပါသည်။ အလင်းသက်သေ၏ ပါဝင်ဆက်ကပ်နိုင်ခြင်းများအား ပြန်လည်သုံးသပ်ရလျှင်  ကျေနပ် အားရများရှိသလို အားနည်းချက်များလည်း ရှိခဲ့ပါသည်။ ထို အားသာချက်/အားနည်းချက်များကို ပြန်လည် သုံးသပ်ပြီး နောက်နှစ်များတွင် ယခုထက်ပိုပြီး ဘုရားသခင်အား ဆက်လက် အစေခံနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း တင်ပြလိုပါသည်။

အလင်းသက်သေ (မြန်မာကက်သလစ် ဘလော့)တွင် တနင်္ဂနွေ အပတ်စဉ် ကမ္မဋ္ဌာန်း ထောက်ရှုချက်များ ကိုရင် (ဒိုမီနီကန်) မှ ရေးသားနိုင်ခဲ့ပါသည်။ ထိုအပြင် ပြည်တွင်း/ပြည်ပ ဘာသာရေးသတင်းများ၊ ဆောင်းပါးများ၊ ကဗျာများနှင့် စာစောင်များကိုလည်း တင်ဆက်နိုင်ခဲ့ရာ တနှစ်ပတ်လုံး (၁၈၀) ကျော်တင်နိုင်ခဲ့ပါသည်။ ဘလော့သို့ လာရောက် ဖတ်ရှု့သူများလည်း တနေ့တခြားတိုးတက်လာရာ  ဖတ်ရှု့ကြသည့် အကြိမ်ပေါင်း (၁၄,၁၃၅) ကျော်ထိ ရှိနေပြီဖြစ်ပါသည်။
ဝင်ရောက် ဖတ်ရှုသူ အများဆုံးနိုင်ငံ (၅) နိုင်ငံမှ မြန်မာနိုင်ငံ၊ အမေရိက၊ စင်္ကာပူ၊ မလေးရှား၊   မကာအို တို့မှ ၀င်ရောက် ကြည့်ရှုခဲ့ကြပါသည်။ အလင်းသက်သေ (မြန်မာကက်သလစ် ဘလော့)တွင် တင်သော ပိုစ့်များအား ဖေ့ဘွတ်အကောင့်တွင် ထပ်မံ Share  ပေးရာ ထို ဖေ့ဘွတ်ဂရုအား လိုက်လုပ်သူများလည်း တလထက် တလတိုးတက်လာရာ ယခုအချိန် အထိဆိုလျှင် ၆၅၇ ဦးကျော်ရှိနေပြီဖြစ်ပါသည်။  ထိုဖေ့ဘွတ်အကောင့်နှင့် ဆက်ဆက်ပြီး တခြားသော "မြန်မာပြည်ရှိ ကက်သလစ် ဘုရားကျောင်းများ" page ကို ပြုလုပ်ပေးခဲ့ရာ ဘာသာတူများ၏  ကြိုက်နှစ်သက်မှု့များနှင့် ပါဝင်မှုများကို ရရှိခဲ့ပါသည်။

ထို ကျေနပ်ချက်များနှင့် အတူ အားနည်းချက်များကို ပြန်လည်သုံးသပ်ရလျှင် ယခုဘလောက်သို့ ၀င်ရောက် ဖတ်ရှုသာ ဘာသာတူဦးရေသည် မြန်မာနိုင်ငံကက်သလစ်ဘာသာတူ အင်တာနက် အသုံးပြုသူ အရေအတွက်၏ ၃ ပုံလျှင် ၁ ပုံမျှသာ ရှိနေသေးသည်။  ဒါပြင် ၀င်ရောက် ဖတ်ရှုသူများသည်
ထက်ဝက်ကျော်မှ ပြည်ပရောက် ဘာသာတူများသာ ဖြစ်ပါသည်။  ကြိုးစား ရပါဦးမည်။ ပို့စ်တင်မှု့ အခြေအနေများကို သုံးသပ်ရလျှင် တနင်္ဂနွေ အပတ်စဉ် ကမ္မဋ္ဌာန်းများကို ကိုရင် (ဒိုမီနီကန်) မှ ပင်ထိုင်ရေးသားနေခဲ့ရာ ကိုရင် မြန်မာပြည်သို့ ခွင့် (၂) လ သွားရောက်ချိန်များတွင် အပတ်စဉ် မတင်နိုင်ခဲ့ခြင်း၊ ကိုရင်မှ မြန်မာပြည်မှ ကြိုးစားခဲ့ရာတွင်လည်း လိုင်းအားနည်းခြင်းကြောင့် အဆင်မပြေဖြစ်ခြင်းများကြောင့် ပို့စ်တင်မှု့များလည်း လျှော့ကျသွားခဲ့ရာ ၀င်ရောက်ဖတ်ရှုသူဦးရေ

ထိုလများတွင် ကျဆင်းသွားခဲ့ပါသည်။ ဘာသာရေးသတင်းများ တင်ဆက်မှု့ကို သုံးသပ်ရလျှင် အများဆုံး တင်ဆက်နိုင်သော ဘာသာရေးသတင်းများမှ ဘာသာပြန် ဘာသာရေးသတင်းများသာ ဖြစ်နေပါသည်။ သို့သော် ၀င်ဖတ်ရှုသူများသည် ပြည်ပရောက် ဘာသာတူများ ဖြစ်ကြသောကြောင့် မြန်မာနိုင်ငံ ပြင်တွင်းမှ ဘာသာရေး သတင်းများကို ပိုမို စိတ်ဝင်တစား ဖတ်ရှု့တောင်းဆိုကြပါသည်။ အလင်းသက်သေ အဖွဲ့အနေဖြင့် အတက်နိုင်ဆုံး ဖြည့်ဆည်းပေးလျှက်ရှိရာ ဂလိုရီယာဂျာနယ်ဖြင့် ချိပ်ဆက် ခွင့်တောင်းပြီး ဂလိုရီယာဂျာနယ်အား အလင်းသက်သေ ဘလော့တွင် ထည့်သွင်းဖော်ပြနိုင်ခဲ့ပါသည်။

အလင်းသက်သေ အဖွဲ့ တည်ထောင်သူများ ပြည်ပရောက် မြန်မာကက်သလစ် ဘာသာတူများ ဖြစ်သဖြင့် မြန်မာပြည်တွင်းမှ ဘာသာရေး သတင်းများ ရယူနိုင်ရန်မှာ အခက်အခဲရှိနေကြောင်း၊ ပြည်တွင်းမှာ ဘာသာရေး သတင်းများ ပေးပို့ပေးကြဖို့ရန် အစဉ်အမြဲ ဖိတ်ခေါ် တောင်းခံလျှက်ရှိနေပါသည်။ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ကိုလည်း တိုက်တွန်းနိုးဆော်အပ်ပါသည်။  ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များတွင် ယခု တနှစ်တာ၏ အတွေ့အကြုံများပေါ် မူတည်ပြီး အချို့လုပ်ငန်းလေးတွေကို ချဲ့ထွင်စေချင်သည့် သဘောဖြစ်ပါသည်။ ပထမအစီအစဉ်အဖြစ် အလင်းသက်သေဘလော့သည် Google ၏ blog ပေါ်တွင် လွင့်တင်ထားရာမှ အလင်းသက်သေ၏ ကိုယ်ပိုင် ဒိုမိန်း www.ALinnThetThay.org ကို ၀ယ်ယူပြီး ပြောင်းလဲ လွင့်တင်သွားမည် ဖြစ်ကြောင်း အသိပေးပြောကြားလိုပါသည်။ Website ဒီဇိုင်းကို စာဖတ်သူ လွယ်ကူစွာ ဖတ်ရှု့နိုင်ရန် ယခု ဘလော့ပုံစံဖြင့် လွင့်တင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ကျွန်ုပ်တို့ဘလော့ဟာ ဘာသာရေး ၀က်ဆိုဒ်အဖြစ် ပီပီပြင်ပြင်ပေါ်လာသည့် အလျောက် စာဖတ်ပရိတ်သပ် အချို့ဟာ ကျွန်ုပ်တို့အားဖြင့် ဂရုဏာရေးလုပ်ငန်း အချို့တွင် တိုးချဲ့ ပါဝင် လှုပ်ရှားစေလိုကြပါတယ်။ ထို  ဒုတိယ အစီအစဉ်ကို ဖော်ဆောင်ရန် ယခု လက်ရှိအချိန်ထိ အလင်းသက်သေမှာ ရံဘုံငွေများ၊ ထောက်ပံကြေးများ၊ အလှူများ မရရှိ။ မထားရှိပါ။ ယခုကဲ့သို့ အကြံပေးပို့ချက်များကြောင့်လည်း ဂရုဏာရေးလုပ်ငန်းများကို တိုးချဲ့ပြီး လှုပ်ရှား ဆောင်ရွက်ရန် ဖြစ်ပေါ်လာသော အခါ ထိုရံပုံငွေထည့်သွင်း စဉ်းစား လာရပါသည်။

ရည်မှန်းထားချက်မှာ အလင်းသက်သေ၏ ရံဘုံငွေအချို့ထားရှိပြီး ထို ရံဘုံငွေမှနှင့်အတူ အခါအားလျော်စွာ လှူဒါန်းမှု့များကို လိုအပ်သည့်နေရာများ ကို ထောက်ပံလှူဒါန်းရန်ဖြစ်ပါသည်။  ဥပမာ မိဘမဲ့ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အခြား မစွမ်းမသန်သူများကို ပံ့ပို့ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ ထိုကြောင့် ရှေ့ဆက်၍ ကျွန်တော်တို့ အလင်းသက်သေမှ လက်ခံရရှိလာသည့် အလှူငွေများကို နည်းစနစ်ကျကျ လက်ခံထိန်းသိမ်း ဖြန့်ဖြူးနိုင်ရန် စီစဉ်နေပါတယ်။ အလှူငွေများ ပို့လာပါကလည်း လက်ခံနိုင်ရန် ဘဏ်အကောင့်ဖွင့်ဖို့၊ ပေးပို့လာသည့် အလှူငွေများ အပေါ်မူတည်ပြီး ထိုဂရုဏာလုပ်ငန်းများကို မြန်မာပြည်မှ ဆက်သွယ်လာသည့် ဘုန်းကြီး၊ သီလှရှင်နှင့် အခြားလူကြီးမင်းတို့ကို ချိတ်ဆက်၍ ထောက်ပံလှူဒါန်း လုပ်ဆောင်သွားရန် ရည်မှန်းထားပါသည်။

ထို့အပြင် ကျွန်တော်တို့၏ အလင်းသက်သေရဲ့ အဓိက ရည်မှန်းချက် မပြည့်မြောက်သေးပါဘူး။ ထို ရည်မှန်းချက်မှာ မြန်မာနိုင်ငံ ကက်သလစ် အသင်းတော်တစ်ခုလုံး၏ သာသနာအသီးသီးမှာ  ဖြစ်ပျက်နေမှု့များကို သတင်းများ အဖြစ်သော်လည်းကောင်း၊ ဆောင်းပါးများ အဖြစ်သော်လည်းကောင်း၊ ရသမျိုးစုံဖြင့် ပိုမို ဝေမျှလိုပါတယ်။ ပိုမို ဖော်ပြလိုပါသည်။ သာရေးသော်လည်းကောင်း၊ နာရေးသော်လည်းကောင်း အားလုံး ပူးပေါင်းပါဝင်မှု့ဖြင့်  မျှဝေ ပေးပို့ဖလှယ်ကြပြီး အင်တာနက် ခေတ်ဖြစ်သည်နှင့် အညီ လျှင်မြန်စွာ တချိန်တည်း သိရှိစေလိုပါတယ်။ ထိုကြောင့် မြန်မာနိုင်ငံအတွင်းမှ ပူးပေါင်း ပါဝင်လာမည့်သူများ၏ လုပ်အားမှာ အလွန်ပင် လိုအပ်ပါတယ်။ ကျွန်တော်တို့ အလင်းသက်သေမှ ထပ်မံ ဖိတ်ခေါ်ပါတယ်။ စိတ်ပါဝင်စားစွာ ပူးပေါင်း ပါဝင်လာကြမယ်လို့ မျှော်လင့်ပါတယ်။ ယခုလည်း နှစ်ပတ်လည် အထိမ်းအမှတ်ဖြင့် တနှစ်အတွင်း သတင်း၊ ဆောင်းပါး၊ ကဗျာများပေးသူများကို အသင်းသက်သေ လိုဂိုဖြင့် ရှပ်အင်္ကျီ အချို့ထုတ်ပြီး လက်ဆောင်ပေးလိုသော်လည်း အဖွဲ့ရံဘုံငွေ လစ်လပ်မှု့ကြောင့်လည်းကောင်း၊ တာဝန်ယူ ရိုက်နှိပ်၊ ဖြန့်ဝေပေးမည့် လုပ်အားများ မရှိခြင်းကြောင့် ယခုနှစ်တွင် ပြုလုပ်နိုင်ရန် အကောင်အထည် မဖော်နိုင်ခဲ့ပါ။ သို့သော်လည်း နောင်တွင် ပိုမို ပီပြင်အောင် လုပ်ဆောင်နိုင်ဖို့ အများကြီး မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ အလင်းသက်သေ၏ အောင်မြင်မှု့အပေါ်မူတည်၍ အခြား ရည်မှန်းချက်များကိုလည်း အကောင်ထည် ဖော်သွားမည် ဖြစ်ပါတယ်။ ကြိုးစားသွားပါမည်။

