ပထမဗာတီကန်အစည်းဝေးပွဲကြီး၏ “ကက်သလစ်ယုံကြည်ခြင်းကို
ဝန်ခံခြင်း” အပေါ် စဉ်းစားထောက်ရှု့ရာ (၁)
ယုံကြည်ခြင်းကို ၀န်ခံခြင်း(ယုံကြည်ခြင်းအချုပ်)သည် အခြေခံကျသည့် ကက်သလစ် ယုံကြည်ခြင်း၏ အမှန်တရားများအား ကျွန်ုပ်တို့ ကက်သလစ် ဘာသာဝင်များ၏
မြဲမြံ ခိုင်မာသည့် ၀န်ခံချက်ပင် ဖြစ်ပြီး ထို့အပြင် တလောကလုံး၏ အမှန်တရား အပေါ် ပြန်လည် စဉ်းစား ထောက်ရှု့ခြင်းလည်း ဖြစ်ပါသည်။
ထို ယုံကြည်ရာအချုပ်နှင့် ပတ်သက်၍ ဆွေးနွေးတော့မည် ဆိုလျှင် ပထမဦးဆုံး အနေဖြင့် အသင်းတော်၏ သွန်သင်ချက် (CCC #26) အတိုင်း မိမိတို့ အနေဖြင့် မိမိတို့ ဘာကို ယုံကြည်ကြသလဲ ဆို ကိုယ့်ကိုယ်ကို ပြန်မေးဖို့ လိုလိမ့်မည်။
ယုံကြည်ခြင်း ဆိုသည်မှာ ကျွန်ုပ်တို့၏ ဘ၀ အဓိပ္ပာယ်ရှာရာ၌ ကျွန်ုပ်တို၏ နောက်ဆုံး ပန်းတိုင်ဖြစ်သည့် ဘုရားသခင်အား ပြန်လည် တုန့်ပြန်ခြင်း တစ်ခု
ဖြစ်သည်။ အသင်းတော်၏ သွန်သင်ချက် (CCC#27)အရ ၎င်းသည် ကျွန်ုပ်တို့၏ ဘ၀ အစနှင့် အဆုံးဖြစ်သည့်
ဘုရားသခင်အား ဆာလောင်သည့် စိတ်ဆန္ဒကြောင့် ဖြစ်ပြီး ကျွန်ုပ်တို့၏ ဘုရား၊ ချစ်ခြင်းမေတ္တာကို
ဆာလောင်သည့် ဆန္ဒကြောင့် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သောကြောင့်တည်း
(ယောဟန် ၁း၁)။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအချုပ်အား ဆက်လက် ထောက်ရှု့ကြည့်ကြပါစို့။
ကျွန်ုပ်သည် အန္တ တန်ခိုးတော်ရှင် ဘုရားသခင်၊
ကောင်းကင်နှင့် မြေကြီး၊ မြင်နိုင်ရာ မမြင်နိုင်ရာ အားလုံးကို ဖန်ဆင်းတော်မူသော ခမည်းတော် ဘုရားကို
ယုံကြည်ပါ၏။

သို့သော်လည်း
ကျမ်းစာတော်မြတ်နှင့် ဓလေ့ထုံးတမ်း အရ ဘုရားသခင်သည့် ကိုယ်သူ ဖော်ပြသည်ခြင်းနှင့် အထူး နည်းလမ်းဖြင့် သူ၏ ဆန္ဒအား ဖော်ပြခြင်းမှာ အထင်အရှားပင် ဖြစ်ပါသည်။ထိုကြောင့် တမန်တော်ကြီးများက ဤသို့ မိန့်ဆိုကြသည်- “လွန်လေပြီးသော ကာလ၌
ဘုရားသခင်သည် ငါတို့၏ ဘိုးဘေးတို့အား ပရောဖက်များမှ တဆင့် နည်းအမျိုးမျိုးဖြင့် ကြိမ်ဖန်များစွာ
ဗျာဒိတ် ပေးတော်မူခဲ့၏။ သို့ရာတွင် ဤနောက်ဆုံးသော ခေတ်ကာလ၌ ဘုရားသခင်သည် ငါတိုကို သားတော်အားဖြင့် ဗျာဒိတ် ပေးတော်မူ၏
