Tuesday, 13 August 2013

စင်္ကာပူရောက် မြန်မာကက်သလစ် မိသားစု (MCCS) ၏ နှစ်ရက်တာ ၀တ်စောင့်ပွဲ ကျင်းပခြင်း

စင်္ကာပူရောက် မြန်မာကက်သလစ် ဘာသာဝင်များဟာ ရုံးပိတ်ရက်ရှည်ကို အကျိုးရှိစွာ အသုံးချတဲ့ အနေဖြင့် သြဂုတ်လ (၁၀) ရက်နေ့နှင့် (၁၁) ရက်နေ့ (၂) ရက်တာ ၀တ်စောင့်ပွဲကို Immaculate Heart Of Mary ဘုရားကျောင်းမှာ အနှစ်သာရရှိရှိ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဒီဝတ်စောင့်ပွဲကို မန္တလေးသာသနာ ချောင်းရိုးအုပ်စု ကျောင်းထိုင်ဘုန်းတော်ကြီး Fr Augustine တင်ထွန်း နဲ့ St Gabrille Brother ဂိုဏ်းမှ Brother Dominic Yeo Koh တို့က အဓိက လမ်းညွှန် ပို့ချပေးခဲ့ကြပါတယ်။

ဒီနှစ်ဟာ ယုံကြည်ခြင်းနှစ်ဖြစ်တဲ့ အတွက် ယုံကြည်ခြင်းကို ပြန်လည် ဖော်ထုတ်ရင် လေးနက်စေဖို့ ရည်ရွယ်ပြီး Fr Augustine တင်ထွန်း က "ယုံကြည်ခြင်း" အကြောင်းကို ဝေမျှ ပို့ချပေးခဲ့ပါသည်။ Brother Dominic Yeo Koh မှလည်း ဒုတိယ ဗာတီကန်ရဲ့ စာတမ်းများနှင့် မယ်တော်မာရီယားအကြောင်းတို့ကို ယုံကြည်ခြင်းရဲ့ အမျိုးသမီး (Woman of Faith) အနေနဲ့ ဝေမျှ ပို့ချပေးခဲ့ကြပါတယ်။ ၀တ်စောင့်ပွဲ ပထမနေ့မှာ စိပ်ပုတီး အတူတကွ စိပ်ကာ ဆုတောင်းခြင်းနှင့် ကိုယ်တော်မြတ် အတူတကွ ဖူးမျှော်ခြင်းအစီအစဉ် တို့လည်း ပါဝင်ခဲ့ကြပါသည်။

 ဒုတိယနေ့တွင် ကမ္မဌါန်း ထောက်ရှုခြင်းနဲ့ စတင်ခဲ့ပြီး ဧည့်သည်ပို့ချပေးသူအဖြစ် စိန်ဂျိုးဇက် သီလရှင်ဂိုဏ်းမှ Provincial Superior ဖြစ်သူ Sr. Rita ကနေပြီး အမှန်တကယ် ခွန်အားဖြစ်စေတဲ့ "စစ်မှန်သော ခရစ်ယာန်များ၏ ၀ိညာဉ်ရေးရာ" အကြောင်းကို ဝေမျှခဲ့ပါသည်။ 

ယခု ၀တ်စောင့်ပွဲကို စင်္ကာပူရောက်ကက်သလစ် ဘာသာဝင် (၅၀) ခန့် အတူတကွ တတ်ရောက်ဝတ်စောင့်ခဲ့ပြီး ၀တ်စောင့်ပွဲ ဒုတိယနေ့ ညနေ(၃) နာရီတွင် မြန်မာ မစ္ဆားတရားနဲ့ အောင်မြင်စွာ အဆုံးသတ်ခဲ့ကြပါသည် ၀တ်စောင့်ပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ပါဝင် ကူညီပေးခဲ့ ကြသူများ အားလုံးကို စင်္ကာပူရောက် မြန်မာကက်သလစ် ခရစ်ယာန် မိသားစုမှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

စင်္ကာပူရောက် မြန်မာကက်သလစ်ခရစ်ယာန် မိသားစု

No comments:

Post a Comment