စာဖတ်သူအနေဖြင့် တခြားသော ကူညီအားပေးမှု့များ မပြုလုပ်နိုင်ပင်လျှင် အဓိက ကူညီနိုင်သော အချက်တချက်ရှိပါသည်။ ထိုအချက်မှာ ဆုတောင်းပေးခြင်းပင် ဖြစ်သည်။ ဆုတောင်းခြင်းသည် မရှိမဖြစ် အထူး လိုအပ်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော် ယခုနှစ် တနှစ်လုံး အတူတကွ ရှိနေတော်မူခြင်း၊  ကျွန်ုတို့၏ စိတ်ဝိညာဉ်ကို ဘုရားသခင် လှုပ်ရှားစေခြင်း၊ သမ္မာတရားကို မြင်စေရန် မျက်စေ့ဖွင့်ပေးခြင်း တို့မှာလည်း ဆုတောင်းပေးခြင်းကြောင့် ဖြစ်ပါသည်။ ထိုကြောင့် အလင်းသက်သေကို ပိုမိုပြီး ဘုရားသခင်၏ အလင်းတော်ကို သက်သေခံနိုင်သော ကျေးဇူးတော်ခံစားရနိုင်ဖို့ သင်တို့ ဆုတောင်းပေးကြပါရန် ခရစ်တော်၏ နာမတော်အားဖြင့် တောင်းခံအပ်ပါသည်။


အလင်းသက်သေ (မြန်မာကက်သလစ် ဘလော့)

Saturday, 14 December 2013

တတိယအာဝင်ဒူးလ်တနင်္ဂနွေနေ့

သံမာတေဦး ၁၁း၂-၁၁

ဖတ်ရှု့ရသည့်ဧ၀ံဂေလိတရားတော်အား ပြန်လည်သုံးသပ်ကြည့်လျှင် ယောဟန်ဗတ္တိဇံသည် ထောင်ထဲရောက်နေပြီး မိမိနှင့်ဆွေးမျိုးတော်စပ်ခွင့်ရသူ ယေဇူးသခင်ပြုတော်မူသော တန်ခိုးလက္ခာများကို ကြားရသည့်အခါ ယေဇူးသခင်သည် ဘုရားသခင်စေလွှတ်တော်မူသော ခရစ်တော်သခင်အမှန်ဟုတ်သည် မဟုတ်သည်ကို သံသယစိတ်ဝင်မိနေဟန် တူပါတယ်။ ထိုကြောင့် သူ၏တပည့်များဖြင့် စုံစမ်းမေးမြန်းစေခဲ့ပါတယ်။ ထိုကြောင့် ယေဇူးသခင်သည်လည်း သူသည် ခရစ်တော်ပင်ဖြစ်၍ သူ့၌စိတ်ပျက်ခြင်းမရှိသောသူသည် မင်္ဂလာရှိ၏ ဟုမိန့်ဆိုခဲ့ပါတယ်။ ထို့အပြင် ယေဇူးသခင်က တရားနာပရိတ်သပ်တို့အရှေ့မှာ ယောဟန်ဗတ္တိဇံ၏ကြီးမြတ်မှု့ကို ချီးကျူးပြီး ယောဟန်ဗတ္တိဇံဟာ ပရောဖက် Isaiah ဟောပြောခဲ့သည့် မက်စီးယားရှင်မလာမှီ လမ်းကိုပြင်ဆင်သူဖြစ်ကြောင့် ခိုင်မာစွာ အသိမှတ်ပြုခဲ့ပါတယ်။ သို့သော်လည်း ယေဇူးသခင်က ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူပင် ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံးသောပရောဖက်ဆိုသူ ယောဟန်ဗတ္တိဇံထက် ကြီးမြတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မိတ်ဆွေ၊ ကျွန်ုပ်တို့တတွေ ယခုဆိုလျှင် အာဝင်ဒူးလ်ဟူသော စောင့်မျှော်ခြင်းကာလ၏ တတိယမြောက် ရက်သတ္တပတ်ကိုရောက်ရှိလာနေပါပြီ။ ခရစ်တော်သခင်၏ ဒုတိယမြောက်ကြွလာခြင်းကို အဓိကထား၍ ယခုလိုအသင်းတော်မှနှစ်စဉ် ကြွလာတော်မူမည့်အချိန်ကာလကို ၎င်း၏၀တ်ပြုကိုးကွယ်ရာပြကထိန်မှာ ထည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို တရားထောက်ရှု့ကြဖို့၊ အလင်းတရားရကြဖို့ သတိပေးနေပါတယ်။ ထိုကြောင့် ယခုရက်သတ္တပတ်မှာ ကျွန်ုပ်တို့တတွေအနေဖြင့်ဲ မိမိယုံကြည်ခြင်းမှာ သံသယ၀င်နေသည့် ယုံကြည်ခြင်းကပ်ဆိုက်ချိန်မှာ တရားကိုလက်စွဲပြီး ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာ ထောက်ရှု့သင့်ပါတယ်။ ထို့အပြင် မိမိတို့ခရစ်ယာန်ဘ၀အသက်တာမှာ ထုံးထိုင်းစွာမရှင်သန်ဘဲ ကယ်တင်ခြင်းလုပ်ငန်းမှာ ဘယ်လိုပါဝင်နိုင်မလဲ၊ သတင်းကောင်းကို ဘယ်လိုသက်သေခံနိုင်မလဲဆိုတာ စဉ်းစားသင့်ပါတယ်။ နောက် ထိုသတင်းကောင်းနှင့်အတူ ခရစ်တော်နောက်လိုက်လာသည့် ခရစ်တော်နောက်လိုက်များအပေါ် ဘယ်လိုစိတ်နှလုံးသား ဖွင့်ဟကြိုဆိုနိုင်မလဲ၊ အခြားသူတွေကို ကြိုဆိုလက်ခံဖို့အတွက်ကော မိမိနှလုံးသားများကို ဘယ်လိုဖွင့်ဟထားနိုင်မလဲ ဆိုတာ သေချာစဉ်းစားသင့်ပါတယ်။

မိမိတို့ယုံကြည်ခြင်းကပ်ဆိုက်မှု့အား ကျော်လွှားနိုင်ဖို့အတွက် စဉ်းစားထောက်ရှု့စရာ အချက်လေးကို ဝေငှလိုပါတယ်။ ထိုအရာကတော့ ယေဇူးခရစ်တော်ပြုတော်မူသော အမှု့အရာတွေဟာ ကျွန်ုပ်တို့မျှော်လင့် ထင်မှတ်ထားတာနဲ့ ဆန့်ကျင်နေတတ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ကိုယ်တော်ပြုတော်မူသော အမှု့အရာတွေဟာ ကျွန်ုပ်တို့မျှော်လင့် ထင်မှတ်ထားတာထက် ပိုပြီးကြီးမြတ်နေတာပါပဲ။ ယောဟန်ဗတ္တိဇံ မျှော်လင့်ထင်မှတ်ထားတာထက်ပင် ကြီးမြတ်ပါသေးတယ်။ တကယ်တော့ ယေဇူးခရစ်တော်ပြုသည့် အရာတွေက လောကီအရာဝတ္တုတွေကို မျက်လှည့်ဆန်ဆန်ပြောင်းလဲနေတာမဟုတ်ပါဘူး။ ဒီလောကီ အရာဝတ္ထုတွေကို အသွင်သာန်ပြောင်းနေခြင်းဖြစ်ပါတယ်။ (ဥပမာ- မိမိရန်သူ တစ်ဦး မောင်မိုက်ကို မိမိခင်မင်ပြီးသား မောင်ဖြူအဖြစ် ပြောင်းလိုက်တာမဟုတ်ဘဲ ထိုရန်သူ မောင်မိုက်ကိုပင် မိမိခင်မင်လာသည့် မောင်မိုက်အဖြစ်သာ ပြောင်းလဲခြင်းဖြစ်ပါတယ်။) ကျွန်ုပ်တို့တတွေအား ယခင်မိုးဇယ်ပညတ်လို ဘောင်နဲ့မနေစေဘဲ ကိုယ်ပိုင်လွတ်လပ်သည့်စိတ်ဖြင့် သူ၏ပညတ်အသစ်ဖြင့် နေစေခြင်း ဖြစ်ပါတယ်။

ထို့အတူ မိမိတို့ခရစ်ယာန်ဘ၀အသက်တာမှာ ထုံးထိုင်းစွာမရှင်သန်ဘဲ ကယ်တင်ခြင်းလုပ်ငန်းမှာ ဘယ်လိုပါဝင်နိုင်မလဲ၊ သတင်းကောင်းကို ဘယ်လိုသက်သေခံနိုင်မလဲဆိုတာ စဉ်းစားဖို့ အချက်အချို့ကို ဝေငှလိုပါသေးတယ်။ တချို့က ခရစ်တော်ကိုယုံကြည်ပြီး ဆေးကြောခြင်းခံလိုက်လျှင် ကယ်တင်ခြင်းရပြီလို့ ထင်မှတ်ပြီး ခရစ်ယာန်ဘ၀အသက်တာနဲ့လွဲမှားစွာ နေထိုက်သက်သေခံနေကြပါတယ်။ တကယ်လို့ ကျွန်ုပ်တို့ယုံကြည်ခြင်းဟာ စစ်မှန်သန့်ရှင်းမယ်ဆိုလျှင် ဘယ်သူမှ တိုက်တွန်းစရာမလိုဘဲ ခရစ်တော်၏ လမ်းစဉ်အတိုင်း ခရစ်ယာန်ပီသစွာနေထိုင်နေကြမှာပါ။ ထိုကြောင့် ကျွန်ုပ်တို့အတွက် စဉ်းစားစရာပါပဲ။ ခရစ်ယာန်ဘ၀အသက်တာဆိုတာ ခရစ်တော်ကိုစစ်မှန်စွာ ယုံကြည်လက်ခံပြီးမှ ခရစ်တော်ပြောင်းလဲပေးသည့် အဆင်းသာန်၊ အသွင်သာန်ဖြင့် ဘ၀သစ်မှာနေထိုက် အသက်ရှင်ခြင်းပါ။ ကျွန်ုပ်တို့တတွေ အသွင်သာန်ပြောင်းလဲသည့်အထိ ယုံကြည်လက်ခံနေပြီလား။

ထိုနောက် ခရစ်တော်နောက်လိုက်များအပေါ် ဘယ်လိုစိတ်နှလုံးသား ဖွင့်ဟကြိုဆိုနိုင်မလဲ၊ အခြားသူတွေကို ကြိုဆိုလက်ခံဖို့အတွက်ကော မိမိနှလုံးသားများကို ဘယ်လိုဖွင့်ဟထားနိုင်မလဲ ဆိုတာ သေချာစဉ်းစားဖို့လည်း အချက်လက်အချို့ကိုလည်း ဝေငှလိုပါတယ်။ ကျွန်ုပ်တို့သဘာဝလို့ဆိုမလား - တခါတလေ ကိုယ့်အသိုင်းဝိုင်းမှာ ကျေနပ်ပျော်နေပြီဆိုလျှင် လူစိမ်းအ၀င်မခံချင်ကြဘူး။ ၀င်လာလျှင်လည်း ကြိုဆိုစိတ်မရှိတတ်ကြဘူး။ ဒါဟာ ခရစ်ယာန်စိတ်ဓါတ်နဲ့ လုံးဝဆန့်ကျင်နေတာ သတိထားစေချင်ပါတယ်။ လူသားအားလုံးကယ်တင်ခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ထံက အုတ်တချပ်သဲတပွင့် ပါဝင်စေချင်တာ ဘုရားသခင်၏ဆန္ဒပါပဲ။ ဒါမှ ဘုရား၏အဆင်းသာန်၊ ပုံသာန်နှင့် တူသည့် ဘုရား၏သားသမီးများ ကမ္ဘာဖြစ်လာမှာဖြစ်ပါတယ်။ တကယ်တော့ အဓိကသော့ခ်ချက်ပါပဲ။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ် ယခုတတိယမြောက်အာဝင်ဒူးလ်ကာလအတွက် ဤအချက်သုံးချက်ကို စဉ်းစားထောက်ရှု့ရင်း စစ်မှန်သည့်ခရစ်ယာန်ပီပီ ခရစ်တော်အားသက်သေခံနေထိုင်သွားကြပါစို့။ ကောင်းကင်နိုင်ငံတော်သည် ရောက်ပါစေသေိာ။ အာမင်။


ကိုရင် (ဒိုမီနီကန်)