(ဟေဗြေဦး ၁း၁-၂)”။ အမှန်ဆိုရသော် ဤ ဗျာဒိတ်တော်သည် ကျွန်ုပ်တို့ လူသားများ၏ စဉ်းစားဉာဏ်နှင့် ဟိုး အဝေးမှာ ရှိနေခြင်း မဟုတ်ပါ။
ထိုကြောင့် လူတိုင်းလူတိုင်း အခက်ခဲမရှိ သိရှိနိုင်ပါသည်။
ပထမ ဗာတီကန်
အခန်း(၃)တွင် ကျွန်ုပ်တို့၏ သဘော သဘာဝအား ဖန်ဆင်းခံ မဟုတ်သည့် အမှန်တရား၌ လုံးဝ ရှေ့ရှုးပြုသည့် သတ္တ၀ါအဖြစ် ရှင်းပြထားပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ အားလုံးသည် ကယ်တင်ခြင်း သမိုင်းအား ယုံကြည်၍ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်
ဘုရားသခင်အား သိဉာဏ်နှင့် ဆန္ဒ လုံးဝဥဿုံ
ချည်းကပ်ဖို့လိုပါသည်။ ဤ ယုံကြည်ခြင်းသည်လည်း အလွန် ထူးခြား နက်နဲသည့် ပါရမီတစ်ခုဖြစ်ပြီး
ဘုရားသခင်၏ ကျေးဇူးတော် ခွန်အားလည်း ပေါင်းစပ်၍ ကျွန်ုပ်တို့အား အကူအညီ ဖြစ်စေသည်။ ၎င်းအား
သာမာန် သဘာဝနည်းဖြင့် ကျွန်ုပ်တို့ စဉ်းစား၍ ရနိုင်မည် မဟုတ်ပါ။ လှည့်ဖြားခြင်း မရှိ၊ လှည့်ဖြား နိုင်စွမ်းမရှိသည့် ဘုရားသခင်သည် သာလျှင် သူ့ကိုယ်သူ ဖော်ပြ နိုင်ပါလိမ့်မည်။ သို့ပင်သော်လည်း ဘုရားသခင်သည်
သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား၏ အကူအညီဖြင့် ကျွန်ုပ်တို့၏ အသိဉာဏ်အားဖြင့် သူ့အား သိနိုင်ရန် အတွင်းပိုင်း ဆက်စပ်ထားလေသည်။ တန်ခိုး လက္ခဏာ ဖြစ်ပေါ်ခြင်း၊ပရောဖက် ဟောကြားချက်များ စသည့် အံ့ဖွယ်ရာများက ဘုရားသခင်၏ အနန္တတန်ခိုးနှင့်
အတိုင်းဆ မရှိသော ဉာဏ်ပညာတော်အား
မီးမောင်း ထိုးပြနေလေသည်။
ပထမ ဗာတီကန်
အခန်း(၄)တွင် ကျွန်ုပ်တို့၏ သဘာဝ စဉ်းစားဉာဏ်ဖြင့် သိနိုင်သည့် အရာများ ရှိသကဲ့သို့ ဘုရားသခင်၌ ကိန်းအောင်းနေသော အရာများလည်း ရှိကြောင်း
ကြွေးကြော် ခဲ့လေသည်။ ဘုရားသခင်၌ ကိန်းအောင်းနေသော အရာများမှာ ဘုရားသခင်မှ ထုတ်ဖော် ပြသခြင်း မရှိလျှင်
ကျွန်ုပ်တို့ တတွေအနေဖြင့် သိနိုင်စွမ်း မရှိပေ။
ကိုးကားချက်။
။Pope Paul VI, the Credo of the People
of God
။ Catechism of the Catholic
Church #34
(ကျန်သည့် ယုံကြည်ခြင်း အချုပ်များကိုလည်း
ထောက်ရှု့ သုံးသပ်ပါဦးမည်)
မနောအောင်
No comments:
Post a Comment