ဂျေရုဇလင်မြို့ဟောင်းသို့ လမ်းလျှောက်ထွက်ခြင်း

ဒီ ဗီဒီယို clip လေးဟာ ဂျေရုဇလင်မြို့၏ အထင်ကရနေရာများကို ရှင်းလင်းတင်ပြထားတဲ့ ဗီဒီယို Clip လေးဖြစ်ပါတယ်။

ဂျေရုဇလင်မြို့ မှာနေပြီး Theology ဘာသာရပ်များကို လေ့လာဆည်းပူးနေတဲ့ ဆလေးရှင်း ကိုရင်တစ်ပါးဖြစ်တဲ့ ကိုရင် John Lian ခရီးသွား ဗီဒီယိုလေးကို ဝေမျှလိုက်ပါတယ်။ ကိုရင်အားလည်း ဒီပို့စ်မှ ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ ကိုရင်၏ ဘလောက် (ခွန်အားယူရာ ဘုရားထံတော်ပါးမှာ) ကိုလည်း သွားရောက်ဖတ်ရှုနိုင်ကြောင်း ကြော်ငြာပေးလိုက်ပါတယ်။

Thursday, 12 December 2013

ကမ္ဘာ့သြဇာရှင်လူသားအဖြစ် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်ရွေးချယ်ခံရ


လူတွေရဲ့ပုပ်ရဟန်းမင်းကြီး ဟုချီးကျူးကာ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်အား ၂၀၁၃ ကမ္ဘာ့သြဇာရှင်လူသားအဖြစ တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်လိုက်ပါတယ်။

ယခုလို ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်အား ကမ္ဘာ့သြဇာရှင်လူသားအဖြစ် ရွေးချယ်ရခြင်း အကြောင်းအရင်းမှာ - ပုပ်ရဟန်းမင်းကြီးအဆောင်အယောင်အား နန်းဆောင်မှ လမ်းဘေးသို့ ဆွဲချခြင်း (သူ၏မာန်မာနကင်းစင်မှု့နှင့် အသင်းတော်အပေါ်ပြောင်းလဲနိုင်စွမ်းရှိခြင်း)၊ ကမ္ဘာ့အကြီးဆုံး အသင်းတော်အား ၎င်း၏နက်ရှိုင်းသည့်လိုအပ်မှု့တွေနှင့် ရင်ဆိုင်ဖြေရှင်းရာမှာ စိတ်နှလုံးမြုပ်နှံဆက်ကပ်ခြင်းနှင့် ဆုံးဖြတ်ချက်များအား ဂရုဏာမေတ္တာတရားဖြင့် မျှမျှတတဖြစ်စေခြင်း တို့ကြောင့် တိုင်းမ်မဂ္ဂဇင်း၏ ၂၀၁၃ခုနှစ်အတွက် ကမ္ဘာ့သြဇာရှင်လူသားအဖြစ် အရှင်သူမြတ်ကြီးအား ရွေးချယ်ကြောင်း တိုင်းမဂ္ဂဇင်းစာမှ ၎င်း၏ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားပါတယ်။

ရိုမင်ကက်သလစ်အသင်းတော်မှ ပုပ်ရဟန်းမင်းကြီးများကို တိုင်းမ်မဂ္ဂဇင်းစာမှ ရွေးချယ်ရာ တတိယမြောက် ရွေးချယ်ခံရမှု့လည်းဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဂျွန် (၂၃)အားလည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂)အားလည်းကောင်း ရွေးချယ်ခဲ့ဖူးပါတယ်။

၎င်းတိုင်းမ်မဂ္ဂဇင်း၏မျက်နှာဖုံးမှာလည်း ၎င်းကဆိုထားပါတယ် -နေရာတော်တော်များများမှာ ခေါင်းဆောင်မှု့ အရည်အချင်းတို့၏ အကန့်အသပ်မှု့တွေအား စမ်းသပ်ခံနေရသည့်အချိန်ကာလတွင် ပုဂ္ဂိုလ်တစ်ဦးဟာ စစ်တပ်မပါ၊ လက်နက်မပါ၊ ရောမမြို့လယ်က လက်သီးတစုတ်နေရာလေးရဲ့နောက်ကွယ်မှာ မည်သည့်နိုင်ငံမှ မရှိပါ။ သို့ပေမယ့်လည်း စိန်ခေါ်မှု့ကိုချဲဖို့တော့ သူ့နောက်ကွယ်မှာ တကယ့်ကိုကြွယ်ဝ ကြီးမားလေးလံသည့် သမိုင်းတော့ရှိပါတယ်။ ကမ္ဘာကြီးကလည်း ပို၍ပို၍သေးလာပြီ၊ တစ်ဦးစီတိုင်းရဲ့အသံတွေလည်း ပို၍ကျယ်လာပြီ။ နည်းပညာကလည်း ပါရမီဖြည့်ဘက်လိုပဲ။ ဒီတော့ သူ့ရဲ့တရားဟောစင်ကိုလည်း ကမ္ဘာအဆုံးများပင် မြင်တွေ့ကြပြီ။ သူဟာ ရုပ်ဆင်းအင်္ဂါပျက်နေသည့် လူတစ်ဦး၏မျက်နှာကို နမ်းလိုက်သည့်အခါ၊ မူစလင်အမျိုးသမီးတစ်ဦးရဲ့ခြေထောက်တွေကို ဆေးကြောပေးသည့်အခါ၊ ပုံရိပ်တွေဟာ ကက်သလစ်အသင်းတော်ရဲ့စည်းများကိုပင်ကျော်ကာ ဂယက်ရိုက်လှုပ်ခပ်စေပါတယ်။ လက်ခံစေပါတယ်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်ဟာ အခြားနောက်ဆုံးရွေးချယ်ခံ ၁၀ဦးဖြစ်သည့် သမ္မတအိုဗားမား၊ NSA leaker အက်ဒြွက်စနိုဒမ်၊ ဆီးရီးယားသမ္မတ အဆဒ်၊ အီရန်သမ္မတ ဟစ္စမ်ရော်ဟာနီ၊ Secreatary of Health and Human Services မှ ကပ်လိန်း၊ Amazon တည်ထောင်သူ ဂျက်ဘေဇော့၊ စမ်တခ်ခရု့စ်၊ အဲဒစ်ဝင်ဆာနှင့် အဆိုတော် မီလေးစိုင်ရပ်စ်တို့အား ကျော်လွန်ပြီး ရွေးချယ်ခံခဲ့ရပါတယ်။

ထိုရွေးချယ်ခံရမှု့ပတ်သက်၍ ဗာတီကန်၏တုန့်ပြန်မှု့အဖြစ် ပြောရေးဆိုခွင့်ရှိသူ ဖာသာရ်လုံဗာဒီကတော့ - ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ဟာ နာမည်ကြော်ကြားဖို့နှင့် ဂုဏ်ထူးရယူဖို့အတွက် လုပ်တာတော့ မဟုတ်ပါဘူး။ သို့သော်လည်း ယခုလို ကမ္ဘာ့သြဇာရှင်လူသားအဖြစ်ရွေးချယ်ခံရခြင်းဟာ ဘုရားသခင်၏ ဧ၀ံဂေလိတရားတော်ပြန့်ဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။ လူတိုင်းအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသတင်းကောင်းပြန့်ဖို့ အထောက်အကူဖြစ်စေမှာပါ။ ဒါကြောင့် သူပျော်မှာပါဟု ဆိုပါတယ်။


မနောအောင်

Monday, 9 December 2013

စပျစ်နွယ်စာစောင် အမှတ်စဉ် (၇၅) (စက်တင်ဘာ အောက်တိုဘာ)

အပြစ်မဲ့သန္ဓေ ယူတော်မူသော သခင်မပွဲနေ့ကြီး

ဒီဇင်ဘာလ (၈) ရက်နေ့ကို အပြစ်မဲ့သန္ဓေယူတော်မူသောပွဲနေ့ကြီးအဖြစ် အသင်းတော်၏ ၀တ်ပြုကိုးကွယ်ခြင်းပြကထိန်မှာ ထည့်သွားထားသောလည်း ယခုနှစ်တွင် ခရစ်တော်ကြွလာတော်မူခြင်းကို စောင့်မျှော်သည့် အာဝင်ဒူးလ်၏ ဒုတိယတနင်္ဂနွေဖြစ်နေသောကြောင့် အချို့နေရာများများတွင် အထူးသဖြင့် အင်္ဂလိပ်စကားပြောနိုင်ငံအများပိုင်းတွင် ထိုမယ်တော်၏ပွဲနေ့ကြီးကို နောက်တစ်ရက်ရွေ့ကာ ဒီဇင်ဘာလ (၉)ရက်နေ့မှ ကျင်းပဖြစ်ပါတယ်။ ထိုကြောင့် ဒီနေ့ဟာ မယ်တော်သခင်မအပြစ်မဲ့သန္ဓေယူတော်မူသော ပွဲနေ့ကြီးဟု ဆိုရပါမယ်။

မယ်တော်သခင်မနှင့်ဆက်စပ်၍ အသင်းတော်အတွင်းမှာ အဓိကယုံကြည်ရာချက်ကြီး (၄)ခုရှိပါတယ်။ ၎င်းတို့မှာ မယ်တော်သခင်မသည် ဘုရား၏မယ်တော် (Theotokos) ၊ မယ်တော်သခင်မသည် ထာဝရ ကညာစင်ဖြစ်ခြင်း၊ မယ်တော်သခင်မသည် အပြစ်မဲ့သနေယူတော်မူခြင်း၊ နှင့် မယ်တော်သခင်မသည် ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းတို့ပင်ဖြစ်ပါတယ်။ အခြားသော မယ်တော်နှင့်ဆိုင်ရာ ယုံကြည်ချက်များနှင့် ပွဲတော်များရှိပါသေးတယ်။ သို့သော်လည်း ယုံကြည်ရာအချက်အနေဖြင့် ဤလေးခု သာအသင်းတော်မှ တရားဝင်အသိမှတ်ပြုထားပါတယ်။ မှတ်ချက်အနေဖြင့် အသင်းတော်မှ တရားဝင် အသိပြုခြင်း မပြုခြင်းဟာ ဘာသာဝင်သားသမီးများအတွက် မယ်တော့်အပေါ်အားကိုးချည်းကပ်ခြင်းကို ကန့်သပ်ခြင်းမဟုတ်ပါ။ သို့သော်လည်း အမှန်ကန်ဆုံးသော သင်ကြားချက်ဖြစ်စေဖို့နှင့် အတုအယောင်များမှ ကင်းနိုင်သမျှကင်းဖို့အတွက်သာ ဖြစ်ပါတယ်။

ယနေ့ မယ်တော်သခင်မနှင့်ဆက်စပ်၍ အဓိကယုံကြည်ရာချက်ကြီးထဲမှ တစ်ချက်ဖြစ်သည့် မယ်တော်သခင်၏ အပြစ်မဲ့သနေယူခြင်းပွဲနေ့ကြီးကို ကျင်းပပါပြီ။ မယ်တော်သခင် အပြစ်မဲ့သနေယူခြင်းဆိုတာ မယ်တော်ဟာ အပြစ်ရင်းမပါဘဲ မွေးဖွားခြင်းခံခဲ့ရသည်ကို ဆိုလိုပါတယ်။ ဘုရား၏မယ်တော်ဖြစ်လာမည့်သူ မာရိယာအတွက် ထာဝရဘုရားသခင်ဟာ သူမအား အပြစ်ရင်းမှ ကင်းလွတ်စေဖို့ ပြင်ဆင်တော်မူသည်ဟု ဆိုပါတယ်။ အပြစ်အနာအဆာအားလုံးမှ ကင်းဝေးပြီး အပြစ်နှင့်မအပ်စပ်သူ ခရစ်တော်၏ မိခင်ဖြစ်လာဖို့ ဖြစ်ပါတယ်။ စိန်သောမတ်စ်၏အဆိုအရတော့ လူတစ်ယောက်ဖြစ်လာဖို့ အမိဝမ်းထဲမှာ ပထမအဆင့် Vegetative အဖြစ်၊ ဒုတိယအဆင့် Sentient အဖြစ်နှင့် တတိယအဆင့် Rational အဆင့် ဆိုပြီးဖြစ်ပေါ်လာသည်ဟု ဆိုပါတယ်။ ထိုကြောင့် မယ်တော်သည်လည်း သူမ၏အမိဝမ်းထဲမှာ ထိုဖြစ်စဉ်တွေကို ကြုံတွေ့စဉ် ဘုရားသခင်၏ သန့်ရှင်းစင်ကြယ်ခြင်းကို ခံရကာ မွေးဖွားလာချိန်မှာ အပြစ်အားလုံးမှကင်းစင်လျက် မွေးဖွားလာသည်ဟု ဆိုပါတယ်။ ဘာကြောင့် စိန်သောမတ်စ်အနေဖြင့် ဤသို့စဉ်းစားမိသလဲဆိုရင် သခင်ခရစ်တော်ဟာ လူသားအားလုံးကို ကယ်တင်ဖို့ကြွလာတာကြောင့် မယ်တော်သည်လည်း လူသားထဲက လူသားတစ်ဦးဖြစ်ဖို့ လိုအပ်သည်ဟု ဆိုပါတယ်။ ထိုကြောင့် အမိဝမ်းထဲက ဖြစ်စဉ်တွေထဲမှာ သူမဟာ လူသားတစ်ဦးဖြစ်ခဲ့လို အမိဝမ်းထဲမှာပဲ သူမဟာ သန့်ရှင်းစင်ကြယ်ခံရကာ ကယ်တင်ခြင်းရရှိပါတယ်။
ဖရန်စစ်စကန်အသင်းဂိုဏ်းဝင် ဖရိုင်ရာ ၀ီလျီယံကတော့ မယ်တော်သခင်မကို အပြစ်အနာဆာ ကင်းကင်းဖြင့်မွေးဖွားဖို့ ဘုရားသခင်တတ်နိုင်သည်ဖြစ်၍ ဘုရားသခင်ပြုလုပ်သော အစီအမံဖြစ်သည် ဟုဆိုပါတယ်။ ၀ီလျီယံက Potuit ဘုရားသခင်လုပ်နိုင်ပါတယ်၊ decuit သင့်လျော်တဲ့လုပ်ရပ်ပါ၊ fecit ဘုရားသခင်ပြုလုပ်ခဲ့ပါပြီ ဟု ဆိုပါတယ်။

မယ်တော်သခင်မဟာ ဘုရားသခင်၏သီးသန့်အထူးသာသနာပြုဖို့ ဘုရား၏လူ့အဖြစ်ယူခြင်းမှာ ထိုဘုရားကို ပိသန္ဓေယူဖို့ အတွက် - ဆိုရမည်ဆိုလျှင် ခရစ်တော်ကို အမှီပြု၍သာ သူမဟာမွေးဖွားခြင်းခံခဲရတာပါ။ ထို့အတွက်ပင် သူမ၏မွေးဖွားခြင်းဟာ ထူးခြားပြီး အပြစ်အားလုံးမှကင်းစင်ခဲ့ရပါတယ်။ ဒါတွေဟာ ကမ္ဘာဦးကျမ်းမှာဖော်ပြထားသလိုပဲ - ကမ္ဘာဦးအစကတည်းက ဘုရားသခင်စီမံထားခဲ့သည့် အရာများပင် ဖြစ်ပါတယ်။ မယ်တော်သခင်မဟာ သိကြားတမန်တော်ဂါဗြီအဲလ်နှုတ်ဆက်သလိုပဲ - ဂုဏ်းကျေးဇူးအပေါင်းနှင့် ပြည့်စုံတော်မူသော မိန်းမ ဖြစ်ပြီး မိန်းမတကာတို့ထက် မွန်မြတ်ပါတယ်။

အပြစ်မဲ့သန္ဓေယူတော်မူသော သခင်မ ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

ကိုရင် (ဒိုမီနီကန်)



Saturday, 7 December 2013

ဒုတိယအာဝင်ဒူးလ်တနင်္ဂနွေနေ့

ကိုယ်တော်ကြွလာတော်မူမည့်လမ်းကို ပြင်ဆင်ကြလော့။
ယေဇူးခရစ်တော်၏ကြွလာတော်မူခြင်းကို စောင့်မျှော်သည့်အချိန်ကာလအဖြစ် အသင်းတော်အတွင်း၌ ဒုတိယအာဝင်ဒူးလ်တနင်္ဂနွေနေ့ကို ယေဇူးခရစ်တော်၏နိမိတ်ရှေ့ပြေးဖြစ်တဲ့ သံယောဟန်ဗတ္တိဇံ၏ ဟောပြောချက်ကို ဧ၀ံဂေလိတရားတော်အဖြစ် အသင်းတော်၏၀တ်ပြုကိုးကွယ်ခြင်းမှာ ထည့်သွင်းထားပါတယ်။ သံယောဟန်ဗတ္တိဇံဟာ ရှေးပရောဖက်ဖြစ်တဲ့ Issiah ကြိုတင်ဟောခဲ့သည့်အတိုင်း တောကန္တာရတွင် - နောင်တရကြလော့၊ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ရောက်လုနီးပြီဟူ၍ ဟောပြောသည့်အပြင် သခင်ကြွလာမည့်လမ်းကို ပြင်ဆင်ကြရန်နှင့် နောင်တရသူ များစွာကိုလည်း ဆေးကြောခြင်း မင်္ဂလာပေးနေပါတယ်။ ထိုနောက် ခရစ်တော်အား ရည်ညွှန်း၍ - ငါ့နောက်မှကြွလာမည့်သူသည် ငါ့ထက်တတ်စွမ်းနိုင်၏။ သူ၏ခြေနင်းတော်ကိုမျှပင် သယ်ဆောင်ခြင်းငှာ ငါမထိုက်။ သူသည် သင်တို့ကို ၀ိညာဉ်တော်မြတ်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း ဆေးကြောတော်မူလိမ့်မည် ဟူ၍ ဟောပြောသက်သေခံနေပါတောတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း သံယောဟန်ဗတ္တိဇံ၏ဟောပြောချက်ကို ကြားမိရဲ့လား။ ထိုတရားကိုကော ကျွန်ုပ်တို့ဘယ်လိုတုန့်ပြန်ကြမလဲ။

သခင်ကြွလာမည့်လမ်းကို ပြင်ဆင်ထားဖို့ဆိုသည်မှာ ကျွန်ုပ်တို့တတွေအနေဖြင့် လမ်းတည့်တည့်ကို မျက်နှာမူလျှောက်လှမ်းဖို့ဖြစ်ပါတယ်။ ဒီတော့ သခင်လာမည့်လမ်းတည့်တည့်ကို မျက်နှာမူလျှောက်လှမ်းဖို့ ပြင်ဆင်ကြရမှာဖြစ်ပါတယ်။ လက်တွေ့မှာသေချာကြုံတွေမိတတ်တာတွေက ကျွန်ုပ်တို့တတွေဟာ ကိုယ်ပိုင်လမ်းတွေဖြစ်တဲ့ ကိုယ့်အစီအစဉ်တွေ၊ ကိုယ့်လိုအပ်ချက်တွေ၊ ကိုယ့်လောဘတွေ၊ ကိုယ့်အကျိုးမြတ်တွေ၊ ကိုယ့်ကောင်းစားရေးတွေ စသဖြင့်သောလမ်းတွေဘက်မှာ မျက်နှာမူနေလျက်သား ဖြစ်နေတတ်ကြပါတယ်။ ထိုကြောင့် သခင့်လမ်းဘက်သို့ မျက်နှာမူလျှောက်လှမ်းဖို့ ပြင်ဆင်ဖို့ ဟောပြောနေရခြင်းဖြစ်ပါတယ်။ သခင့်လမ်းဘက်သို့ မျက်နှာမူလျှောက်လှမ်းခြင်းဟာ ဘုရားသခင်ဖြစ်စေချင်တာကို လုပ်ဆောင်ခြင်းသာဖြစ်ပါတယ်။

ဘုရားသခင်ဖြစ်စေချင်တာ ခရစ်တော်၏တရားတော်အရ အဓိကနှစ်ချက်တည်းသာ ရှိပါတယ်။ ဘုရားသခင်ကို ကိုယ်စွမ်းရှိသမျှ ချစ်ဖို့နှင့် မိမိနှင့်နီးစပ်သူများကို ချစ်ဖို့သာဖြစ်ပါတယ်။ သို့သော်လည်း နှစ်ချက်တည်းသာ ဆိုသော်လည်း ကျွန်ုပ်တို့တတွေအတွက် ယုံကြည်ခြင်းနှင့် ကျေးဇူးတော်မပါပဲ လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ ထိုအချက်နှစ်ချက်ဟာ ကျွန်ုပ်တို့ဘ၀ကို တရားတော်နှင့်ပြည့်ဝစေပြီး ဘုရားသခင်၏အသွင်သာန်ကို ပြောင်းလဲစေပါတယ်။ ထိုကြောင့်ပင် ခရစ်တော်လူ့ပြည်ကြွလာချိန်မှာလည်း လူတွေထင်မှတ်ထားသည့် ကယ်တင်ခြင်းမဟုတ်ဘဲ ထိုကဲ့သို့ ဘုရားသခင်၏အသွင်သာန်အဖြစ် ပြောင်းလဲပေးသည့် ကယ်တင်ခြင်းတရားပင်ဖြစ်ပါတယ်။ ထိုကြောင့် သူ၏တရားတော်တွေဟာ ကျွန်ုပ်တို့အတွက် ထိုကဲ့သို့ ဘုရားသခင်၏အသွင်သာန်ပြောင်းလဲပေးသည့် ဆေးများပင် ဖြစ်ပါတယ်။ သူ၏ လူ့အဖြစ်ယူခြင်းနှင့်အတူ၊ အသက်အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းတို့အားဖြင့် ကျွန်ုပ်တို့အား ကယ်တင်ခြင်းတရားကို ယခင် လုံးဝမရနိုင်သည့်အခြေအနေမှ ယခု ရယူနိုင်သည့်အခြေအနေသို့ ပြောင်းလဲပေးခဲ့ပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်ဆုံးဖြတ်ခွင့်ကို ဘုရားသခင်လေးစားသောကြောင့် ယခင် ပိတ်ထားသည့်ကောင်းကင်နိုင်ငံတံခါ - ယခုစေ့ရုံသာစေ့ထားသည့် ကောင်းကင်နိုင်ငံတံခါးကို သင်နှင့်ကျွန်ုပ် ဆန္ဒရှိလျှင် တွန်းဖွင့်ဝင်လို့ရနေပါပြီ။

ကျွန်ုပ်တို့၏ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ဆုံးဖြတ်ခွင့်တွေကြောင့် ကယ်တင်ခြင်းတရားဟာ ကျွန်ုပ်တို့အပေါ် ကျရောက်နေသလို ထင်ရသော်လည်း ဘုရားသခင်က ကျွန်ုပ်တို့ကို ပစ်မထားပါဘူး။ ဓမ္မဟောင်းသမိုင်း တလျှောက်မှာလည်း ရဟန်းအကြီးအကဲတွေ၊ ပရော်ဖက်တွေ အားဖြင့် လမ်းပြပေးခဲ့သလို နောက်ဆုံး တစ်ပါးတည်းသောသားတော် ခရစ်တော်ကိုစေလွှတ်ပြီးတောင် လမ်းပြပေးခဲ့ပါတယ်။ ခရစ်တော် ကောင်းကင်ဘုံသို့ကြွသွားသည့်တိုင်အောင် အသင်းတော်အားဖြင့်၊ စက္ကရမင်တူးများစွာနှင့် ကျွန်ုပ်တို့အား ဆက်လက်ပြီးလမ်းပြနေတာဖြစ်ပါတယ်။ ထို့အပြင် အကြီးမားဆုံးလမ်းပြအဖြစ် သန့်ရှင်းသောဝိညာဉ်တော် ဘုရားကို စေလွှတ်ပေးထားပြီး ကျေးဇူးတော်များသည် ကျွန်ုပ်တို့အား အလင်းမှန်မြင်စေတာပါပဲ။

ကျွန်ုပ်တို့တတွေ အလင်းမှန်မြင်လာသည့်နှင့်အမျှ ကိုယ့်အမှားတွေ၊ ကိုယ့်အပြစ်တွေကို သိမြင်လာပါလိမ့်မယ်။ ကိုယ့်အမှားတွေ၊ ကိုယ့်အပြစ်တွေသိမြင်လာသည့်နှင့်အမျှ နောင်တရစိတ်အလိုလို ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ နောင်တရစိတ်ဖြစ်ပေါ်လာသည့်နှင့်အမျှ အပြစ်ခွင့်လွှတ်ချမ်းသာရဖို့ နည်းလမ်းရှာလာကြမှာ ဖြစ်ပါတယ်။ ဒါတွေဟာ အကြောင်းအကျိုးဆက်တွေသာဖြစ်ပါတယ်။ သို့ဖြစ်၍ ကျွန်ုပ်တို့တတွေလည်း ယောဟန်ဗတ္တိဇံဆီမှာ ကိုယ့်အပြစ်များကိုထုတ်ဖော်ဝန်ခံပြီး ဆေးကြောခြင်းခံယူသည့် လူများလို ပြောင်းလဲလာကုန်မှာ ဖြစ်ပါတယ်။ ယနေ့အသင်းတော်အတွင်း ဆေးကြောခြင်းခံယူပြီးသူများအတွက်လည်း အာပတ်ဖြေခြင်းစက္ကရမင်တူးအားဖြင့် သန့်ရှင်းခြင်းကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

ထိုမှသာ ကျွန်ုပ်တို့တွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ဆုံးဖြတ်ခွင့်အားဖြင့် တရားတော်နှင့်ပြည့်ဝပြီး ဘုရားသခင်၏အသွင်သာန်သို့ ပြောင်းလဲရန် ခရစ်တော်၏လမ်းဘက်သို့ မျက်နှာမူ လျှောက်လှမ်း ကြတော့မှာဖြစ်ပါတယ်။ ဤသည်ပင် ယနေ့ယောဟန်ဗတ္တိဇံမိန့်ဆိုသည့် သခင့်အတွက် လမ်းကို ပြင်ဆင်ခြင်းပင် ဖြစ်ပါတယ်။

ကျွန်ုပ်တို့တတွေ သခင့်လမ်းဘက်သို့ တည့်တည့်ဦးတည်ကာ လျှောက်လှမ်းရင် ထိုလမ်းအတွက် အကောင်းဆုံးပြင်ဆင်နိုင်ရန် ကြိုးစားရင်း သန့်ရှင်းသောဝိညာဉ်တော်အလင်းကျေးဇူးများ ဆက်လက်တောင်းခံသွားကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Thursday, 5 December 2013

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အား အီစ္စရေးသို့ဖိတ်ခေါ်



၂၀၁၃၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် တမန်တော်ဆိုင်ရာနန်းတော် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်နှင့် သီးသန့်ဧည့်တွေ့ဆုံခိုက်တွင် အီစ္စရေးဝန်ကြီးချုပ် ဘမ်ဂျာမင်နေတန်ရာဟူက ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်အား အီစ္စရေးသို့လာရောက်လည်ပတ်ဖို့ရန် ဖိတ်ခေါ်ခဲ့သည်ဟု သိရှိရပါတယ်။ လည်ပတ်မည့် ရက်ကိုတော့ သတ်မှတ်ခဲ့ခြင်းမရှိခဲ့ပါ။

ပုပ်ရဟန်းမင်းကြီးနှင့် နေတန်ရာဟူတို့၏ သီးသန့်တွေ့ဆုံမှု့ဟာ မိနစ်သုံးဆယ်ခန့်ကြာခဲ့ပြီး အဓိကအားဖြင့် အရှေ့အလယ်ပိုင်း၏နိုင်ငံရေးနှင့် လူမှု့ရေးရှုပ်ထွေးမှု့များကိုပြောဖြစ်ခဲ့ကြပြီး အထူးသဖြင့် အီစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ကြားဝင်ဖြန်ဖြေဆွေးနွေးရေးများကို ပြန်လည်စတင်နိုင်ပြီး နှစ်နိုင်ငံအကြားတွင် တစ်ဦးအခွင့်အရေးတစ်ဦး အပြန်အလှန်လေးစားလျက် ရေရှည်ခိုင်မြဲမည့်ဖြေရှင်းချက် တစ်ခုကို အမြန်ဆုံးရရှိနိုင်ဖို့မျှော်လင့်သည်ဟု ဆိုပါတယ်။

ထို့အပြင် ပါလက်စတိုင်းအား အင်္ဂလိပ်တို့တာဝန်ယူစီမံခန့်ခွဲချိန် ၁၉၂၀မှ အီစ္စရေးနိုင်ငံ စတင်တည်ထောင်ချိန် ၁၉၄၈အတွင်း အသင်းတော်နှင့်ဆိုင်ရာတို့အား သီးသန့်အခွင့်ထူးပေးထားပြီး အထူးသဖြင့် အခွန်ကိစ္စတွေမှာ တရားဝင်အခွင့်အရေးခံစားခွင့် ပေးထားခဲ့ပါတယ်။ ထိုပေါ်လစီနှင့်စပ်လျဉ်း၍ ၂၀၀၃ခုနှစ်တွင် ဗာတီကန်နှင့် အီစ္စရေး လက်မှတ်ရေးထိုးခဲ့ပြီး အီစ္စရေးနိုင်ငံတွင် တရားဝင်အတည်ပြုဖို့အတွက်တော့ အတည်ပြုဖို့ လိုအပ်နေပါသေးတယ်။ ထို့အပြင် ဗာတီကန်နှင့် အီစ္စရေးအကြား သံတမန်ရေးရာကိုလည်း တည်ထောင်ခဲ့ပါတယ်။

အီစ္စရေးဝန်ကြီးချုပ် နေတန်ရာဟူက သတင်းစာရှင်းလင်းပွဲတွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်အား လာမည့်နွေဦးကာလတွင် အီစ္စရေးသို့လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ခြင်းကို ထပ်မံအတည်ပြုပြီး သူ၏ဇနီး ဆာရာကလည်း စောင့်မျှော်ကြိုဆိုနေပါ့မယ်ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။
အီစ္စရေးသို့ နောက်ဆုံးလည်ပတ်ခဲ့သည်မှာ ၂၀၀၉ခုနှစ်က ပုပ်ရဟန်းမင်းကြီးဘက်နက်ဒစ် (၁၆) ဖြစ်ပြီး၊ အရင် ၂၀၀၀တွင်လည်း ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) လည်ရောက်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည်လည်း ၂၀၁၄ခုနှစ် မေလအတွင်း လည်ပတ်ဖြစ်မည်ဟု အီစ္စရေးမီဒီယာများက ခန့်မှန်းကြပါတယ်။

မနောအောင်

Tuesday, 3 December 2013

ဘုန်းတော်ကြီး ဂျိုးဇက်ငေါ်ရီးရမန် ပျံလွန်တော်မူခြင်း


ယခင် နန်းယွန်းမြို့နယ်၊ လွမ်ရန်ကျေးရွာတွင် နေထိုင်ခဲ့ပြီး ယခု မြစ်ကြီးနားမြို့၊ အမှတ် (၅၅) ဧဒင်ရပ်ကွက်နေ ခမည်းတော်ဦးယောဟန်ငေါ်ရီးယုံခါး + (မယ်တော် လူစီးယားရန်ယဲ) တို့၏သား ဘုန်းတော်ကြီး ဂျိုးဇက်ငေါ်ရီးရမန်သည် ၂၀၁၃၊ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၉း၃၀ နာရီတွင် သခင်ခရစ်တော်၌ပျံလွန်တော်မူသွားခဲ့ပါတယ်။ 

ဘုန်းတော်ကြီးဂျိုးဇက်ငေါ်ရီးရမန်ဟာ နာဂလူမျိုးထဲမှ ပထမဦးဆုံးသော ကက်သလစ်ရဟန်းတစ်ပါး ဖြစ်ပါတယ်။ သူ့အား ၁၉၆၂ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာတော့ ရဟန်းတို့တတ်အပ်သော ပညာများကိုလေ့လာဆည်းပူးပြီး ရဟန်းသိက္ခာခံယူခဲ့ပါတယ်။ ၂၀၁၃၊ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ခရစ်တော်၌အိပ်စက်အနားယူ ပျံလွန်တော်မူသွားခဲ့ပါတယ်။ သူပျံလွန်တော်မူချိန်၌ ရဟန်းဝါတော် ၂၀ ရှိနေပြီဖြစ်ပါတယ်။ 

ဘုန်းတော်ကြီးဂျိုးဇက်ငေါ်ရီးရမန်၏ ဈာပနအခမ်းအနားကိုတော့ ၂၀၁၃၊ ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၏ကက်သီဒြယ်ဖြစ်သည့် စိန်ကိုလန်ဘန်ဘုရားကျောင်းကြီးတွင် ပြုလုပ်သွားမည်ဟု သိရှိရပါတယ်။ စိန်ကိုလန်ဘန်ကက်သီဒြယ်မှ သူ၏ရုပ်ကလာပ်အား ရာဒါကောင်းသဂျိင်္ုင်းသို့ ပို့ဆောင်သင်္ဂြိုလ်မည်ဖြစ်ပါတယ်။ 
ရပ်ဝေးမှ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများ၊ သိုးစုများသိစေခြင်းငှာ ထပ်ဆင့်သတင်းပါးအပ်ပါတယ်။
ကျန်ရစ်သူမိသားစုနှင့်တကွ၊ မြစ်ကြီးနားသာသနာအတွက်ပါ ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်။ 
ဘုန်းတော်ကြီးဂျိုးဇက်ငေါ်ရီးရမန်၏၀ိညာဉ်သည် ဘုရားသခင်၏ရင်ခွင်တော်၌ အနားယူနိုင်ပါစေသော်။ အာမင်။

မနောအောင်

ပုပ်ရဟန်းမင်းကြီးဖရန်စစ် ငြိမ်းချမ်းရေးနိုဗယ်ဆုနှင့် သင့်လျော်ကြောင်း အာဂျင်တီးနားညီလာခံ ထောက်ခံအတည်ပြု


အာဂျင်တီးနားပြည်သူ့လွတ်တော်မှ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်အား ဆီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်မှု့များအဆုံးသပ်ဖို့ရန် သူ၏ကြိုးစားမှု့အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုဖြင့်ထိုက်တန်ကြောင်း အဆိုပြုတင်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ထိုအဆိုပြုချက်တင်သွင်းဖို့ရာ လွတ်တော်ကိုယ်စားလှယ်အများစု သဘောတူညီမှု့ရခဲ့ပြီး ယခု ဆီးနိတ်လွတ်တော်သို့ အတည်ပြုပေးဖို့ တင်သွင်းသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် အိုစကာမာတီနက်ဇ်က ပုပ်ရဟန်းမင်းကြီးဟာ “အခုနှစ် တစ်လျှောက်လုံးမှာ ဆီးရီးယားပိပက္ခ၌ သူ၏ရှင်းလင်းပြတ်သားသည့် ရပ်တည်ချက်နှင့်အတူ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးအား ထိန်းသိမ်းထားနိုင်သည့်ပုဂ္ဂိုလ်” ဟုဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်ခံရချိန်မှစ၍ ဆီးရီးယားငြိမ်းချမ်းရေးအတွက် အစဉ်တစိုက် ထပ်ခါတလဲလဲ ခေါ်နေခဲ့သူပါ။ G20 ထိပ်သီးအစည်းဝေးပြုလုပ်ရာ၌လည်း ရုရှားသမ္မတပုတင်ထံသို့ စာရေးကာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းဖြင့် ပူးပေါင်းကာ ဆီးရီးယားတွင် အကြမ်းဖက်မှု့များ အဆုံးသပ်စေဖို့ ပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ရာတွင်လည်း မည်သည့်စစ်တပ်၏ကြားဝင် ဖျန်ဖြေပေးမှု့ကိုမဆို ငြင်းဆန်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆန္ဒပြမှု့များဖြစ်ပေါ်သည့်နှစ် ၂၀၁၁မှစ၍ သမ္မတအဆပ်ဒ်နှင့် ဘာအဒ်ပါတီတို့အား ဆန္ဒပြလာရာ ယခုဆိုလျှင်ဆီးရီးယားပိပက္ခများဟာ  တရွတ်တိုက်ဖြစ်နေတာ နှစ်နှစ် ငါးလရှိနေပါပြီ။ ဆန္ဒပြသူများအား စစ်တပ်သုံး၍ စတင်ဖြိုခွဲရာမှ ပြည်တွင်းစစ်အသွင်သို့ပြောင်းလဲခဲ့သော ထိုပိပက္ခဟာ အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့ပြီး ဆီးရီးယားဒုက္ခသည်များ အနည်းဆုံး ၂.၂ သန်းဟာ နီးစပ်ရာနိုင်ငံတွေမှာ ခိုလှုံနေရပါတယ်။ အထူးသဖြင့် လဘနွန်၊ ဂျော်ဒန်နှင့် တာကီတို့မှာ ခိုလှုံနေကြရပါတယ်။ ထို့အပြင် ပြည်တွင်းမှ ပြည်သူ ၆.၅သန်းဟာလည်း နေရာအတည်တကျမရှိဘဲ ပြေးလွှားနေကြရပါတယ်။

စီရင်ခံချက်များအရ ထိုပိပက္ခအတွင်း ဓါတုလက်နက်များ အသုံးပြုခဲ့၍ ပြည်သူ ၁၄၀၀ ထက်မနဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။ စက်တင်ဘာလ (၇) ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးမှ ထိုပိပက္ခနှင့် ဒုက္ခသည်များအတွက် ခြိုးခြံခြင်းနှင့်ဆုတောင်းခြင်းနေ့အဖြစ် သတ်မှတ်ခဲ့ပြီး တကမ္ဘာလုံးကို လှုံ့ဆော်ခဲ့ပါတယ်။


ထိုနောက် စစ်ကြောင်းတိုက်ခိုက်မှု့များမပါဝင်ဘဲ ဓါတုလက်နက်များ ဖျက်သိမ်းဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

မနောအောင်

Saturday, 30 November 2013

အာဝင်ဒူးလ်ပထမတနင်္ဂနွေနေ့

သင်တို့သည်လည်း အသင့်ရှိကြလော့။

ခရစ်တော်၏မွေးနေ့ပွဲတော် (သို့) ခရစ္စမတ်ပွဲတော်အား ကျင်းပကြဖို့အတွက် ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ နည်းမျိုးစုံဖြင့် ပြင်ဆင်နေကြတာကို သတိထားမိကြမှာပါ။ စီးပွားရေးသမားတွေကလည်း သူတို့စီးပွားတက်ဖို့ ခရစ္စမတ်အလှဆင်ယင်မှု့တွေနဲ့ ဆွဲဆောင်နေကြသလို၊ အရောင်းစင်တာများမှာလည်း ဆောင်း၏ရနံ့၊ ခရစ္စမတ်၏အလှဆင်ယင်မှု့တွေနဲ့ ရောင်းအားသွက်အောင် ဆွဲဆောင်နေကြပြီ။ တချို့နေရာ - ကမ္ဘာ့လှည့်ခရီးသည်များ၊ အပမ်းဖြေပန်းခြံများနှင့် မြို့ဗဟိုရ်စင်တာတွေမှာ ခရစ္စမတ်အလှတွေ ဆင်နေကြပါပြီ။ ခရစ္စမတ်ကယ်ရယ်သီချင်းများ ရေးကြစပ်ကြနဲ့ ခွေအသစ်တွေထုတ်ကြတာလည်း တွေ့ရမှာပါ။ ဒါတွေဟာ လောကသားတို့ရဲ့ ခရစ္စမတ်အတွက်ပြင်ဆင်ခြင်းများပါ။

ထို့အတူ ကျွန်ုပ်တို့တတွေဟာ ခရစ္စမတ်ပွဲတော်ကို သိကြလျှင် ခရစ်တော်၏ကြွလာခြင်းကို သတိရကြဖို့ လိုအပ်ပါတယ်။ ထိုကြောင့် အသင်းတော်အနေဖြင့် ခရစ်တော်၏ကြွလာခြင်းကို ပြင်ဆင်ကြဖို့ - ပွဲတော်အတွက်သာ မဟုတ်ဘဲ ၀ိညာဉ်ရေးရာ၌ပါ ပြင်ဆင်ကြဖို့ အာဝင်ဒူးလ်ကာလဆိုပြီး ရက်သတ္တပတ် လေးပတ်ကို အသင်းတော်၏၀တ်ပြုကိုးကွယ်ရာပြကဒိန်ထဲမှာ ထည့်သွင်းထားပါတယ်။

တကယ်တော့ အာဝင်ဒူးလ်ဆိုတာ အချိန်ကာလကို ထောက်ပြသတိပေးနေတဲ့ကာလပင် ဖြစ်ပါတယ်။ သခင်ခရစ်တော်မိန့်ဆိုကတိပေးခဲ့သော ဒုတိယမြောက်ကြွလာခြင်းနှင့်စပ်လျဉ်း၍ သတိပေးထောက်ပြနေသည့် အချိန်ကာလပင်ဖြစ်ပါတယ်။ သို့သော်လည်း အခုအာဝင်ဒူးလ်ကာလအားဖြင့် အသင်းတော်က အတိတ်၊ ပစ္စုပန်နှင့် အနာဂတ် စသည့် ကာလသုံးပိုင်းလုံးကို ခြုံငုံကျင်းပပါတယ်။ တနည်းအားဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ကျော်၌ ဘုရား၏သားတော်ဟာ အမှန်စင်စစ် လူ့အဖြစ်ကိုယူတော်မူ၍ ကညာစင်မှမွေးဖွားခြင်းခံသော အတိတ်၏ဖြစ်ရပ်မှန်အား အောက်မေ့သတိရပါတယ်။ ထိုနောက် နေ့စဉ်ကျွန်ုပ်တို့နှင့်အတူ ထိုဘုရား၏ သားတော်အမှန်တကယ်ရှိနေပြီး ကျွန်ုပ်တို့အား ၀ိညာဉ်တော်တန်ခိုးဖြင့် အစဉ်လမ်းညွှန်နေခြင်းကိုလည်း သက်သေခံရင်းကျင်းပပါတယ်။ ထိုနောက် အနာဂတ်ကာလ၌ ထာဝရဘုရားသခင်၏ သားတော် ဒုတိယမြောက်ကြွလာမည့်အချိန်ကာလအတွက် ပြင်ဆင်ထားကြဖို့ တိုက်တွန်းကျင်းပပါတယ်။ ထိုကြောင့် ဒီအာဝင်ဒူးလ်ကာလ၌ မက်စီးယားဟူသော စကားလုံးဟာ ကျွန်ုပ်တို့နားထဲမှာ အစဉ်ပဲ့တင်ထပ်နေအောင် ကြားရပါလိမ့်မယ်။

ယနေ့ဖတ်ရှု့ရမည့် ဧ၀ံဂေလိတရားတော်တွင် ခရစ်တော်က ကျွန်ုပ်တို့အား သတိနှင့်စောင့်ဆိုင်းနေကြဖို့ မှာကြားထားခဲ့သည့် သတင်းကောင်းပင်ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့အား အချိန်နာရီကိုတော့ သူမပြောခဲ့ပါဘူး။ သူပြောဆိုခဲ့သည်က သူခိုးလာမည့်အချိန်ကို အိမ်ရှင်သိပါလျှင် မိမိအိမ်ကို မဖောက်ထွင်းစေရန် ဧကန်မုချစောင့်နေမည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့။ ထိုကြောင့် သင်တို့သည်လည်း အသင့်ရှိနေကြလော့။ ကယ်တင်ခြင်းနှင့်ပတ်သက်လျှင် ကျွန်ုပ်တို့တတွေရဲ့ စိတ်ဟာ အစဉ်နိုးကြားနေသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုကယ်တင်ခြင်းသည်သာလျှင် ကျွန်ုပ်တို့ဘ၀မှာ အလိုလားအပ်ဆုံးရတနာဖြစ်နေလို့ပါ။ သို့သော်လည်း ထိုရတနာကို ရဖို့အတွက်တော့ ပင်ကိုယ်နိုးကြားနေသည့် စိတ်ရှိနေရပါလိမ့်မယ်။ သူခိုးလာသည့်အချိန်ကိုသိ၍ စောင့်နေရုံဟာ ကျွန်ုပ်တို့ရဲ့ ပင်ကိုယ်နိုးကြားနေသည့်စိတ်မဟုတ်ပါဘူး။ ဤသည်ပင် ခရစ်တော်၏ပစ်မှတ်ပင် ဖြစ်ပါလိမ့်မယ်။ ထိုကြောင့် ခရစ်တော်ပြောသည့် “အသင့်ရှိကြလော့” ဆိုသည်မှာ တခဏတာမဟုတ်ဘဲ နေ့စဉ်ရှင်သန်သည့် ဘ၀တလျှောက်လုံး အသင့်ရှိနေဖို့ကို ဆိုလိုပါတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း ထိုအချိန်ကာလအတွက် အသင့်ရှိနေကြပြီလား စဉ်းစားထောက်ရှု့သင့်ပါတယ်။ သင်နှင့်ကျွန်ုပ်ဟာ ခဏတာအတွက်သာ အသင့်ရှိနေကြသလား၊ ဒါမှမဟုတ် နေ့စဉ်ဘ၀ဖြင့်ရင်းကာ နေ့တိုင်း အသင့်ရှိနေကြပါသလား။ အသင့်ရှိနေသည့်အနေထားဖြင့် နေ့စဉ်ဘ၀မှာ ရှင်သန်သည့်အခါ သေချာတာတော့ ကျွန်ုပ်တို့တတွေဟာ အကြောက်တရားရှိနေမှာမဟုတ်သလို၊ စိုးရိမ်ပူပန်ခြင်းလည်း ရှိနေမှာမဟုတ်ပါဘူး။ ထိုကြောင့် ကျွန်ုပ်တို့တတွေရဲ့ နှလုံးသားထဲမှာ ခရစ်တော်၏တရားတော်များကို ရတနာများကဲ့သို့ တန်ဖိုးထား ကျင့်ကြံရင်း နေ့စဉ်ဘ၀အသက်တာမှာ ရိုးရိုးကျင့် မြင့်မြင့်ကြံကာ မက်စီးယားရှင်၏ ကြွလာခြင်းကို အသင့်အနေထားဖြင့် ကြိုဆိုနိုင်ဖို့ ကြိုးစားသွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)



Wednesday, 27 November 2013

မြန်မာပြည် ကက်သလစ်ခရစ်ယာန်သာသနာ၏ နှစ် ၅၀၀ ခရီးစဉ်အား ပြန်ကြည့်မိသော်

လွန်ခဲ့သည့် နှစ်ရက်လောက်က ကျွန်တော့်ဆီရောက်လာတဲ့ အီးမေးလ်တော်တော်များများထဲမှာ ကျွန်တော့်အာရုံတွေကို ဆွဲယူဖမ်းစားလိုက်သည့် မေးလ်တစ်ဆောင်ကို ကျွန်တော်တွေ့မိလိုက်တယ်။ ဒါနဲ့ အခြားမေးလ်တွေကိုကျော်ပြီး အဲဒီမေးလ်ကိုသာ ကျွန်တော်ဖွင့်ကြည့်လိုက်ပါတော့တယ်။ မေးလ်ကို ဖွင့်ကြည့်လိုက်မှ တွေ့လိုက်ရသည့်အကြောင်းအရာက စိတ်ဝင်စားစရာကောင်းတာထက်ကို ဂုဏ်ယူစရာကောင်းပြီး နှလုံးသားကို ပီတီဝေစေပါတော့တယ်။ ထိုအကြောင်းအရာက မြန်မာပြည်သို့ ကက်သလစ်သာသနာတော်ရောက်ရှိခြင်း နှစ် ၅၀၀ ဂျူဗလီနှစ်ကို ယခုနှစ် ၂၀၁၃ နိုဝင်ဘာလ ၂၃ ရက်နေ့မှ စတင်ဖွင့်လစ်ကြောင်း မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဗဟိုရ်ကော်မတီအဖွဲ့ဝင် ဆရာတော်ကြီးများက ကြေငြာလိုက်ခြင်းပင် ဖြစ်ပါတယ်။ ထိုမေးလ်ကို ဖတ်နေရင်းပဲ ကျွန်တော့်အတွေးတွေဟာ ကိုယ်တိုင်သတိမထားလိုက်ချိန်မှာပင် သမိုင်းကြောင်းထဲသို့ အလိုလိုရောက်ကုန်ပြီ။

နှစ်ငါးရာဂျူဗလီဆိုတော့ နောက်ကြောင်းပြန်ရမည်ဆိုလျှင် ၁၅၁၀ခုနှစ် ၀န်းကျင်ကအဖြစ်ပျက်တွေကစပြီး ပြန်ကြည့်ရမှာပေါ့ဗျာ။ ဒါပေမယ့်လည်း ကျွန်တော့်အာရုံကို ဖမ်းစားသည့်အရာ နောက်တစ်ခုက ၁၂၈၇ ခုနှစ်ဝန်းကျင်က ပုဂံမြို့တော်၏နေရာအချို့မှာတွေ့ရှိရသည့် ဖရက်စကိုကားတိုင်တော်များ၊ လာတင်ဘာသာ၊ နှင့် ဂရိဘာသာစကားတို့ဖြင့် ရေးသားထားသည့် စာလုံးများပင် ဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းရှင်တွေက မြန်မာပြည်ခရစ်ယာန်သာသနာကို ၁၂၈၇ ခုနှစ်ကပင် စတင်သည်ဟု သုံးသပ်ကြပါတယ်။ သို့ပေမယ့်လည်း ဒီသမိုင်းဟာ အတိတ်ရဲ့တထောင့်တနေရာမှာ ပြတ်ကျကျန်ရစ်ခဲ့ပါပြီ။
အခုတော့ တကယ့်ကိုထွန်းတောက်လာခဲ့သည့် သမိုင်းတစ်ခုကို ၁၅၁၀ခုနှစ်ဝန်းကျင်နှင့် ဆက်စပ်ပြီး ပုံရိပ်တွေ ပုံရိပ်တွေကို စုစည်းလိုက်ဦးမယ်။ 

၁၅ရာစုအတွင်း ပေါ်တူဂီလူမျိုးတွေရဲ့ ရေကြောင်းလမ်းစူးစမ်းရှာဖွေခြင်းများ အောင်မြင်လာခဲ့သည်နှင့် ဆက်စပ်ကာ အနောက်အိန္ဒယရှိ ဂိုးအာကျွန်းပေါ်မှာ ၁၅၁၀ခုနှစ်တွင် ပေါ်တူဂီ ကုန်သည်များသည် ပင်လယ်ဆိပ်ကမ်းတည်ထောင်ကာ မြန်မာပြည်ဘက်သို့လည်း ပဲခူးဘုရင်နှင့်မိတ်ဆွေဖွဲ့ကာ စတင်ရောက်ရှိလာခဲ့ကြတယ်။ ပေါ်တူဂီကုန်သည်များ ရောက်ဖြစ်ခဲ့သည့် မြန်မာပြည်နေရာအချို့မှာ မြိတ်၊ ထားဝယ်၊ သံလျင်၊ နှင့်စစ်တွေမြို့များ ဖြစ်ကြသည်ဟု သမိုင်း၌တွေ့ရပါတယ်။ ထိုပေါ်တူဂီ ကုန်သည်ကြီးများနှင့်အတူ ၎င်းတို့၏၀ိညာဉ်ရေးလမ်းညွှန်များအဖြစ် ကက်သလစ်ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီးများလည်း လိုက်ပါလာခဲ့ကြတယ်။

သမိုင်းစာမျက်နှာရဲ့ ၁၅၅၆ခုနှစ်မှာတော့ ဘုရင့်နောင်မင်းအား ခစားနေကြသည့် ပေါ်တူဂီစစ်သားများ တစ်ထောင်ရှိသည်ဟု သိရတယ်။ ထို့အပြင် အနောက်ဘက်လွန်မင်း၏ သမိုင်းစာမျက်နှာမှာတော့ နိုင်ငံငယ်လေးများကို စတင်စုစည်းချိန် ပေါ်တူဂီစစ်သားများ ငါးထောင် မင်းမှု့ထမ်းနေပြီး သူတို့အား ကိုယ်ပိုင်ဝတ်ပြုကိုးကွယ်နိုင်ရန် ဘုရားကျောင်းတစ်ကျောင်းပင် ဆောက်ခွင့်ပြုထားကြောင်း တွေ့မိပါတယ်။ ဒီလိုနဲ့ သြဂက်စတင်းဂိုဏ်းဝင် ဘုန်းတော်ကြီး ဆာဗတ်စတီးယမ်းဟာ ရခိုင်ပြည်နယ်၌၎င်း၊ စစ်တွေနှင့် မုတ္တမမှာလည်း အခြားသြဂက်စတင်းဂိုဏ်းဝင်ဘုန်းတော်ကြီးများရှိနေကြပြီး၊ ပဲခူးမှာတော့ ဖရန်စစ္စကန်နှင့် ဒိုမီနီကန်အသင်းဂိုဏ်းဝင်ဘုန်းတော်ကြီးများ၊ တက်တင်းစ်အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီးအချို့လည်း ရခိုင်နှင့် ပဲခူးမှာရှိနေကြကြောင်း ၁၇ ရာစုသမိုင်းက ဖော်ပြထားပြန်တယ်။

သမိုင်းတဆစ်ချိုးတာက ဘားနဘိုက်အသင်းဂိုဏ်းဝင် သာသနာပြုကြီးများပေါ့။ တရုတ်ပြည်ကြီးကို သာသနာပြုဖို့ ပုပ်ရဟန်းမင်းကြီးကလေးမင်း (၁၁)က စေလွှတ်ရာလမ်းမှာ မြန်မာပြည်ကို သူတို့ဝင်ရောက်လာခဲ့ကြတယ်။ အချိန်ကာလဖြင့်ပြောရရင်တော့ ၁၇၁၉ခုနှစ်ပါ။ မြန်မာပြည်မှာ တမန်တော်ဆိုင်ရာသာသနာငယ်အဖြစ် တည်ထောင်ကာ ဘုန်းတော်ကြီး ဂါလီဇီယားအား မြန်မာနိုင်ငံ သာသနာငယ်၏ ပထမဆုံး ကိုယ်စားလှယ်တော်အဖြစ် ခန့်အပ်ခဲ့တယ်။ ဘားနဘိုက်အသင်းဂိုဏ်းဝင် သာသနာပြုများဟာ ၁၇၄၃ခုနှစ်မှာ ပထမအုပ်စုအဖြစ်လည်းကောင်း၊ ၁၇၅၄ခုနှစ်မှာ ဒုတိယ အုပ်စုအဖြစ်လည်ကောင်း၊ ၁၇၆၀ခုနှစ်မှာ တတိယအုပ်စုအဖြစ်လည်းကောင်း၊ ၁၇၆၇ခုနှစ်မှာ စတုတ္ထ အုပ်စုအဖြစ်လည်းကောင်း ခရစ်တော်၏သတင်းကောင်းမျိုးစေ့ ကြဲဖို့၊ ပျိုးထောင်ဖို့အတွက် စိတ်အားထက်သန်စွာ ရောက်ရှိလာခဲ့ကြတယ်။ ဆရာတော် မွန်တေဂါဇာဟာ အင်းဝဆရာတော်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

သမိုင်းကို နောက်တဆစ်ချိုးသူများကတော့ သြဘလိပ်အသင်းဂိုဏ်းဝင် သာသနာပြုကြီးများပင် ဖြစ်ပါလိမ့်မယ်။ ယခင် ဘားနဘိုက်တို့အစား မြန်မာပြည်ကို ၁၈၃၀ခုနှစ်တွင် ရောက်ရှိလာပြီး အင်းဝဒေသရှိ ယုံကြည်ခြင်းကို ပြန်လည်အသက်သွင်းပေးခဲ့ကြပါတယ်။ အင်းဝဒေသတွင် ရှေးဟောင်းကက်သလစ်ရွာကြီးများ (သို့) ဘုရင်ဂျီရွာကြီးများဖြစ်ကြသည့် မုံလှ၊ ချမ်းသာရွာ၊ ချောင်းဦး၊ ချောင်းရိုး၊ အမရာပူရ၊ နဘက်ရွာကြီးများဟာ ၎င်းသာသနာပြုကြီးများ၏ အနီးကပ်လမ်းညွှန်မှု့ကို ရယူနိုင်ခဲ့ကြပါတယ်။ မြန်မာတိုင်းရင်းသားများထဲမှ ပထမဆုံးကျောင်းသားအဖြစ် ငဦးအား Propaganda ကောလိပ်မှာ စာပေလေ့လာဆည်းပူးရန်အတွက် ဆရာတော်ကြီး ဖရက်ထရစ်က အီတလီသို့ခေါ်ဆောင်သွားခဲ့တယ်။ ထိုနောက် ငဦးဟာ ရဟန်းသိက္ခာခံယူ၍ ဘုန်းတော်ကြီးတစ်ပါးဖြစ်လာခဲ့ပါတယ်။ ဆရာတော် စေရတ္တီလက်ထက်တွင် စိန်ဂျိုးဇက်သီလှရှင်များကို မြန်မာပြည်သို့ခေါ်ဆောင်လာခဲ့ပါတယ်။

၁၈၅၂ခုနှစ် မြန်မာ-အင်္ဂလိုစစ်ပွဲစတင်တဲ့အခါ သြဘလိပ်သာသနာပြုကြီးများအတွက် အခက်ခဲများ ဖြစ်ပေါ်လာသောကြောင့် ဆရာတော် ဘာလ်မား၏ အစီစဉ်အရ မြန်မာပြည်သာသနာပြုခြင်းအား ပဲရစ်အဖွဲ့အစည်း၏နိုင်ငံခြားသာသနာပြုခြင်း အဖွဲ့အား အပ်နှံခဲ့ပါတော့တယ်။ ထိုကြောင့် မြန်မာပြည် သာသနာအတွက် သမိုင်းနောက်တဆစ်ချိုးကွေ့ရပေဦးမယ်။ ထိုသမိုင်းစာမျက်နှာမှာတော့ ဘာသာရေးဆိုင်ရာ၌သာမကဘဲ အသိပညာအတတ်ပညာတို့၌ပါ အစွမ်းထက်မြက်၍ သြဇာလွှမ်းမိုးမှု့ရှိသော ဆရာတော်ကြီး ပေါလ်ဘီဂါန်ဒက်ကို တွေ့မြင်ရပါဦးမယ်။ ဆရာတော်ကြီးဟာ မြန်မာပြည်အတွက် ဒာရီတစ်ပုဒ်တွင်ခဲ့သည်အထိ လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ထိုခေတ်ကာလမှာပင် မြန်မာပြည်၌ ရန်ကုန်သာသနာ၊ မန္တလေးသာသနာနှင့် တောင်ငူသာသနာတို့တည်ထောင်ပြီးခဲ့ပါတယ်။
၁၉၃၉ -၁၉၄၅ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဒုတိယကမ္ဘာစစ်ကြီးဟာ မြန်မာပြည်ကိုလည်း မျက်နှာသာမပေးခဲ့ပါ။ ကြီးမားသည့်ပျက်စီးခြင်းများကို သယ်ဆောင်လာခဲ့၍ ဘုရားကျောင်းကြီးများ ဗုံးဒဏ်နှင့်အတူ ပျက်စီးခဲ့ရတယ်။ နိုင်ငံခြားသားဘုန်းတော်ကြီးများကို နိုင်ငံမှနှင်ထုတ်ထွက်ပြေးစေခဲ့တယ်။ လူပေါင်းများစွာဟာ ဝေးရပ်အရာတွေဆီ ပြေးလွှားတိမ်းရှောင်နေခဲ့ရတယ်။ အဲဒီမှာ ဘုန်းတော်ကြီးများ၊ သီလှရှင်စစ္စတာများနှင့် လူပေါင်းများစွာဟာ ရက်စက်စွာအသတ်ခံခဲ့ကြရတယ်။ ၁၉၄၅ခုနှစ်၊ ကမ္ဘာစစ်ကြီး ချုပ်ငြိမ်းသွားခဲ့ပြီ။ သို့ပေမယ့်လည်း မြန်မာပြည်မှာတော့ ဘုရားကျောင်းကြီးများ ပြန်လည်ဆောက်တည်ဖို့၊ စာသင်ကျောင်းများ ပြန်လည်တည်ထောင်ဖို့၊ သာသနာနယ်များ ပြန်လည်တည်ထောင်ဖို့တော့ လုံးဝ ခက်ခဲသွားခဲ့လေပြီ။

ပြန်လည်ပြုပြင်မွမ်းမံကာလ၊ ၁၉၅၅ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး၏ကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော်ကြီးမာတင် (SVD) လက်အောက်၌ ရန်ကုန်ဂိုဏ်းချုပ်သာသနာနှင့် မန္တလေးဂိုဏ်းချုပ်သာသနာနယ်တို့ကို တည်ထောင်နိုင်ခဲ့ပြီး တောင်ငူ၊ ပုသိမ်နှင့် စစ်တွေတို့အား ရန်ကုန်ဂိုဏ်းချုပ်သာသနာ၏လက်အောက်တွင် ထားရှိခဲ့ပါတယ်။ ထိုနှစ်မတိုင်ခင် ၁၉၅၄ခုနှစ်တွင် ဘုန်းတော်ကြီး ဂျိုးဇက်ဦးဝင်းသည်လည်း ပထမဆုံးဒေသခံဆရာတော်အဖြစ် တင်မြှောက်ခံခဲ့ရပြီး မန္တလေးဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ထိုနောက် ၁၉၅၅ခုနှစ်မှာလည်း ပုသိမ်ဆရာတော်အဖြစ် ဘုန်းတော်ကြီး ဂျော့ခ်ဦးကျော်အား တင်မြှောက်ခံအပ်ခဲ့ပါတယ်။ ထိုအချိန်မှာပဲ စလေးရှင်းအသင်းဂိုဏ်းမှ ဘုန်းတော်ကြီးများလည်း ၁၉၃၉ ခုနှစ်ကတည်းက ရောက်ရှိနေပြီး မန္တလေးမြို့ရှိ စိန်ဂျိုးဇက်သာသနာနှင့် မိဘမဲ့ကျောင်းအား တာဝန်ယူခဲ့ကြပါတယ်။ တာဝန်ပေးအပ်ခံခဲ့ရသည့် ဘုန်းတော်ကြီးမှာ ဖာသာရ်လူးဝစ် လဖုန်းဖြစ်၍ သူ့အမည်အား အစွဲပြုကာ ယနေ့ထိုအရပ်ကို လဖုန်းရပ်၊ လဖုန်းကျောင်းဟု အမည်တွင်နေပြီ။ ထို့အပြင် စလေးရှင်းဘုန်းတော်ကြီးများသည် ရန်ကုန်သင်္ကန်းကျွန်းတွင်လည်း တမန်တော်လုပ်ငန်းများနှင့် ပညာရေးလှုပ်ရှားမှုများ ချဲ့ထွင်ခဲ့ကြပါတယ်။

၁၉၅၆ ခုနှစ်တွင် တနိုင်ငံလုံးဆိုင်ရာ ကိုယ်တော်မြတ်ညီလာခံကြီးနှင့်အတူ ဆရာတော်ကြီးပေါလ် ဘီဂန်ဒက်၏ ရောက်ရှိခြင်း နှစ် တစ်ရာပြည့်အထိမ်းမှတ်ကျင်းပချိန် အိန္ဒိယနိုင်ငံ ဘုံဘေဂိုဏ်းချုပ်ဆရာတော်ကြီး ဂါဆီးယပ်စ်သည် ကိုယ်တော်မြတ်ညီလာခံကြီးအတွက် ပုပ်ရဟန်းမင်း၏ကိုယ်စားလှယ်တော်ကြီးအဖြစ် ကြွရောက်ချီးမြှင့်ခဲ့ပြီး တချိန်တည်းမှာပင် မြန်မာပြည်၏ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ ဘာသာရေးအသင်းဂိုဏ်းဝင်များနှင့် လူများစွာတို့ရှေ့မှာပဲ ကက်သလစ်မေဂျာ ရဟန်းဖြစ်သင်ကျောင်းကြီးအား အုပ်မြစ်ချခဲ့ပါတယ်။ ထိုနောက် အမေရိကမှ ဂျေးဇူးရစ်အသင်းဝင် စာချဘုန်းတော်ကြီးများ ရောက်ရှိလာ၍ တနိုင်ငံလုံးပေါင်းမှ ကျောင်းသား ၈ ဦးဖြစ် အတန်းများကိုစတင်ခဲ့ပါတော့တယ်။ ၁၉၆၁ ခုနှစ်တွင် တောင်ငူဂိုဏ်းအုပ်သာသနာကို တည်ထောင်ပြီး ဘုန်းတော်ကြီး ဆာဗတ်ဆီးယမ်း ဦးရွှေအား ၎င်း၏ဂိုဏ်းအုပ်သာသနာအဖြစ် တင်မြှောက်ခဲ့ပါတယ်။ ၁၉၅၆ခုနှစ်တွင်မူ ရန်ကုန်ဂိုဏ်းချုပ်သာသနာအတွက် လက်ထောက်ဆရာတော်အဖြစ် ဂါဗြီအဲလ် သိုဟေးမန်ဂါဘီအား တင်မြှောက်ခဲ့ပါတယ်။

၁၉၆၆ခုနှစ်မှာတော့ သမိုင်းစာမျက်နှာတစ်ခု ထင်းထင်းကြီးဖွင့်ရပေဦးမယ် ထင်ပါတယ်။ (ဇန်န၀ါရီ ၄၊ ၁၉၄၈) လွတ်လပ်ရေးမတိုင်ခင် မြန်မာပြည်တွင်းသို့ရောက်ရှိလာကြသည့် နိုင်ငံခြားသား သာသနာပြုများအားလုံးထဲမှ စာသင်ကျောင်းများအား တိုက်ရိုက်တာဝန်ယူမထားသူအားလုံး နိုင်ငံမှထွက်ပေးရပါတယ်။ ထိုအချိန်ကစပြီး လမ်းမလျှောက်တတ် လျှောက်တတ်အရွယ် ကလေးငယ်လို နုငယ်သေးသည့် ဒေသခံဘုန်းတော်ကြီးများနှင့် အသင်းဂိုဏ်းဝင်တို့ဟာ မြန်မာပြည်အသင်းတော်ကြီးကို ပုခုံးပြောင်းထမ်းယူရပါတော့တယ်။ ထိုအချိန်၌ မြန်မာပြည်တွင် ဂိုဏ်းချုပ်သာသနာကြီး နှစ်ခု၊ လက်အောက်ခံ ဂိုဏ်းအုပ်သာသနာ ခြောက်ခုရှိပြီး ရဟန်းတော် ၁၂၀ပါးနှင့် ကက်သလစ်ဘာသာဝင် သုံးသိန်းငါးသောင်းရှိသည်ဟု သိရပါတယ်။

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကျိုးစားလာခဲ့ရသော အသင်းတော်ငယ်လေးသည် တနေ့တခြားတိုးပွား တိုးတက်လာပြီး ဘုရားသခင်၏ကူညီစောင့်မမှု့တို့အောက်မှာ ၁၉၇၅ ခုနှစ်မှစပြီး ဒေသခံဘုန်းတော်ကြီးများ ဆရာတော်သိက္ခာတင်မြှောက်ခံရကာ ဒေသခံဆရာတော်ကြီးများ ပေါ်ထွန်းလာခဲ့ပါတယ်။ နေရောင်ချီ ထွန်းလင်းစပြုလာခဲ့ပါပြီ။ ဘုန်းတော်ကြီး မာတီးယပ်စ် ဦးရွှေသည် ၁၉၈၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် လက်ထောက်ဆရာတော်အဖြစ် တင်မြှောက်ခံခဲ့ပြီးနောက် ၁၉၉၀ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာတော့ ဆရာတော် ဂျေဘီ ဂိုဘာတို၏နေရာတွင် အစားထိုးလာခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၇ ရက်နေ့မှာတော့ သူဟာ ဂိုဏ်းချုပ်ဆရာတော်ကြီးအဖြစ် တင်မြှောက်ခံခဲ့ရပါတော့တယ်။

၁၉၈၅ခုနှစ်၊ ပြည်သာသနာမှာတော့ ဆရာတော်ဂရေဂေါ်ရီ တိုက်မောင်အား တမန်တော်ရေးရာစီမံခန့်ခွဲ ကြီးကြပ်သူအဖြစ် ခန့်အပ်ကာ ဆရာတော် ဂျိုးဇက် ဦးသောင်းရွှေကို ကူညီစေခဲ့ပါတယ်။ ထိုနှစ်ထဲမှာပဲ တောင်ငူသာသနာ၌ ဆရာတော် ဆာဗက်စီးယမ်းရွှေ၏နေရာအား ဆရာတော် အီဇက် Danu ဆက်ခံခဲ့ပြီး ပုသိမ်သာသနာ၌လည်း ဆရာတော် ဂျိုးဇက် Mahn Erie နေရာအား ဆရာတော် V. Sequeira က ဆက်ခံယူခဲ့ကြပါတယ်။ ၁၉၈၇ ခုနှစ်တွင် ဆရာတော်ယျေမွန် စောဖိုးရယ်သည်လည်း ရန်ကုန်ဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ၁၉၈၉ ခုနှစ်တွင် တော်ကြီးဂိုဏ်းအုပ်သာသနာမှ နောက်ထပ် ဂိုဏ်းအုပ်သာသနာတစ်ခုကို လွိုင်ကော်အမည်ခံဖြင့် မွေးဖွားပေးခဲ့ပြီး ဆရာတော် ဆိုတေးရိုဖာမောအား ၎င်း၏ပထမဆုံးဆရာတော်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ထိုနှစ်ထဲမှာပဲ ပုသိမ်သာသနာ၌ ဆရာတော် V. Sequeira နေရာမှာ ဆရာတော် ဂျွန်ဂါဗြီအဲလ် တက်လာခဲ့ပါတယ်။

၁၉၉၁ခုနှစ်မှာတော့ မန္တလေးဂိုဏ်းချုပ်သာသနာမှ ချင်းပြည်နယ်အတွက် ဟားခါးသာသနာဟူ၍  ဂိုဏ်းအုပ်သာသနာတစ်ခုကို ထပ်မံမွေးဖွားပေးခဲ့ပြီး ၎င်း၏ပထမဆုံးဆရာတော်အဖြစ် ဆရာတော် နီကောလပ်စ် မာန်းထန်အား ခန့်အပ်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာလည်း ရန်ကုန်ဂိုဏ်းချုပ်သာသနာမှ မော်လမြိုင်သာသာဟူ၍ နောက်ထပ်ဂိုဏ်းအုပ်သာသနာတစ်ခုကို မွေးဖွားပေးခဲ့ပြီး ၎င်း၏ပထမဆုံးဆရာတော်အဖြစ် ဆရာတော် ယျေမွန်စောဖိုးရယ်ကို လွှဲပြောင်းခန့်အပ်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ မြစ်ကြီးနားသာသနာတွင် ဆရာတော်ဖီးလစ် Lasap Za Hawng အား လက်ထောက်ဆရာတော်အဖြစ် တင်မြှောက်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ ဆရာတော်ချားလ် ဦးဘို (SDB)သည် ပုသိမ်သာသနာ၏ဆရာတော်ဖြစ်လာပြီး ဆရာတော် ဖီးလစ် Lasap Za Hawngသည် လာရှိုးသာသနာ၏ ဆရာတော်ဖြစ်လာခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်တွင် ကျိုင်းတုံသာသနာ၏ အကူဆရာတော်အဖြစ် ဘုန်းတော်ကြီး ပီတာလူးဝစ် ကာခူအား တင်မြှောက်ခဲ့ပြီးနောက် ဆရာတော် အာဗြရာဟံသန်းသည် ၎င်းသာသနာ၏ဆရာတော်အဖြစ် ၂၀၀၂ခုနှစ်မှာ ဆက်ခံခဲ့ပါတယ်။ ၂၀၀၁ခုနှစ်တွင် တောင်ကြီးသာသနာ၏ အကူဆရာတေတော်အဖြစ် ဆရာတော်ပီတာလှအား တင်မြှောက်ခဲ့ပြီး ၂၀၀၂ခုနှစ်တွင် မြစ်ကြီးနားသာသနာ၏ အကူဆရာတော်အဖြစ် ဆရာတော် ဖရန်စစ်ဒေါ့တန်အား တင်မြှောက်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ်မှာတော့ ပုသိမ်သာသနာ၏ အကူဆရာတော်အဖြစ် ဆရာတော် ဂျွန်မာန်ဆေးဟှီအား တင်မြှောက်ခဲ့ပါတယ်။

၂၀၀၅ ခုနှစ်တွင် တောင်ကြီးဂိုဏ်းချုပ်သာသနာမှ ဖယ်ခုံဂိုဏ်းအုပ်သာသနာတစ်ခုကို မွေးဖွားပေးခဲ့ပြီး ၎င်းသာသနာ၏ပထမဆုံးဆရာတော်အဖြစ် ဆရာတော်ပီတာလှအား တင်မြှောက်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တွင် ဟားခါးသာသနာ၏အကူဆရာတော်အဖြစ် ဘုန်းတော်ကြီး Felix Lian Khen Thang အား တင်မြှောက်ခဲ့ပါတယ်။ ထိုနှစ်တည်းမှာပဲ မြစ်ကြီးနားဂိုဏ်းအုပ်သာသနာမှ ဗန်မော်ဂိုဏ်းအုပ် သာသနာငယ်တစ်ခုကို ထပ်မံမွေးဖွားပေးခဲ့ပါတယ်။ ထိုနောက် ၎င်း၏ပထမဆုံးဆရာတော်အဖြစ် ဆရာတော် ယျေမွန်စွန်လပ်ဂန်အား တင်မြှောက်ခဲ့ပါတယ်။
ယခုလက်ရှိကာလတွင် မြန်မာပြည်ကက်သလစ်သာသနာ၌ ဂိုဏ်းချုပ်သာသနာကြီး သုံးခုနှင့် ဂိုဏ်းအုပ်သာသနာ ၁၁ ခုရှိနေပါပြီ။ ဆရာတော် ၁၅ ပါး၊ ဘုန်းတော်ကြီးနှင့် ဘာသာရေးအသင်းဂိုဏ်းဝင် ၃၃၃ပါး၊ ဘာသာရေးအသင်းဂိုဏ်းဝင်အမျိုးသမီးပေါင်း ၁၉၅၈ တို့ဖြင့် သခင်ခရစ်တော်၏ စပျစ်ဥယာဉ်တော်ကြီးများ မမောမပန်း ဆက်ကပ်လုပ်ဆောင်နေကြတာကို ရင်ထဲပီတိဝေစွာ တွေ့ရှိနိုင်ပါတယ်။

နှစ်ပေါင်း ၅၀၀အတွင်း မြန်မာပြည်အသင်းတော်မှာ အကြိမ်ကြိမ်လှဲကျသည့်တိုင်အောင် ဘုရားသခင်၏ စာင်မမှု့အောက်မှာ ခွန်အား၊ ဇွဲလုံလတို့ဖြင့် ရှေးဦးဘိုးဘေးတို့၏ ကြဲခဲ့သော ခရစ်တော်ပေးခဲ့သည့် ကောင်းကင်နိုင်ငံတော် သတင်းကောင်း - ယုံကြည်ခြင်းမျိုးစေ့ငယ်အား သာသနာပြုကြီးများအစဉ်အဆက် လက်ဆင့်ကမ်း ပုခုံးပြောင်းထမ်းယူပြီး ဤစပျစ်ဥယာဉ်ကြီးအား ထိန်းသိမ်းစောင့်ရှောက် လုပ်အားပေးရင်း ယနေ့ နှစ် ၅၀၀ပြည့်ဂျူဗလီနှစ်ကြီးအဖြစ် ထိုက်တန်စွာ ဂုဏ်ယူကျင်းပနိုင်ပါပြီ။ ဤဂျူဗလီနှစ်ကြီးအတွင်း ကျေးဇူးတော်ချီးမွမ်းခြင်း မစ္ဆားတရားတော်များ၊ ပြန်လည်သင့်မြတ်ခြင်း အခမ်းအနားများ၊ သာသနာ့သမိုင်းအကြောင်း ဟောပြောခြင်းနှင့် သမ္မာကျမ်းသာလေ့လာ ဝေမျှခြင်းများပြုလုပ်ကြရန်အတွက် မြန်မာပြည်ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှ တိုက်တွန်းနှိုးဆော်ထားပါတယ်။ ထိုမှတဆင့် နောက်ဂျူဗလီနှစ်များသို့ ဤအသင်းတော်ကြီးသည် ခွန်အားကျေးဇူးတော်များဖြင့် ချီတက်ပါဦးမယ်။ ဘုရားသခင်၏ နာမတော်အား နေရာအရပ်ရပ်၌ ချီးမွမ်းခြင်းရှိပါစေသေိာ။ အာမင်။


မနောအောင်